Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ ညနေခင်းသတင်း”

ဒီနေ့ (မတ်လ ၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်ကောင်စီပြည်ထဲရေးဒုဝန်ကြီးနဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးတို့ကို အီးယူပိတ်ဆို့အရေးယူ

ဥရောပကောင်စီဟာ မြန်မာ၊ ရုရှား၊ တောင်ဆူဒန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့မှ လူပုဂ္ဂိုလ် ကိုးဦးနဲ့ အဖွဲ့အစည်း သုံးခုကို ပိတ်ဆို့အရေးယူကြောင်း ကြေညာပါတယ်။ ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာအမျိုးသမီးများနဲ့ မိန်းကလေးများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သူတွေကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှု ပြုလုပ်မယ့် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းများ စာရင်းမှာ ထည့်သွင်းလိုက်တာပါ။ အီးယူရဲ့ အခုတကြိမ်အရေးယူမှုမှာ စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီနဲ့ စစ်ကြောရေးစင်တာများ စီမံခန့်ခွဲရေးတို့အတွက် တာဝန်ရှိတဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး တို့ပါဝင်ပါတယ်။

(အီးယူက အရေးယူပိတ်ဆို့သည့် ဗိုလ်ချုပ်တိုးရီအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(အီးယူက အရေးယူပိတ်ဆို့သည့် ဗိုလ်ချုပ်တိုးရီအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪︎စစ်ကောင်စီဝန်ထမ်းများ CDM ပြုလုပ်ဖို့ TNLA ပထမဆုံးထုတ်ပြန်

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်​ဒေသရှိ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ ဒီနေ့မှစလို့ CDM ပြုလုပ်ကြဖို့ TNLAက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း TNLA က Non-CDM များနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် တရားဝင် ကြေညာ ချက် ထုတ်ပြန် သတိပေးတာဖြစ်ပါတယ်။ ဒီနေ့မှစတင်ကာ သြဂုတ် ၈ ရက်အထိ ၆ လအတွင်း CDM ဝင်ကြရန် တိုက်တွန်းထားတာလို့ TNLA ပြောရေးဆိုခွင့်ရှိသူ ရုံးက ပြောပါတယ်။

(၂၀၂၂ ဒီဇင်ဘာလတွင် စစ်တပ်က ​လေ​ကြောင်းမှအပြင်းအထန်တိုက်ခိုက်ခဲ့​သော ကုန်းသာရွာအတွင်းသို့TNLA မှတာဝန်ရှိသူများလိုက်လံကြည့်ရှုပြီး ​​ဒေသခံများနှင့်​တွေ့ဆုံစဥ်။ ဓါတ်ပုံ-TNLA)
(၂၀၂၂ ဒီဇင်ဘာလတွင် စစ်တပ်က ​လေ​ကြောင်းမှအပြင်းအထန်တိုက်ခိုက်ခဲ့​သော ကုန်းသာရွာအတွင်းသို့TNLA မှတာဝန်ရှိသူများလိုက်လံကြည့်ရှုပြီး ​​ဒေသခံများနှင့်​တွေ့ဆုံစဥ်။ ဓါတ်ပုံ-TNLA)

▪︎ဖားကန့်ဆိုင်းတောင်တိုက်ပွဲ စစ်ကောင်စီတပ် ၈ ဦးသေဟု ဒေသခံပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၈ ဦးသေဆုံးခဲ့တယ်လို့ ဖားကန့်ဒေသခံက ပြောပါတယ်။ မတ်လ ၅ ရက် ညပိုင်းက ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်စွဲရာနေရာသို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ပါ တယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက် ၈ ဦးသေဆုံးတဲ့အပြင် အများအပြားဒဏ်ရာရခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။ မတ်လ ၆ ရက်ကလည်း ဆယ်ဇင်းဒေသ မှန်စိမ်းအရပ်မှာ KIA နဲ့ စစ်ကောင်စီ/ရှမ်းနီပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

(KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-The Newyourk Times)
(KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-The Newyourk Times)

▪︎အာဆီယံဒေသတွင်းဖိုရမ်သို့ စစ်ကောင်စီအား ဖိတ်ကြားထားမှုကို JFM ကန့်ကွက်

တရားမဝင် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်များကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနဲ့ အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှု တန်ပြန်ရေး အလုပ်ရုံဆွေးနွေးပွဲ(အာဆီယံဒေသတွင်း ဖိုရမ် ARF)သို့ တက်ရောက်ဖို့ ဖိတ်ကြားထားမှုကို Justice For Myanmar က ကန့်ကွက်လိုက်ပါတယ်။ အဲဒီ အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၂၃ မတ်လ ၈ မှ ၁၀ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ကျင်းပမှာဖြစ်ပြီး ဂျာမန်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ GIZ မှ ငွေကြေးပံ့ပိုးမှုနဲ့ ဥရောပသမဂ္ဂ၊ အင်ဒိုနီးရှားနဲ့ လာအိုတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာပါ။ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တွေကို အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့မှု တန်ပြန်ရေး အလုပ်ရုံဆွေးနွေးပွဲကို ARF က ဖိတ်ခေါ်တာဟာ အဓိပ္ပာယ်မရှိဘူးလို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

အာဆီယံဒေသတွင်းဖိုရမ်သို့ စစ်ကောင်စီအားဖိတ်ကြားထားမှုအ​ပေါ် JFM ကန့်ကွက်
အာဆီယံဒေသတွင်းဖိုရမ်သို့ စစ်ကောင်စီအားဖိတ်ကြားထားမှုအ​ပေါ် JFM ကန့်ကွက်

▪︎ဖားကန့်မှာ ပျူခေါင်းဆောင်အသတ်ခံရမှု ဒေသခံခုနစ်ဦးကို စစ်ကောင်စီဖမ်းဆီး

ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ကောင်စီသင်တန်းဆင်း ပျူစောထီးခေါင်းဆောင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံလိုက်ရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ ဒေသခံခုနစ်ဦးကို စစ်ကောင်စီက မတရား ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ ညပိုင်းက ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ရှု​ဒေါင်းသစ်လက်ဖက်ရည်ဆိုင်အတွင်းသို့ စစ်ကောင်စီတပ်က ဝင်ရောက်အကြမ်းဖက်ပြီး လက်ဖက်ရည်သောက်နေတဲ့ အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးသွားခဲ့တာပါ။ ဒီနေ့ မနက်အထိ ပြန်လွတ်မလာသေးသလို ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာကို မသိရသေးဘူးလို့ မှော်ဝမ်းရပ်ကွက်ဒေသခံတစ်ဦးက ပြောပါတယ်။

▪︎မုံရွာ – မန္တလေးလမ်းပိုင်း စစ်အုပ်စုကို နှစ်ရက်ဆက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းရှိ မြေနဲကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို နှစ်ရက်ဆက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိတယ်လို့ ဒေသတွင်း PDFအဖွဲ့များက ပြောပါတယ်။ မတ်လ ၆ ရက် ညပိုင်းက မုံရွာ – မန္တလေးလမ်းပိုင်း မြေနဲရွာအနီး စွမ်းရည်ထက်ဆီဆိုင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားများကို (၆၀) မမနဲ့ သုံးချက်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးတယ်လို့ မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Force ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ နေ့ခင်းကလည်း မိုင်းဆွဲတိုက်ခိုက်မှုမှာ ပျူ ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိတယ်လို့ Monywa Ninja Team အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

(MNPDF -မြစ်ငယ် တပ်ဖွဲ့ဝင်PDFများ။ဓါတ်ပုံ-MNPDF)
(MNPDF -မြစ်ငယ် တပ်ဖွဲ့ဝင်PDFများ။ဓါတ်ပုံ-MNPDF)

▪︎ဆားတောင်မြို့ရှိ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရှိ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး လက်နက်ကြီးတစ်လက်သိမ်းဆည်းနိုင်ခဲ့တယ်လို့ တိုက်နယ်စွန်PDFအဖွဲ့ တာဝန်ခံက ပြောပါတယ်။ မနေ့က စစ်ကောင်စီတပ်ကို (၈၀)မမ တစ်လုံးနဲ့ စတင်ပစ်ခတ်ခဲ့ကာ (၆၀) မမ လေးလုံး၊ (၈၀) မမ နှစ်လုံးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာ ရရှိတယ်လို့ တိုက်နယ်စွန်PDFအဖွဲ့ တာဝန်ခံက ပြောပါတယ်။

▪︎ဆင်ပေါင်ဝဲမှာ စစ်တပ်က ပြည်သူခြောက်ဦးကို ဓါးစာခံအဖြစ်ဖမ်းဆီး​

မကွေးတိုင် းအောင်လံခရိုင် ဆင်ပေါင်ဝဲမြို့နယ်မှာ စစ်ကောင်စီတပ်က အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားငါးဦးကို ဖမ်းဆီးပြီး ဓါးစာခံအဖြစ် အသုံးပြုကာ ပဲခူးရိုးမသို့ စစ်ကြောင်းထိုးဝင်ရောက်နေ တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ပြောပါတယ်။ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်းရှိ ဘန်ကုန်းကျေးရွာဘက်မှာ စစ်တပ်အင်အား (၇၀) ကျော်၊ ဓနှုံးမြောင်ကျေးရွာဘက်မှာ အင်အား (၄၀)ကျော်၊ ကျင်းအုပ်စု ငါးရံ့ချောင်ကျေးရွာဘက်မှာ အင်အား (၁၀၀)ကျော်နဲ့ ဂွေးထောက်စမ်းအုပ်စု ဝန်ကုန်းကျေးရွာဘက်မှာ အင်အား (၈၀)နဲ့ စစ်ကြောင်းလေးကြောင်းခွဲကာ ပဲခူးရိုးမတောင်ခြေဘက်သို့ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ ကချင်ပြည်နယ်တစ်​နေရာတွင်​၂၀၂၁ ခုနှစ်ကတွေ့ရစဥ်။ဓါတ်ပုံ-မြစ်ကြီးနားဂျာနယ်)
(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ ကချင်ပြည်နယ်တစ်​နေရာတွင်​၂၀၂၁ ခုနှစ်ကတွေ့ရစဥ်။ဓါတ်ပုံ-မြစ်ကြီးနားဂျာနယ်)

You May Also Like