Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ ညနေခင်းသတင်း”

ဒီနေ့ (မတ်လ ၉ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎အမေရိကန်ရဲ့ အကူအညီများရရှိရေး CRPH ဥက္ကဋ္ဌနဲ့ ကန်နိုင်ငံခြားရေးအတိုင်ပင်ခံတို့ တွေ့ဆုံဆွေးနွေး

အမေရိကန်ပြည်‌ထောင်စုရဲ့ အကူအညီများရရှိရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ Derek Chollet နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ််လို့ ဒီီနေ့သတင်းထုတ်ပြန်ပါတယ်။ ဝါရှင်တန်ဒီစီမြို့သို့ အလုပ်သဘောခရီးစဉ် သွားရောက်နေတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ဟာ အတိုင်ပင်ခံ Derek Chollet နဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုနဲ့ BURMA Act အကောင်အထည်ဖော်ဆောင်မှုအတွက် အမေရိကန်ပြည်‌ထောင်စုရဲ့ အကူအညီများရရှိရေး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။

(ဦးအောင်ကြည်ညွန့်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ Derek Chollet နှင့် တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - Derek Chollet's Twitter)
(ဦးအောင်ကြည်ညွန့်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ Derek Chollet နှင့် တွေ့ဆုံနေစဉ်။ ဓာတ်ပုံ – Derek Chollet’s Twitter)

▪︎စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ ပိုဆိုးတဲ့ပဋိပက္ခဆီဦးတည်နေလို့ အာဆီယံပါလီမန်အမတ်များအဖွဲ့-APHR ဆန့်ကျင်ကန့်ကွက်မည်

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ ပိုမိုဆိုးဝါးတဲ့ ပဋိပက္ခများဆီ ဦးတည်နေတာကြောင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) အဖွဲ့ဝင်များ အနေနဲ့ လုံးဝဆန့်ကျင် ကန့်ကွက်သွားမယ်လို့ဆုံးဖြတ်ခဲ့ကြောင်းသိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ မတ်လ ၃ ရက်မှ ၅ရက်အထိ ကျင်းပခဲ့တဲ့ APHRရဲ့ နှစ်ပတ်လည်ဖိုရန်သို့ APHR ဥက္ကဋ္ဌ နဲ့ ပူးတွဲဥက္ကဋ္ဌတို့ရဲ့ ဖိတ်ကြားချက်အရ အမျိိုးသားလွှတ်တော်အမတ်လည်းဖြစ် NUG ပြည်ထောင်စုဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာ၀င်းမြတ်အေးနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ပါတယ်။ အင်ဒိုနီးရှားအောက်လွှတ်တော်မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲ ပထမနေ့မှာ မြန်မာ့ပဋိပက္ခ၊ အာဆီယံအရေးများ၊ အင်ဒိုနီးရှားနဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍကို ဆွေးနွေးခြင်း အစီအစဉ်မှာ ဒေါက်တာဝင်းမြတ်အေးက CRPH၊ NUG နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) တို့ရဲ့ အခန်းကဏ္ဍနဲ့ လက်တွဲလုပ်ဆောင်နေမှုများ၊ CRPHရဲ့ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများနဲ့ အခက်အခဲများကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါ တယ်။

▪︎ဆယ်ဇင်းဒေသတိုက်ပွဲရှမ်းနီတပ်အထိနာ၊ စစ်ရေးဆက်လက်တင်းမာနေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ မတ်လ ၆ရက်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီလက်အောက်ခံတပ် ရှမ်းနီ(SNA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ဆယ်ဇင်းဒေသခံက ပြောပါတယ်။ မတ်လ ၆ ရက်က ဆယ်ဇင်းအနီးရှိ မှန်စိမ်း၊ နံ့ကသာ၊ နတ်နစ် အရပ်မှ KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ တပ်စခန်းနေရာများကိုရှမ်းနီတပ် SNAက ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာလို့ ဆိုပါတယ်။ အဲဒီနေ့ တိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ SNAတပ်မှ သေဆုံးထိခိုက်များပြားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

▪︎ရွှေကျင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးရမ်းသမ်းပစ်လို့ ပြည်သူလေးဦး ထိမှန်ဒဏ်ရာရ

ပဲခူးခရိုင် ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူလေးဦး ထိမှန်ဒဏ်ရာရသွားတယ်လို့ ဒေသခံများက ပြောပါတယ်။ ညောင်လေးပင်မြို့နယ်ဘက်ခြမ်း ပုဇွန်မြောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများနဲဲ့ ဒီနေ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရွှေကျင်ဘက်ခြမ်းရှိ သိုက်တူးကုန်း၊ ဝိုင်းနဲ့ ကွင်းဒလကျေးရွာတွေမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီလို ပေါက်ကွဲမှုကြောင့် သိုက်တူးကုန်းမှ ပြည်သူနှစ်ဦး၊ ဝိုင်းကျေးရွာမှ တစ်ဦးနဲ့ ကွင်းဒလရွာမှ ပြည်သူတစ်ဦး လက်နက်ကြီးစထိမှန်ကာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

(စစ်ကောင်စီတပ်က ပြည်သူပိုင် ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်က ပြည်သူပိုင် ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ – CJ)

▪︎မန္တလေးမြို့ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းရှင်ကို စစ်ကောင်စီကဖမ်းဆီး

မန္တလေးမြို့ရှိ ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းကို စစ်ကောင်စီတပ်က ဒီနေ့မနက်ပိိုင်းက ဝင်ရောက်စီးနင်းပြီး ပိုင်ရှင်ဖြစ်သူကို မတရားဖမ်းဆီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ မန္တလေးမြို့ ၆၆ လမ်း၊ ၃၁ လမ်းနဲ့ ၃၂ လမ်းကြားရှိ ဇလုံကြီးဟင်းအနှစ်ထုပ်ရောင်းတဲ့ ဆိုင်ပိုင်ရှင်ကို စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးသွားတယ်လို့ MDY Revolutionက ဖော်ပြပါတယ်။ စစ်ကောင်စီထောက်ခံသူများက လူမှုကွန်ရက်မှာ ဇလုံကြီးအနှစ်ထုပ်ဟာ PDF ထောက်ပို့ဟု စွပ်စွဲပြီးနောက် အခုလို မတရားဖမ်းဆီးတာခံရတာဖြစ်ပါတယ်။

မန္တလေးမြို့ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းရှင်ကို စစ်ကောင်စီက မတရားဖမ်းဆီး
မန္တလေးမြို့ဇလုံကြီးဟင်းအနှစ်ထုပ်လုပ်ငန်းရှင်ကို စစ်ကောင်စီက မတရားဖမ်းဆီး

▪︎တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ကိုတစ်ရက်တည်းငါးကြိမ်တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း မတ်လ ၇ ရက် တစ်ရက်တည်း ထိတွေ့တိုက်ပွဲ (၅)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်တယ်လိို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ပြောပါတယ်။ စစ်ကောင်စီတပ်ကို မြိတ်ခရိုင် PDF တပ်ရင်း (၂)၊ မြိတ်(ပ.က.ဖ)၊ တနင်္သာရီ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့နဲ့ တနင်္သာရီတော်လှန်ရေးအဖွဲ့များပူးပေါင်းပြီး တမုတ်ချုံရွာအနီး တိုက်ခိုက်မှုသုံးကြိမ်နဲ့ ဗောဓိကမ်းတံတားလုံခြုံရေးဂိတ်၊ ညောင်ပင်ကွင်းတံတားဂိတ်တို့ကို ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့တာလိို့ ဆိုပါတယ်။ စစ်ကောင်စီတပ်သားအချို့ ထိခိုက်သေဆုံးမှုရှိပေမယ့် အရေအတွက်မသိရသေးဘူးလို့ ပကဖ တာဝန်ရှိသူက ပြောပါတယ်။

(မတ်လ ၇ ရက်က စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သော PDF ပူးပေါင်းတပ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - တနင်္သာရီ စစ်ဒေသခွဲ)
(မတ်လ ၇ ရက်က စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သော PDF ပူးပေါင်းတပ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – တနင်္သာရီ စစ်ဒေသခွဲ)

▪︎စဥ့်ကူးနယ် ကျွန်းရွာတစ်ရွာရှိ စစ်ကောင်စီတပ်ကိုနှစ်ရက်ဆက်တိုက်ခို​က်

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ဧရာဝတီမြစ်အတွင်း ကျွန်းရွာတစ်ရွာရှိ စစ်ကောင်စီတပ်အထိုင်ချထားတဲ့ နေရာတွေကို ဒရုန်းများ၊ လက်နက်ကြီးများနဲ့ နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးခန့်သေဆုံးနိုင်တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း(၁၅) တပ်ရေးဗိုလ်ကြီးဇောင်းထက်က ပြောပါတယ်။ စဉ့်ကူးမြို့နယ်၊ ရွာသာရွာကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ တပ်မ(၈၈)၊ ဗိုလ်သော်တာထွန်း ဦးဆောင်တဲ့ ခန့်မှန်းအင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို မတ်လ ၆ ရက် ညနေပိုင်းက ဒရုန်းနဲ့ နှစ်ကြိမ် ပစ်ချခဲ့ပြီး (၆၀)မမ၊ (၉၀)မမ ၊ ရော့ကတ်များနဲ့ ညသန်းခေါင်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ မတ်လ ၇ ရက် ညနေပိုင်းမှာလည်း ဒရုန်းနဲ့ ဗုံးနှစ်ကြိမ်ချတိုက်ခိုက်ခဲ့ပြီး ရော့ကတ် (၅)လုံး၊ (၉၀) မမ ကိုးလုံး၊ (၆၀) မမ ၂၆ လုံးတို့နဲ့ နှစ်နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးခန့်သေဆုံးပြီး ရှစ်ဦးခန့် ဒဏ်ရာရရှိတယ်လို့ ရွှေဘိုခရိုင်၊အမှတ်(၁၅)တပ်ရင်း Eagle Guerrilla Force အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

▪︎မဲဇလီကုန်းမှာ ရဲနဲ့ပျူများ မိုင်းဆွဲတိုက်ခိုက်ခံရ

ဧရာဝတီတိုင်း၊အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့မှာ စစ်ကောင်စီရဲနဲ့ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ နှစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။ မဲဇလီကုန်းမြို့၊ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ မနေ့ နေ့ခင်းက ရဲတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ရဲငါးယောက်၊ ပျူစောထီးတစ်ယောက်တို့ ထိခိုက်တာတွေ ရှိပေမယ့် အတည်ပြုသတင်းကို စောင့်နေဆဲဖြစ်တယ်လို့ အင်္ဂပူဒေသခံတစ်ဦးကပြောပါတယ်။

You May Also Like