Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်တွင် PDF စခန်းတစ်ခုစီးနင်းခံရပြီး ရွာပါမီးရှို့ခံရ

ကျောက်မှော်ရွာတွင် ယနေ့ညနေ ၃နာရီခန့်အထိ မီးလောင်ကျွမ်းနေပြီး စစ်ကောင်စီတပ်က ရွာအတွင်း တပ်စွဲထားဆဲဖြစ်ကြောင်း​ဒေသခံအချို့က​ပြောသည်။

(​ကျောက်​မော်ရွာမီး​လောင်​နေသည်ကို အ​ဝေးမှ​နွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(​ကျောက်​မော်ရွာမီး​လောင်​နေသည်ကို အ​ဝေးမှ​နွေ့ရစဥ်။ ဓါတ်ပုံ-CJ)

▪︎ကား၊ဆိုင်ကယ်နှင့်အ​ဆောက်အအုံအချို့ပျက်စီးခဲ့​သော်လည်းPDF များလွတ်​မြောက်​အောင်ဆုတ်ခွာနိုင်ခဲ့ဟုဆို

ထီးချိုင့်မြို့ ကျောက်မှော်ရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က ယနေ့(မတ်လ ၉ရက်)နံနက်အစောပိုင်းတွင် စီးနင်းတိုက်ခိုက်ပြီးနောက် အိမ်ခြေ ၆၀၀ ခန့်ရှိသော ကျောက်‌မှော်ရွာကို ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများကပြောသည်။

” မနက်က ၇ နာရီ ၄၅ မိနစ်လောက်မှာ စခန်းကိုဝင်စီးတယ်။ ပြီးတော့ အဲ့ဒီနေရာကနေ မီးစရှို့တာ ရွာထဲကအိမ် ကုန်သလောက်ပဲ” ဟု စစ်ဘေးရှောင်နေရသော ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စခန်းတစ်ခုကို အင်အားအများအပြားဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ် ခုနှစ်စီး၊ ကားတစ်စီးနှင့် စခန်းအဆောက်အဦးအချို့ ဆုံးရှုံးခဲ့​သော်လည်းPDF တပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်းထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏​ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

ကျောက်မှော်ရွာတွင် ယနေ့ညနေ ၃နာရီခန့်အထိ မီးလောင်ကျွမ်းနေပြီး စစ်ကောင်စီတပ်က ရွာအတွင်း တပ်စွဲထားဆဲဖြစ်ကြောင်း​ဒေသခံအချို့က​ပြောသည်။

You May Also Like

သတင်း

မိုင်းဆွဲတိုက်ခိုက်မူများတွင်အခင်းဖြစ်နေရာ၌ဗိုလ်တစ်ဦးနှင့်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကြောင်း၊ သေဆုံးတပ်သား ၅ ဦးအား ဆီမီးခုံမြို့ဘေးတွင် သင်္ဂြိုလ်သွားပြီး ဗိုလ်တစ်ဦးကိုမူ ကားဖြင့် သယ်သွားကြောင်း သိရသည်။

သတင်း

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးမှုကို ၂၀၂၂ နှစ် မိုးကုန်ပိုင်းတွင် နောက်ဆုံးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုနောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ်ပြန်လည် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု PDF Zoland တာဝန်ရှိသူကပြောသည်။

သတင်း

ကျောက်ထုမြို့နယ်ရွာတစ်ရွာတွင်ယမန်နေ့( မတ်လ ၆ ရက်) ညနေ ၃နာရီခန့်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ တိုက်ပွဲ ဖြစ်ပွားခဲ့စဥ်The Youth Force(​ဆောနှင့်​ကျောက်ထု) မှရဲဘော် ကိုဇင်ဖြိုးလွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။

သတင်း

တော်လှန်ရေးကာလတလျှောက် စစ်ရေးအရှိန် မြင့်တက်လာသည်နှင့်အမျှ စစ်အသုံးစရိတ်ကြပ်တည်းမှု ပြသနာများအား နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ပေါင်းစပ်ဖြေရှင်းနိုင်ရန် လိုအပ်နေသည်ဟုလည်း အထက်ပါတာဝန်ခံက ဆိုသည်။