Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကြာအင်းဆိပ်ကြီးတွင် အလင်းဝင်လာသည့် တပ်နှင့်ရဲများကို ကာကွယ်ရေးဝန်ကြီးဌာန ဂုဏ်ပြုလက်မှတ်များပေးအပ်

အခမ်းအနားသို့ ကြာအင်းဆိပ်ကြီးမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်၊ KNU/KNLA တပ်ရင်း(၁၇) ၊တပ်ခွဲ – ၂ မှ ဒုတိယတပ်ခွဲမှူး၊ နဂါးနီစစ်ကြောင်းမှူးနှင့် စစ်ကြောင်းတပ်ခွဲမှူးများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲဘော်များနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်။

(အလင်းဝင်လာသည့် တပ်နှင့်ရဲများကို ကာကွယ်ရေးဝန်ကြီးဌာန အသိအမှတ်ပြု လက်မှတ်များပေးအပ်နေစဥ်။ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း)
(အလင်းဝင်လာသည့် တပ်နှင့်ရဲများကို ကာကွယ်ရေးဝန်ကြီးဌာန အသိအမှတ်ပြု လက်မှတ်များပေးအပ်နေစဥ်။ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း အလင်းဝင်ရောက်လာကြသော သူရဲကောင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့သည့် အသိအမှတ်ပြု ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို စွန့်ခွာကာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ပြည်သူ့ရင်ခွင်ထံသို့ ခိုလှုံလာကြသော တပ်မတော်သား CDM သူရဲကောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် CDM သူရဲကောင်းများအတွက် အသိအမှတ်ပြု လက်မှတ်များကို ကြာအင်းဆိပ်ကြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တစ်ဆင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အခမ်းအနားသို့ ကြာအင်းဆိပ်ကြီးမြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်၊ KNU/KNLA တပ်ရင်း(၁၇) ၊တပ်ခွဲ – ၂ မှ ဒုတိယတပ်ခွဲမှူး၊ နဂါးနီစစ်ကြောင်းမှူးနှင့် စစ်ကြောင်းတပ်ခွဲမှူးများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲဘော်များနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်။

လက်နက်ကြီးလေကြောင်း ပစ်ခတ်ခြင်း၊ ဒေသခံများကို လူသားဒိုင်း ပြုလုပ်ခြင်းအပါအဝင် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်နေမှုကြောင့် CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သားသည် PDF ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်ပြီး စစ်ကောင်စီကို ပြန်လည်ခုခံတိုက်ပွဲဝင်နေကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေရပြီး CDMမပြုလုပ်နိုင်သေးသည့်သူများအနေဖြင့်လည်း ရောက်သည့်နေရာရှိသည့်နေရာမှ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နိုင်ရေးအတွက် ဖရဲသီးအဖြစ် သတင်းပေးပို့နိုင်ရန် သတင်းပေးပို့နိုင်မည့် လမ်းကြောင်းကို ဖွင့်လှစ်ထားကြောင်း အသိပေးထားသည်။

ထို့ပြင် မြေပြင်တွင် CDM ပြုလုပ်ကာ ပြည်သူလူထုထံသို့ အလင်းဝင်လာသူများကိုလည်း သက်ဆိုင်ရာ စစ်ဒေသအလိုက်တာဝန်ရှိသူများနှင့်ချိတ်ဆက်ကာကြိုဆိုနေပြီး ချီးမြှင့်ငွေများ ပေးအပ်သွားမည်ဟု ထုတ်ပြန်သည်။

ရန်သူ့စစ်တပ်၏ အကြမ်းဖက်မှူများ၊ တပ်တည်၊ တပ်လှုပ်သတင်းများ၊ အကြမ်းဖက်ထောက်တိုင်များ၏ သတင်းအချက်အလက်များကို Telegram – https://t.me/info2mod ၊ Email – info2mod@mod.nugmyanmar.org ၊ လေကြောင်းသတင်းပေးပို့ရန် Telegram – https://t.me/MASurveillance24 နှင့် ဖရဲသီးများ ဆက်သွယ် သတင်းပေးပို့ရန် Telegram – https://t.me/myanmarpeople၊ Facebook – https://www.facebook.com/PeoplesEmbrace သို့ ဆက်သွယ်ပေးပို့နိုင်ကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

အဆိုပါရဲတပ်သားသည် ခရိုင်တပ်ရင်းသို့ အလင်းဝင်ရောက်လာသည့် လေးဦးမြောက် ရဲတပ်သားဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက်က ဝင်ရောက်လာခြင်းဟု ၎င်းက ဆိုသည်။

သတင်း

ထန်တလန်အခြေစိုက် ခလရ (၂၆၉)တပ်မှ စစ်ကောင်စီတပ်သား နှစ်ဦးသည်လည်း လက်နက် ၂လက်၊ ကျည်၊ လက်ပစ်ဗုံး၊ ဗုံးသီးများနှင့်အတူ ဟားခါး CDFထံအလင်းဝင်လာကြောင်း ဟားခါး CDFက ဖေဖော်ဝါရီ ၂၀ရက်တွင် ထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီတပ်သားနှစ်ဦးသည် MA-3 သေနတ် ၂လက်၊ ကျည် ၆၇၄တောင့် ၊ ကျည်အိမ် ၉ခု၊ လက်ပစ်ဗုံး လေးလုံးနှင့် (၆၀)မမ ဗုံးသီး သုံးခုတို့ကို CDF-ဟားခါးထံ အပ်နှံခဲ့သည်။

သတင်း

KNLA ပူးပေါင်းတပ်နှင့် ဇရဲအခြေစိုက် ခမရ (၅၆၆)တပ်ရင်းမှ သက်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ဦး ဦးစီးသည့် ရန်သူ့တပ်သား အင်အား ၅၀ ခန့်နှင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်သည်။