Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံတွင် စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးမကောင်းသူနှစ်ဦးကို ပစ်ခတ်ရာ တစ်ဦးသေဆုံး

ဖမ်းဆီးခံရသူမှာ စစ်ကောင်စီတပ်၏ သေနတ်ဒင်ဖြင့် ဦးခေါင်းကို ထုနှက်ရိုက်နှက်ခြင်း ခံရသဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး ဆေးရုံတင်ထားစဥ် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းနေစဥ်။ ဓာတ်ပုံ - Myingyan Citizen Journalist)
(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းနေစဥ်။ ဓာတ်ပုံ - Myingyan Citizen Journalist)

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးမကောင်းသူနှစ်ဦးကို ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မတ်လ ၉ ရက် ည ၁၁နာရီခန့်က မြင်းခြံမြို့ နာရီစင်အနီးတွင် စိတ်ကျန်းမာရေးမကောင်း၍ သီချင်းဆိုကခုန်သွားလာနေသူ အမျိုးသား နှစ်ဦးကို အ.ထ.က(၁) ကျောင်းရှေ့တွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်များက ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့် စိတ်ကျန်းမာရေးမကောင်းသည့် အသက်(၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး အခြားတစ်ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း မြို့ခံအချို့က ပြောသည်။

ဖမ်းဆီးခံရသူမှာ စစ်ကောင်စီတပ်၏ သေနတ်ဒင်ဖြင့် ဦးခေါင်းကို ထုနှက်ရိုက်နှက်ခြင်း ခံရသဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး ဆေးရုံတင်ထားစဥ် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

“ သေဆုံးတဲ့သူက ဆန္ဒတော်ပြည့်ဘုရားရှေ့မှာ သီချင်းဆို၊က နေလေ့ရှိတဲ့ စိတ်ကျန်းမာရေးမကောင်းသူလို့ သိရပါတယ်” ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြသည်။

“ မြင်းခြံမှာက နေ့ခင်းမှာကို တအားစစ်တယ်။ ဆိုင်ကယ်နှစ်ယောက်ပူးမစီးရတာတွေလည်း ကန့်သတ်ထားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

မြင်းခြံမြို့သည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအင်အားကောင်းရာ မြို့တစ်မြို့ဖြစ်ပြီး မတ်လ ၆ ရက် ညနေ ၅နာရီခန့်ကလည်း MG6 ပြောက်ကျားတပ်(မြင်းခြံ)က မြို့အဝင်ရှိ ခမရ(၁၅) တပ်အား RPGဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့သည်။

You May Also Like

သတင်း

အကြမ်းဖက် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်လှုပ်ရပ်များနှင့်စစ်ရာဇဝတ်မှုမှတ်တမ်းများကို KNDF မှစုဆောင်းလျက်ရှိပြီး လိုအပ်သလို ဆက်လက်ထုတ်ပြန်သွားမည်ဟု ဆိုသည်။

သတင်း

အဆိုပါတိုက်ပွဲများအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)တပ်ဖွဲ့များဘက်မှ နှစ်ဦးကျဆုံးပြီး ၂၇ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ဒီး​မော့ဆိုမြို့နယ်အ​ရှေ့ခြမ်းတွင်ပင် စစ်​ဘေး​ရှောင်ပြည်သူ၁၅၀၀၀ ​ကျော်ရှိ​နေပြီး ထပ်မံတိုးလာဦးမည်ဖြစ်​ကြောင်းလည်းကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ကခန့်မှန်းထားသည်။

သတင်း

စစ်ကောင်စီတပ်သည် ကျောက်မှော်ကျေးရွာအနောက်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို မတ်လ ၉ရက် နံနက်အစောပိုင်းတွင် စီးနင်းတိုက်ခိုက်ပြီးနောက် နေအိမ် ၆၀၀ခန့်ရှိသော ကျောက်‌မှော်ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။