Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် ငွေတောင်းကြမ်းနေသည့် လဝကဦးစီးမှူး အသတ်ခံရ

ဦးမြင့်လွင်သည် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာတွင် ယမန်နေ့(မတ်လ ၁၂ရက်) နေ့လယ် ၂နာရီခန့်က ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

(ဦးစီးမှူး ဦးမြင့်လွင်အား တွေ့ရစဉ်)
(ဦးစီးမှူး ဦးမြင့်လွင်အား တွေ့ရစဉ်)

ဖားကန့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လ၀က)ဦးစီးမှူး ဦးမြင့်လွင် ယမန်နေ့ ညနေက သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

ဦးမြင့်လွင်သည် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာတွင် ယမန်နေ့(မတ်လ ၁၂ရက်) နေ့လယ် ၂နာရီခန့်က ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

“ မော်ဝမ်းရပ်ကွက်က ဝန်ထမ်းအိပ်ရာမှာ ပစ်သတ်သွားတာ။ ဘယ်သူတွေက ပစ်လဲတော့ မသိဘူး။ အဲ့ဒီ စခ(စစ်ကောင်စီ)ထောက်တိုင်ကတော့ သေသွားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဦးမြင့်လွင်သည် အသက် (၅၅)နှစ်အရွယ်ရှိပြီး စစ်ကောင်စီက ပြုလုပ်မည်ဆိုသော ရွေးကောက် ပွဲမဲစာရင်းအတွက် အဓိက အလုပ်လုပ်နေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။ထို့အပြင် မှတ်ပုံတင်ပြုလုပ်ပေးရာတွင်လည်း အမြန်ကြေးဟုဆိုကာ ‌ငွေကြေးအဆမတန်တောင်းယူနေသူဖြစ်ကြောင်း ​ဒေသခံအချို့က​ပြောသည်။

“ စစ်ကောင်စီက လက်နက်အားကိုးနဲ့ အရပ်သားတွေကို ဖမ်းတယ်။ ဒါကြောင့် စစ်ကောင်စီဒလန်တွေလည်း လုံခြုံမယ်မထင်နဲ့။ အိမ်ထဲနေလည်း မလုံခြုံဘူး။ရုံးမှာနေလည်း မလုံခြုံဘူး။ တနေ့ အသတ်ခံရမှာကို ယုံတယ်” ဟု စစ်ကောင်စီကိုလက်မခံသည့် ဒေသခံတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်းစစ်ကောင်စီတပ်သည်ဖားကန့်ဒေသခံများကို အကြမ်းဖက်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေခြင်းသည် သတင်းပေးများက အဓိကနေရာမှပါဝင်နေသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ သတင်းပေးများကို ဦးတည်ရှင်းလင်းပေးရန်လည်း ဒေသခံများက တောင်းဆိုသည်။

You May Also Like

သတင်း

ဖမ်းဆီးခံရသည့်အ​ခြေအ​နေကို​မေးမြန်းရန် People's Spring သတင်းဌာနကချင်ရိုးရာယဉ်ကျေးမှုရုံးသို့ ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသေးပေ။

သတင်း

မတ်လ ၁၀ရက် ညက ဖားကန့်မြို့၊မော်မောင်းလျှံမှော်အနီးတွင် ဆိုင်ကယ်စီးလာ​သော လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားနှင့်ရဲ ပူး​ပေါင်းအဖွဲ့က ​သေနတ်ဖြင့် ပစ်သတ်ခဲ့​​​ခြင်းဟု ဒေသခံများက ပြောသည်။

သတင်း

တန့်ဆည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီဝင် ဒေါ်မာမာအေးကို ဖားကန့်မြို့နယ်၊ဖားပြင်ကျေးရွာတွင် စစ်ကောင်စီတပ်က မတ်လ ၆ရက် ညတွင် ဖမ်းဆီးသွားခြင်းဟု ဆိုသည်။

သတင်း

မတ်လ ၅ရက် ညပိုင်းက ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာသို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။