Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်မှော်ရွာမီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်က ဒေသခံလူငယ်သုံးဦးရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကောင်စီတပ်သည် ကျောက်မှော်ကျေးရွာအနောက်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို မတ်လ ၉ရက် နံနက်အစောပိုင်းတွင် စီးနင်းတိုက်ခိုက်ပြီးနောက် နေအိမ် ၆၀၀ခန့်ရှိသော ကျောက်‌မှော်ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

(မီးရှို့ခံခဲ့ရသည့် ကျောက်မှော်ရွာမှ နေအိမ်များကို ၂၀၂၃ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Tigying Revolution)
(မီးရှို့ခံခဲ့ရသည့် ကျောက်မှော်ရွာမှ နေအိမ်များကို ၂၀၂၃ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Tigying Revolution)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ကျောက်မှော်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်က ဒေသခံလူငယ်သုံးဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားရာ သုံးရက်မြောက်အထိ ပြန်လွတ်မလာသေးကြောင်း ဒေသခံများက ပြောသည်။

“ ရွာကို စမီးရှို့တဲ့နေ့က ပျောက်နေတာ။ ဘယ်လိုမှ စုံစမ်းလို့မရဘူး။ ဒီမနက် သတင်းရတာက စစ်ကြောင်းက ကြိုးတုပ်ရိုက်နှက်ပြီးခေါ်သွားတာ သိရတယ်။ သူတို့က အရပ်သားတွေပါ” ဟု ‌ကျောက်မှော်ရွာဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံလိုက်ရသော လူငယ်သုံးဦးအတွက် ဒေသခံများက စိတ်ပူနေကြသည်။ စစ်ကောင်စီစစ်ကြောင်းက ယမန်နေ့(မတ်လ ၁၀ရက်)ညနေတွင် ကျေးရွာမှထွက်ခွာသွားပြီဖြစ်ပြီး အဆိုပါ လူငယ်သုံးဦးမှာ ပြန်လွတ်မြောက်လာခြင်း မရှိသေးပေ။

“ မိသားစုဝင်တွေ စိတ်ပူနေကြတယ်။ ဒီလူငယ်တွေက အရပ်သားစစ်စစ်ပါ။ ဘယ်‌လိုတွေ လုပ်ရမယ်လဲ မသိကြတော့ဘူး။ တစ်ရွာလုံးလည်း ဒုက္ခရောက်နေပြီ” ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ကျောက်မှော်ကျေးရွာအနောက်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို မတ်လ ၉ရက် နံနက်အစောပိုင်းတွင် စီးနင်းတိုက်ခိုက်ပြီးနောက် နေအိမ် ၆၀၀ခန့်ရှိသော ကျောက်‌မှော်ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

“ ရွာထဲကို ဝင်လာကတည်းက လက်နက်မျိုးစုံပစ်ဝင်လာပြီး မြင်သမျှ ပစ်တာ။ တစ်ရွာလုံးကို ရှို့တာ။ အိမ်တွေလည်း ကုန်ပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျောက်မှော်ရွာတွင် နေအိမ်‌ ၄၅၀ခန့် မီးလောင်သွားပြီး တစ်ရွာလုံးသည် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သတင်းရရှ်ိသည်။ ထိုစစ်ကောင်စီစစ်ကြောင်းသည် ကသာနယ်ဘက်သို့ ထွက်ခွာသွားပြီဖြစ်ကြောင်းနောက်ဆုံး သတင်းရရှိသည်။

You May Also Like

သတင်း

ဖမ်းဆီးခံရသူမှာ စစ်ကောင်စီတပ်၏ သေနတ်ဒင်ဖြင့် ဦးခေါင်းကို ထုနှက်ရိုက်နှက်ခြင်း ခံရသဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး ဆေးရုံတင်ထားစဥ် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

သတင်း

ဒီး​မော့ဆိုမြို့နယ်အ​ရှေ့ခြမ်းတွင်ပင် စစ်​ဘေး​ရှောင်ပြည်သူ၁၅၀၀၀ ​ကျော်ရှိ​နေပြီး ထပ်မံတိုးလာဦးမည်ဖြစ်​ကြောင်းလည်းကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ကခန့်မှန်းထားသည်။

သတင်း

မတ်လ ၈ ရက်နှင့် ၉ ရက်များတွင်လည်း ဆင်ပေါင်ဝဲမြို့နယ်အတွင်း ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ရာ ယနေ့(မတ် ၁၁) အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

သတင်း

တပေါင်းလပြည့်နေ့ဖြစ်တဲ့ မတ်လ ၅ ရက် မနက်ပိုင်း ဝေလီဝေလင်း ၅ နာရီဝန်းကျင်မှာ မြင်းမူမြို့နယ် လက္ကပင်ရွာကို စစ်ကောင်စီတပ်က ဝင်စီးခဲ့တာပါ။