Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကိုးကန့်တပ်က ဖွဲ့စည်းထားသည့် တိုင်းရင်းသား တပ်မဟာ(၆၁၁)နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်

MNDAA တိုင်းရင်းသားတပ်မဟာ(၆၁၁)နှင့် စစ်ကောင်စီ၏ နမ့်ပုံ အခြေစိုက် ခလရ(၂၉၁) တပ်တို့သည် ၂၀၂၂ နိုဝင်ဘာအတွင်းကလည်း လားရှိုးမြို့နယ်အတွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်။

(MNDAA၏ တိုင်းရင်းသားတပ်မဟာအား လက်နက်ပေးအပ်ပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - MNDAA)
(MNDAA၏ တိုင်းရင်းသားတပ်မဟာအား လက်နက်ပေးအပ်ပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - MNDAA)

ကိုးကန့်တပ်မတော်(MNDAA)က ဖွဲ့စည်းထားသည့် တိုင်းရင်းသား တပ်မဟာ(၆၁၁)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်သည်။

MNDAA၏ဖော်ပြချက်အရ စစ်ကောင်စီ၏ ခလရ(၂၉၁)တပ်နှင့် တပ်မဟာ(၆၁၁)အကြား မတ်လ ၁၂ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။ MNDAA ၏ တိုင်းရင်းသားတပ်မဟာ(၆၁၁) သည် ရှမ်းမြောက် လားရှို့းမြို့နယ်၌ စစ်ရေးလှုပ်ရှားသည်။

စစ်ကောင်စီတပ်ကို အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးကို မသိရသေးသော်လည်း တိုင်းရင်းသားတပ်မဟာ (၆၁၁)ဘက်မှ ထိခိုက်သေဆုံးမရှိကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်ပွားမှု သတင်းအသေးစိတ်ကို MNDAAက တရုတ်ဘာသာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းဖော်ပြချက်ကို ဘာသာပြန်ဖြေကြားပေးရန် ကိုးကန့်တပ်တာဝန်ရှိသူအချို့အား ဆက်သွယ်မေးမြန်းရာ နောက်ရက်တွင် ရှင်းပြပေးမည်ဟု ဖြေကြားသည်။

ယခု စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် တိုင်းရင်းသားတပ်မဟာ(၆၁၁)မှာ စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် MNDAAက တိုင်းရင်းသားပေါင်းစုံပါဝင်သည့် တပ်မဟာ အသစ်တစ်ခုကို ဖွဲ့စည်းတူထောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တပ်မဟာထူထောင်ထားသည်မှာ တစ်နှစ် ကျော်ကြာပြီဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းက အင်အားထောင်ချီဖြင့် တစ်နှစ်ပြည့်အခမ်းအနား ကျင်းပကာ လက်နက်တပ်ဆင်ပေးအပ်ခဲ့သည်။

MNDAA တိုင်းရင်းသားတပ်မဟာ(၆၁၁)နှင့် စစ်ကောင်စီ၏ နမ့်ပုံ အခြေစိုက် ခလရ(၂၉၁) တပ်တို့သည် ၂၀၂၂ နိုဝင်ဘာအတွင်းကလည်း လားရှိုးမြို့နယ်အတွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်။

You May Also Like

သတင်း

စစ်တပ်သည် ဖေဖော်ဝါရီမှ စတင်ကာ ပင်လောင်း၊ ရှားတော၊ ဒီးမော့ဆို၊ ဘောလခဲ စသည့် တို့၌ စစ်မျက်နှာ ၄ခုဖြင့် အပြင်းအထန် ထိုးစစ်ဆင်ခဲ့ရာ ပင်လောင်းမြို့နယ်၌ နှစ်ပတ်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

သတင်း

မတ်လ ၁၂ရက် နံနက် ၈နာရီခန့်က ရေဦးမြို့မှထွက်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ခင်ဦးမြိို့သို့ ထွက်ခွာလာခဲ့သည်။

သတင်း

မတ်လ ၁၁ ရက် နံနက်အစောပိုင်းတွင် ကုရင်ကျေး ရွာအုပ်စုတောင်ကြားတွင် စစ်ကောင်စီတပ်များ ခိုးဝင်ရောက်ရှိနေကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ ကသတင်းရရှိခဲ့သည်။

သတင်း

အဆိုပါ စစ်ကောင်စီယာဉ်တန်းတွင် အင်အား ၁,၀၀၀ ကျော်ပါဝင်နိုင်ပြီး စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်နှင့် ကချင်ပြည်နယ်ဘက်သို့ အင်အားဖြည့်တင်းနိုင်ကြောင်း ကသာနှင့် ထီးချိုင့်မြို့နယ် မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များက မှတ်ချက်ပြုသည်။