Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းပြည်ဦးတည်နေသည့် ယာဉ်အစီး ၈၀ခန့်ပါ စစ်ကောင်စီယာဉ်တန်း ကျောက်ထုနယ်မှ ထွက်ခွာ

စစ်ကောင်စီတပ်ယာဉ်တန်းသည် ယမန်နေ့ ညက တပြင်းကျေးရွာ၌ ညအိပ်စခန်းချခဲ့ကြောင်း၊ ယာဉ်အစီး ၈၀ ပါစစ်ကောင်စီယာဉ်တန်းသည် တပြင်းကျေးရွာမှ စတင်ထွက်ခွာလာပြီ ဖြစ်ကြောင်း မင်းတပ် CDFက ယနေ့ ထုတ်ပြန်သည်။

(မင်းတပ် - မတူပီ လမ်းမကြီးပေါ်တွင် ဖြတ်သန်းနေသော စစ်ကောင်စီယာဉ်တန်းအား ၂၀၂၂ မေလ ၆ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - HKL Mindat)
(မင်းတပ် - မတူပီ လမ်းမကြီးပေါ်တွင် ဖြတ်သန်းနေသော စစ်ကောင်စီယာဉ်တန်းအား ၂၀၂၂ မေလ ၆ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - HKL Mindat)

▪️ဆောနယ် တပြင်းရွာအနီး ပစ်ခတ်မှုဖြစ်ပွား

▪️လက်နက်ကြီးရမ်းပစ်နေ၍ ပြည်သူများအသွားအလာသတိပြုရန် CDF အသိပေး

ချင်းပြည်နယ်သို့ ဦးတည်နေသည့် စစ်ကောင်စီ၏ ယာဉ်အစီး ၈၀ခန့်ပါ စစ်ယာဉ်တန်းသည် ကျောက်ထုနယ်မှ ထွက်ခွာသွားကြောင်း ဒေသခံနှင့် ချင်းကာကွယ်ရေးတပ်(CDF)- မင်းတပ်က အသိပေးသည်။

“ စစ်ကြောင်းကတော့ ကားတွေကတော့ ပစ်တယ်နဲ့ တူပါတယ်။ တပြင်းဘက်မှာ။ မင်းတပ်တပ်မလားမသိရဘူး။ အစကတော့ ထီးလင်း- ဂန့်ဂေါသွားမယ်လို့ကြားတာ။ ထီးလင်းဂန့်ဂေါဆိုရင်လည်း ပေါက်ကနေ ဖြတ်သွားရမယ့်ဟာကို အခုက ကျောက်ထုနားရောက်နေပြီဆိုတော့ ဘယ်ကိုသွားမလဲမသိဘူးဖြစ်နေတယ်။ ကားအစီးရေ ၈၀လို့ကြားတယ်”ဟု ဆောဒေသခံတစ်ဦးက ယနေ့နံနက်တွင် ပြောသည်။

ယမန်နေ့ညကတည်းက တပြင်းဘက်၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။

“ တိုက်ပွဲဖြစ်တယ်လို့လည်း ကြားတယ် ဒီနေ့ဖြစ်တာ တပြင်းနားလောက်မှာ။ မြို့(ကျောက်ထု)နဲ့ဆို ၁၂ မိုင်လောက်ဝေးတယ်”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်ယာဉ်တန်းသည် ယမန်နေ့ ညက တပြင်းကျေးရွာ၌ ညအိပ်စခန်းချခဲ့ကြောင်း၊ ယာဉ်အစီး ၈၀ ပါစစ်ကောင်စီယာဉ်တန်းသည် တပြင်းကျေးရွာမှ စတင်ထွက်ခွာလာပြီ ဖြစ်ကြောင်း မင်းတပ် CDFက ယနေ့ ထုတ်ပြန်သည်။

ရှေ့ပွိုင့် များမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ကြရင်း တောမီးများလည်းရှို့နေကြကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အသွားအလာ သတိပြု၍ ဂရုစိုက်ကြရန်လည်း မင်းတပ် CDFက အသိပေးထားသည်။

ယခင်ကလည်း စစ်ကောင်စီယာဉ်တန်းများ ကျောက်ထု- မင်းတပ်မှတဆင့် မတူပီသို့ ရိက္ခာနှင့် စစ်အင်အားဖြည့်တင်းမှု လုပ်ဆောင်ခဲ့ရာ မင်းတပ် CDF၊ မတူပီ CDFကလမ်းခရီးတွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီတပ်ယာဉ်တန်းသည် မိုင် ၁၀၀ ကျော်သာဝေးသည့် ခရီးကို နှစ်ပတ်ကျော်ခရီးနှင်ခဲ့ကြရသည်။

You May Also Like

သတင်း

ဆေးရုံ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ညပိုင်း(ယနေ့မနက် အစောပိုင်း)၌ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

သတင်း

တိုက်ပွဲချိန် ၁ နာရီမျှကြာမြင့်ခဲ့ပြီးစစ်တပ်မှ​သေဆုံးဒဏ်ရာရရှိသူများရှိ​သော်လည်းအ​ရေအတွက်ကို အတည်မပြုနိုင်​ကြောင်းသိရသည်။

သတင်း

မတ်လ ၁၁ ရက်ကလည်း မြင်းခြံမြို့နယ်၊ ကုက္ကဲတောင်အရှေ့ဘက် စစ်တပ်သုံးယာဉ်အောက်ပိုင်းထုတ်လုပ်ရေးစက်ရုံ ဒရုန်းဖြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strikeက ထပ်မံအသိပေးသည်။

သတင်း

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊အမြောက်အများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အထက်ပါ စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေ မသိရသေးဘဲ ရဲဘော်များမှာမူ ထိခိုက်မှုမရှိကြောင်း Black Wolf-ARMYက အသိပေးထားသည်။