Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

Chinlung Chuak Artist အဖွဲ့ ကို ယာယီသမ္မတချီးကျူးဂုဏ်ပြု

သတင်းအချက်အလက်ပေါင်းများစွာအလွန်လျင်မြန် လွတ်လပ်စွာ စီးဆင်းနေ​သော ၂၁ ရာစုတွင် အကြောင်းကိစ္စတစ်ခုကို နိုင်ငံတကာ၏ အာရုံစူးစိုက်မှု အမြဲရယူနိုင်အောင် လုပ်ရန် မလွယ်ကူ​ကြောင်း ဒူးဝါလရှီလက ​ပြောကြားသည်။

Chinlung Chuak Artist အဖွဲ့ ကို ယာယီသမ္မတချီးကျူးဂုဏ်ပြု
Chinlung Chuak Artist အဖွဲ့ ကို ယာယီသမ္မတချီးကျူးဂုဏ်ပြု

We are The World ကာဗာသီချင်းဖြင့် မြန်မာ့နွေဦး တော်လှန်ရေးကို နိုင်ငံတကာမှ စိတ်ဝင်စားမှုရအောင် လုပ်နိုင်ခဲ့သည် Chinlung Chuak Artist အဖွဲ့ ကို ကျေးဇူးတင်ကြောင်းအမျိုးသားညီညွတ်​ရေးအစိုးရယာယီသမ္မတဒူးဝါလရှီးလ ကဂုဏ်ပြုလိုက်သည်။

“ သက်တမ်း ၂နှစ်ရှိလာတဲ့ကျွန်တော်တို့ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်းကို ကမ္ဘာ့မီဒီယာထဲစဉ်ဆက်မပြတ်စီးမြောပါဝင်နေအောင်လုပ်ဖို့ အရေးကြီးတယ်ဆိုတာသတိထားမိပါတယ်။ကျွန်တော်တို့ပြည်သူတွေဟာစစ်အာဏာရှင်တိုက်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ နိုင်ငံတကာရဲ့ ထောက်ခံပံ့ပိုးမှု လိုအပ်လို့ပဲဖြစ်ပါတယ်။ရဖို့ခက်ခဲသလောက်လိုအပ်တဲ့ကမ္ဘာ့စိတ်ဝင်စားမှုကို မြန်မာ့နွယ်ဖွား ချင်းတိုင်းရင်းသားလူငယ်တွေ ဦးဆောင်တဲ့ Chinlung Chuak Artist အဖွဲ့က သူတို့ရဲ့ အနုပညာဖန်တီးမှု စွမ်းအားနဲ့ ရယူပေးနိုင်ခဲ့တာကို တွေ့ရပါတယ်” ဟုယာယီသမ္မတဒူးဝါလရှီးလကချီးကျူးသည်။

ထို​ကြောင့်သီချင်းကိုစီစဉ်အကောင်အထည်ဖော်ပါဝင်ကြိုးပမ်းခဲ့ကြသူတိုင်းကိုမြန်မာ့နွေဦးတော်လှန်ရေးအင်အားစုများနှင့် မြန်မာပြည်သူများကိုယ်စားအထူးပင်ကျေးဇူးတင်ရှိ ကြောင်း ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်​ကြောင်း​ဖော်ပြထား သည်။

သတင်းအချက်အလက်ပေါင်းများစွာအလွန်လျင်မြန် လွတ်လပ်စွာ စီးဆင်းနေ​သော ၂၁ ရာစုတွင် အကြောင်းကိစ္စတစ်ခုကို နိုင်ငံတကာ၏ အာရုံစူးစိုက်မှု အမြဲရယူနိုင်အောင် လုပ်ရန် မလွယ်ကူ​ကြောင်း ဒူးဝါလရှီလက ​ပြောကြားသည်။

Public Service Announcement
Public Service Announcement

Chinlung Chuak Artist အဖွဲ့၏ We are The World ကာဗာသီချင်းဗီဒိယိုကို တစ်လကျော်ကာလအတွင်း You Tube ၌ ကြည့်ရှူသူ ၁.၇ သန်းကျော်ရှိပြီး ကမ္ဘာ့နိုင်ငံအသီးသီး Youtuber များကလည်း ယင်းဗီဒီယိုဖိုင်အပေါ် Reaction Video များစွာပြုလုပ်ပြီး ပြန်လည်ဖြန့်ချီခဲ့ကြသောကြောင့် ပျံ့နှံ့ပြီးနိုင်ငံတကာ၏ စိတ်ဝင်စားမှုပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

“ ဒီမိုကရေစီကြီးစိုးတဲ့ နိုင်ငံတွေမှာ ပြည်သူစိတ်ဝင် စား မှုရှိရင် နိုင်ငံ့အစိုးရနဲ့ နိုင်ငံရေး မူဝါဒချမှတ်နိုင်သူတွေဆီကိုပါ သက်ရောက် ရိုက်ခတ်မှုရှိတာ ထုံးစံပါပဲ။ ဒါကြောင့် ကမ္ဘာတဝှမ်းမှာရှိတဲ့ ပြည်သူတွေက မြန်မာ့နွေဦးတော်လှန်ရေးအပေါ် စိတ်ဝင်စားမှုကြီးမားလာတာနဲ့ အမျှ ကျွန်တော်တို့တော်လှန်ရေးအပေါ် နိုင်ငံတကာရဲ့ အထောက်အပံ့ပေးမှုကလည်း များပြား ပေါ်လွင်လာမယ်လို့ ယုံကြည်ပါတယ်။” ဟု ယာယီသမ္မတက​​ပြောသည်။

ထို့ကဲသို့သီချင်းဖန်တီးမှုမျိုးသည် တော်လှန်ရေးအတွက် အရေးပါသည့် အရာဖြစ်သောကြောင့် မြန်မာလူငယ်များအနေဖြင့် ဆက်လက်လုပ်ဆောင်သွားရန် အားပေးလိုကြောင်း လည်းNUG ယာယီသမ္မတကတိုက်တွန်းသည်။

We are The World သီချင်းကို မီဇိုရမ်ရောက် ချင်းတိုင်းရင်းသား အဆိုရှင်များ နှင့် မီဇိုရမ်မှ နာမည်ကြီး အနုပညာရှင် စုစုပေါင်း ၂၅ ဦးကပါဝင်သီဆိုထားခြင်းဖြစ်ပြီး Coda Band က​နေတီးခတ်​ပေးထားသည်။

ချင်းတိုင်းရင်းသား အဆိုတော်များတွင် သီချင်းဆို ပြိုင်ပွဲများမှ ပရိသတ်အားပေးမှု ရရှိလာသည့် ဘင်ဂျမင်ဆုမ်း ၊ ဒေးဗစ်လိုင် တို့ပါဝင်သီဆိုထားသည်ကိုတွေ့ရသည်။

ယင်းသီချင်းကို သီဆိုရာတွင် Chinlung Chauk Artist အဖွဲ့က စစ်​ကောင်စီ၏လေ​ကြောင်းမှ အကြမ်းဖက်တိုက်ခိုက်​နေမှု​များ ၊ ပြည်သူ​များကို ဖမ်းဆီး သတ်ဖြတ် မှုများပြုလုပ်နေသောကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် အကြောင်းအရာများကို ပုံဖော်သီဆိုထားပြီး မြန်မာပြည်သူများ၏ ဒီမိုကရစီနှင့်လူ့အခွင့်အ​ရေးအတွက်တိုက်ပွဲဝင်​နေကြသည်ကို ကမ္ဘာကကူညီပေးကြရန် တောင်းဆိုထားသည်။

You May Also Like

သတင်း

အမျိုးသားညီညွတ်ရေးအစိိုးရအဖွဲ့နှင့် ဥရောပသမဂ္ဂအထူးကိုယ်စားလှယ်တို့အကြား ပုံမှန်ဆက်သွယ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

သတင်း

အခွန်ကောက်သည့်စနစ်၌ အလေအလွင့်မဖြစ်ရေး အထူးသတိထားရမည်ဟုလည်း ယာယီသမ္မတက ပြောသည်။ အခွန်ကောက်ခံခြင်းစနစ် မမှန်ကန်ပါက လူထုကအခွန်ထမ်းသော်လည်း အစိုးရ အနေဖြင့် ရသင့်သည့် အခွန်ဘဏ္ဍာငွေ ရမည်မဟုတ်ကြောင်း အသိပေးသည်။

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံအထူးကိုယ်စားလှယ်က မြန်မာမြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်လာရောက်တွေ့ဆုံမှု နှင့်ပတ်သက်ပြီး ယာယီသမ္မတက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်း

အကြမ်းဖက်အုပ်စုသည် ၎င်းတို့၏ နည်းဗျူဟာအတိုင်း တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအကြား သွေးခွဲခြင်း ၊ တော်လှန်ရေးအင်အားစုများအကြား အချင်းချင်း သွေးခွဲခြင်းများ တစိုက်မိတ်မတ်လုပ်ဆောင်နေသည်ဟု ယာယီသမ္မတက သတိပေးသည်။