Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် ရေမဆေးသမားလူငယ်နှစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်သတ်ပြီး အလောင်းစွန့်ပစ်

မတ်လ ၁၀ရက် ညက ဖားကန့်မြို့၊မော်မောင်းလျှံမှော်အနီးတွင် ဆိုင်ကယ်စီးလာ​သော လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားနှင့်ရဲ ပူး​ပေါင်းအဖွဲ့က ​သေနတ်ဖြင့် ပစ်သတ်ခဲ့​​​ခြင်းဟု ဒေသခံများက ပြောသည်။

(ဖားကန့်ဒေသတွင် တွေ့ရသော စစ်ကောင်စီလက်ပါးစေရဲများ၊ ဓာတ်ပုံ - CJ)
(ဖားကန့်ဒေသတွင် တွေ့ရသော စစ်ကောင်စီလက်ပါးစေရဲများ၊ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ရေမဆေးကျောက်ရှာဖွေသူ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်သတ်ပြီး အလောင်းစွန့်ပစ်သွားကြောင်း ဒေသခံများက People’s Spring သို့ ပြောသည်။

မတ်လ ၁၀ရက် ညက ဖားကန့်မြို့၊မော်မောင်းလျှံမှော်အနီးတွင် ဆိုင်ကယ်စီးလာ​သော လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားနှင့်ရဲ ပူး​ပေါင်းအဖွဲ့က ​သေနတ်ဖြင့် ပစ်သတ်ခဲ့​​​ခြင်းဟု ဒေသခံများက ပြောသည်။

“ မော်မောင်းလျှံနဲ့ အေးမြသာယာကြားမှာ ပစ်သတ်သွားတာ။ ဘယ်က ကလေးတွေမှန်းမသိရသေးဘူးဗျာ” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂ရက်ကလည်း ရေမဆေးကျောက်ရှာဖွေသူ လူငယ်နှစ်ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ဖူးသည်။

​စစ်ကောင်စီတပ်သည် ဖားကန့်တွင် ယခက်ကထက် ပိုမိုအကြမ်းဖက်နေပြီး အရပ်သားများကို ဆက်တိုက်ဖမ်းဆီးနေသလို လက်လွတ်စပယ်ပစ်သတ်နေကြောင်းလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ရက်မှ ဖေဖော်ဝါ ၁၁ရက်အတွင်း အရပ်သား ၂၀၀နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ဖမ်းဆီးခံရသူအများစု ပြန်လွတ်လာသော်လည်း အချို့မျာ အဆက်အသွယ်ပြတ်တောက်နေကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက ယခုရက်ပိုင်း ဖမ်းဆီးသွားသူများတွင် စစ်ကိုင်းတိုင်း တန့်ဆည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတင် ဖြစ်သူ ဒေါ်မာမာအေးလည်း ပါဝင်ခဲ့သည်။ ဒေါ်မာမာအေးသည် ဖားကန့်၌လာရောက်တိမ်းရှောင်နေစဉ် မတ်လ ၆ရက်က ဖမ်းဆီးခံရခြင်းဖြစ်သည်။

You May Also Like

သတင်း

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊အမြောက်အများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အထက်ပါ စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေ မသိရသေးဘဲ ရဲဘော်များမှာမူ ထိခိုက်မှုမရှိကြောင်း Black Wolf-ARMYက အသိပေးထားသည်။

သတင်း

မကြာသေးမီက TNLA ၏ အုပ်ချုပ်ရေးဌာနက တရားဝင်ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် Non CDMများ CDM ပြုလုပ်ရန်နှင့် လာမည့် ၆လအတွင်း CDM မလုပ်ပါက အရေးယူမည်ဟု အသိပေးထားသည်။

သတင်း

ဆရာတော်အရှင်အဂ္ဂဝံသသည် အကြမ်းဖက် စစ်ကောင်စီတပ်၏ အဓမ္မ ဖမ်းဆီးခံခဲ့ရပြီးနောက် မတ်လ ၁၁ရက်ထိ တိုင်အောင် အဆက်အသွယ်မရရှိသေးသည့် အပြင် အသက်အန္တရာယ် စိုးရိမ်ရသည့်သတင်းများလည်း ကြားသိနေရကြောင်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ဆိုသည်။

သတင်း

မတ်လ ၅ ရက်ကလည်း မြောင်မြို့နယ်ရှိ CDSOM တပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး အသုံးအဆောင်ပစ္စည်း အများအပြား ဆုံးရှုံးခဲ့ရသည်။