Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်တွင် စစ်ကောင်စီတပ်က ကင်းရွာဝင်စီးပြီး ဒေသခံတစ်ဦးကို သတ်ဖြတ်

မတ်လ ၅ ရက်ကလည်း မြောင်မြို့နယ်ရှိ CDSOM တပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး အသုံးအဆောင်ပစ္စည်း အများအပြား ဆုံးရှုံးခဲ့ရသည်။

(စစ်ဆင်ရေးသွားရောက်နေသည့် Myaung Union Army အဖွဲ့ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MUA)
(စစ်ဆင်ရေးသွားရောက်နေသည့် Myaung Union Army အဖွဲ့ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MUA)

▪️စစ်ကြောင်းအား ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်မှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်က ကင်းကျေးရွာ ဝင်စီးပြီး ပစ္စည်းများလုယက် ကာ ဒေသခံပြည်သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး ပြန်ထွက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်း​မြစ်များက ပြောသည်။

ယမန်နေ့ (မတ်လ ၁၁ရက်) နံနက် ၅ နာရီ ၄၅မိနစ် ခန့်က မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှထွက် လာသော စစ်ကောင်စီတပ်သည် ကင်းကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထို့နောက် ကျေးရွာအတွင်းမှ ပစ္စည်းများကို ခိုးယူသွားပြီး ပြည်သူတစ်ဦးကိုပါ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“ စကစ အင်အား ၄၀လောက်ပါတယ်။ ကင်းရွာကနေ ရွှေတွေ၊ငွေတွေ ယူသွားတယ်။ အသတ်ခံရတဲ့ အမျိုးသားက အသက် ၃၀လောက်ပါ။ စစ်ကောင်စီတပ်သားတွေ ဝင်လာတဲ့အချိန် ရွာလယ်လမ်းမှာ သေဆုံးတဲ့အမျိုးသားနဲ့ ထိပ်တိုက်တွေ့ပြီး အစစ်ဆေးအမေးမြန်းမရှိဘဲ နေရာမှာပဲ ပစ်ခံလိုက်ရတာပါ။” ဟု Myaung Union Army အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ၎င်းတို့လာရာလမ်းအတိုင်း ပြန်လှည့်ရာတွင် ဒေသတွင်း ကျေးရွာတပ်ပေါင်းစုများနှင့် မဟာမိတ်အဖွဲ့များက ပဒေသာမိုင်း နှစ်ပွိုင့်ဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးနေရာမှာပင် လဲကျသွားကြောင်း၊ ထို့နောက် ဒဏ်ရာရရှိသူများနှင့် အလောင်းများကို ထမ်းပိုးသွားသည်ကို ​မျက်မြင်တွေ့ရှိရကြောင်း Myaung Union Army အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မတ်လ ၅ ရက်ကလည်း မြောင်မြို့နယ်ရှိ CDSOM တပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး အသုံးအဆောင်ပစ္စည်း အများအပြား ဆုံးရှုံးခဲ့ရသည်။

You May Also Like

သတင်း

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊အမြောက်အများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အထက်ပါ စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေ မသိရသေးဘဲ ရဲဘော်များမှာမူ ထိခိုက်မှုမရှိကြောင်း Black Wolf-ARMYက အသိပေးထားသည်။

သတင်း

မကြာသေးမီက TNLA ၏ အုပ်ချုပ်ရေးဌာနက တရားဝင်ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် Non CDMများ CDM ပြုလုပ်ရန်နှင့် လာမည့် ၆လအတွင်း CDM မလုပ်ပါက အရေးယူမည်ဟု အသိပေးထားသည်။

သတင်း

ဆရာတော်အရှင်အဂ္ဂဝံသသည် အကြမ်းဖက် စစ်ကောင်စီတပ်၏ အဓမ္မ ဖမ်းဆီးခံခဲ့ရပြီးနောက် မတ်လ ၁၁ရက်ထိ တိုင်အောင် အဆက်အသွယ်မရရှိသေးသည့် အပြင် အသက်အန္တရာယ် စိုးရိမ်ရသည့်သတင်းများလည်း ကြားသိနေရကြောင်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ဆိုသည်။

သတင်း

မတ်လ ၁၀ရက် ညက ဖားကန့်မြို့၊မော်မောင်းလျှံမှော်အနီးတွင် ဆိုင်ကယ်စီးလာ​သော လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားနှင့်ရဲ ပူး​ပေါင်းအဖွဲ့က ​သေနတ်ဖြင့် ပစ်သတ်ခဲ့​​​ခြင်းဟု ဒေသခံများက ပြောသည်။