Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်-ကသာလမ်းတွင်စစ်တပ်ယာဥ်တန်းကို PDFများမိုင်းဆွဲတိုက်ခိုက်

ထီးချိုင့်-ကသာလမ်းပိုင်းကျောက်ကြမ်းလမ်းအတိုင်း မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့(မတ်လ ၁၀ရက်)ညနေတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။

(ထီးချိုင့် PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-TPDF)
(ထီးချိုင့် PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-TPDF)

ထီးချိုင့်-ကသာလမ်းပိုင်းတွင် အစီးရေ ၄၀​ကျော်ပါ​သော စစ်ကောင်စီယာဉ်တန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သုံးနေရာခွဲ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်း အထိနာခဲ့ကြောင်း ဒေသခံများကပြောသည်။

ထီးချိုင့်-ကသာလမ်းပိုင်းကျောက်ကြမ်းလမ်းအတိုင်း မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့(မတ်လ ၁၀ရက်)ညနေတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။

” ဇီးကုန်းရွာရွာတောင်ကျော်မှာတစ်ခါ၊ မဲဟင်းရွာနဲ့နန့်အင်းရွာကြားမှာ တစ်ခါ၊ အဲ့ဒီရှေ့နားမှာတစ်ခါ မိုင်းဆွဲတာ။ ထိခိုက်မှု ရှိပေမယ့်ဒီကောင်တွေကအကုန်ကိစ္စဖျောက်(သဲလွန်စများကို​ဖျောက်)သွားတာမို့ အတိအကျမပြောနိုင်ပါဘူး” ဟု ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီစစ်တပ်သည် ထီးချိင့်မြို့နယ်အတွင်းမြေပြင်မှစစ်ကြောင်းထိုးနေသလို ကသာနယ်ဘက်ကိုလည်း အင်းအားအများအပြားဖြည့်တင်းနေသည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထောက်ပို့ရဲဘော်များကပြောသည်။

ထီးချိုင့်နယ်မှထွက်ခွာသွားသော စစ်ကောင်စီယာဉ်တန်းသည် ယနေ့( မတ်လ ၁၁ရက်) နေ့လည်တွင် ကသာမြို့နယ်ညောင်ခြေထောက်ရွာသို့ရောက်ရှိနေကြောင်းလည်းသိရသည်။

ကသာနှင့်ထီးချိုင့်နယ်စပ်တွင်လည်း ယခုရက်ပိုင်း တိုက်ပွဲများဖြစ်ပွားနေသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၇ရက်ကကသာမြို့နယ်ညောင်ခြေထောက်ရွာတွင် KIA နှင့် ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁) ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်က ၁၁ဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက People’s Springသတင်းဌာနသို့ပြောသည်။

Facebook

You May Also Like

သတင်း

မြစ်ကြီးနားမြို့မှ စစ်ယာဉ် လေးစီးဖြင့် အင်အား ၇၀ကျော်ပါ ယာဉ်တန်းသည် လက်နက်ခဲယမ်းများ ရိက္ခာများ ဖြည့်တင်းကာ KIA နယ်မြေဘက် စစ်ရေးလှုပ်ရှားလာ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

သတင်း

ယမန်နေ့ မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ခြောက်ဦး သေဆုံးပြီး ၂၁ဦးဒဏ်ရာရရှိခဲ့ကြောင်း CDF က ထုတ်ပြန်ခဲ့သော်လည်း လူထုနွေဦးအနေဖြင့်သီးခြားအတည်မပြုချက်မရပေ။

သတင်း

ထီးချိုင့်-ကသာလမ်းပိုင်းကျောက်ကြမ်းလမ်းအတိုင်းမောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယမန် နေ့(မတ်လ ၁၀ရက်)ညနေတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် နေအိမ် ၄၁လုံး ဆုံးရှုံးခဲ့ရသော ရွှေဘိုမြို့နယ် ကျေးရွာတစ်ရွာရှိ ပြည်သူများအား တစ်ထပ်နေအိမ်များ ပြန်လည်ဆောက်လုပ်နိုင်ရန် အိမ်တိုင်များ ကူညီလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်အေဓီက ပြောသည်။