Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တီးတိန်​ဆေးရုံတွင်တပ်စွဲထား​သောစစ်တပ်ကိုPDF Zoland တိုက်ခိုက်၊ စစ်သားများစွန့်ခွာထွက်​ပြေးပြီးလက်နက်ခဲယမ်းများသိမ်းဆည်း

တိုက်ပွဲချိန် ၁ နာရီမျှကြာမြင့်ခဲ့ပြီးစစ်တပ်မှ​သေဆုံးဒဏ်ရာရရှိသူများရှိ​သော်လည်းအ​ရေအတွက်ကို အတည်မပြုနိုင်​ကြောင်းသိရသည်။

(PDF Zoland တပ်ဖွဲ့ဝင်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ပစ္စည်းများ။ဓါတ်ပုံ-PDF Zoland)
(PDF Zoland တပ်ဖွဲ့ဝင်များနှင့် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ပစ္စည်းများ။ဓါတ်ပုံ-PDF Zoland)

တီးတိန်ဆေးရုံကြီးတွင် ဝင်ရောက်​နေရာယူထား​သော စစ်သားများအား ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland ကယမန်​နေ့(မတ်လ ၁၂) ညတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားများထွက်​ပြေးသွားပြီးလက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများသိမ်းဆည်းရရှိ​ကြောင်းPDF Zoland ကထုတ်ပြန်လိုက်သည်။

တိုက်ပွဲချိန် ၁ နာရီမျှကြာမြင့်ခဲ့ပြီးစစ်တပ်မှ​သေဆုံးဒဏ်ရာရရှိသူများရှိ​သော်လည်းအ​ရေအတွက်ကို အတည်မပြုနိုင်​ကြောင်းသိရသည်။

စစ်သားများနေရာမှစွန့်ခွာထွက်​ပြေးသွားခဲ့ကြပြီး လက်နက်၊ ဖုန်း နှင့် အခြားစ္စည်းတစ်ချို့ ဖမ်းစည်းရမိခဲ့ကာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိဘဲဘေးကင်း​ကြောင်း​ထုတ်ပြန်ချက်တွင်​​ဖော်ပြထားသည်။

You May Also Like

သတင်း

ဆေးရုံ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ညပိုင်း(ယနေ့မနက် အစောပိုင်း)၌ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

သတင်း

စစ်ကောင်စီတပ်ယာဉ်တန်းသည် ယမန်နေ့ ညက တပြင်းကျေးရွာ၌ ညအိပ်စခန်းချခဲ့ကြောင်း၊ ယာဉ်အစီး ၈၀ ပါစစ်ကောင်စီယာဉ်တန်းသည် တပြင်းကျေးရွာမှ စတင်ထွက်ခွာလာပြီ ဖြစ်ကြောင်း မင်းတပ် CDFက ယနေ့ ထုတ်ပြန်သည်။

သတင်း

မတ်လ ၁၁ ရက်ကလည်း မြင်းခြံမြို့နယ်၊ ကုက္ကဲတောင်အရှေ့ဘက် စစ်တပ်သုံးယာဉ်အောက်ပိုင်းထုတ်လုပ်ရေးစက်ရုံ ဒရုန်းဖြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strikeက ထပ်မံအသိပေးသည်။

သတင်း

ဒီးမောဆိုအရှေ့ခြမ်းသို့ ထိုးစစ်ဆင်လာ​သော စစ်ကောင်စီတပ်သည် အထိနာခဲ့သဖြင့် စစ်ရဟတ်ယာဉ်များအသုံးပြု၍ လာရောက်ပစ်ခတ်ခဲ့​ကြောင်းသိရသည်။