Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံတိုက်ပွဲ စစ်​တပ်စစ်​ကြောင်းမှူးအပါအဝင်၁၉ဦး​သေဆုံးပြီး စစ်သုံ့ပန်း ၆ ဦးဖမ်းမိ

မတ်လ ၁၁ ရက် နံနက်အစောပိုင်းတွင် ကုရင်ကျေး ရွာအုပ်စုတောင်ကြားတွင် စစ်ကောင်စီတပ်များ ခိုးဝင်ရောက်ရှိနေကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ ကသတင်းရရှိခဲ့သည်။

ဖယ်ခုံတိုက်ပွဲ စစ်​တပ်စစ်​ကြောင်းမှူးအပါအဝင်၁၉ဦး​သေဆုံးပြီး စစ်သုံ့ပန်း ၆ ဦးဖမ်းမိ
ဖယ်ခုံတိုက်ပွဲ စစ်​တပ်စစ်​ကြောင်းမှူးအပါအဝင်၁၉ဦး​သေဆုံးပြီး စစ်သုံ့ပန်း ၆ ဦးဖမ်းမိ

▪︎လက်နက်မျိုးစုံ ၁၅လက်နှင့် ခဲယမ်းအများအပြားသိမ်းဆည်းရရှိ ၊PDF တစ်ဦးကျဆုံးပြီး ၂ ဦးဒဏ်ရာရ

ရှမ်း-ကယား(ကရင်နီ)ဒေသအစပ် ဖယ်ခုံမြို့နယ်၊ ကုရင်ကျေးရွာအုပ်ဟုတောင်ကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ စစ်​​ကြောင်းမှူးအပါအဝင်အလောင်း ၁၉ လောင်း နှင့် စစ်သုံ့ပန်းခြောက်ဦးဖမ်းဆီးရမိပြီး လက်နက် ၁၅လက်နှင့် ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ က ယနေ့ထုတ်ပြန်သည်။

“ အင်အား ၆၀ လောက်ပါတဲ့ ခမရ ၄၂၃ နဲ့ တိုက်ပွဲ ဖြစ်တယ်။စစ်ကြောင်းမှူးလင်းလင်းထွန်း အပါ ၁၉ ယောက်သေတယ်။သုံ့ပန်းခြောက်ယောက်မိတယ်” ဟု ကရင်နီပူးပေါင်းတပ်မှ တာဝန်ရှိသူက ပြောသည်။

​သေဆုံးသွား​သောစစ်​ကြောင်းမှူးမှာလင်လင်ထွန်းဖြစ်​ကြောင်းသိရသည်။ ၎င်း၏ရာထူး အဆင့်ကိုမူစုံစမ်း​နေဆဲဖြစ်သည်။

ဖယ်ခုံတိုက်ပွဲ စစ်​တပ်စစ်​ကြောင်းမှူးအပါအဝင်၁၉ဦး​သေဆုံးပြီး စစ်သုံ့ပန်း ၆ ဦးဖမ်းမိ
ဖယ်ခုံတိုက်ပွဲ စစ်​တပ်စစ်​ကြောင်းမှူးအပါအဝင်၁၉ဦး​သေဆုံးပြီး စစ်သုံ့ပန်း ၆ ဦးဖမ်းမိ

ထို့အပြင် အာပီဂျီ -နှစ်လက်၊၆၀ မမစိန်ပြောင်း တစ်လက်၊ကွန်မဒိုပြောင်းနှစ်လက်၊MA 1-၊MA2၊ MA-3 ၇လက်၊စနှိုက်ပါ-တစ်လက်၊ 9mm-တစ်လက်၊ငါကြင်းမီး-တစ်လက်၊အထိုင်စက်-နှစ်လုံး၊ကျည်ဘောက် -၃၀ခုလက်ပစ်ဗုံး-၁၀လုံး၊နင်းမိုင်း-၁၀လုံး၊အီနာဂါ-၂၀လုံးအာပီဂျီအသီး အလုံး ၃၀ ၊ ၅.၅၆ကျည် -သုံးထောင် ၊AKကျည်-ငါးရာနှင့် ငါးကြင်းမီးကျည်-၁,၅၀၀ တို့ကိုပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ကသိမ်းဆည်းရရှိခဲ့သည်။

မတ်လ ၁၁ ရက် နံနက်အစောပိုင်းတွင် ကုရင်ကျေး ရွာအုပ်စုတောင်ကြားတွင် စစ်ကောင်စီတပ်များ ခိုးဝင်ရောက်ရှိနေကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ ကသတင်းရရှိခဲ့သည်။

ထို့ကြောင့် ဖယ်ခုံ PDF တပ်ရင်း ၂ နှင့် မဟာမိတ်အင်အားစုများ တောနင်းရှာဖွေရာ နံနက် ၁၀ နာရီခွဲခန့်တွင်တိုက်ပွဲစဖြစ်ခဲ့သည်။

ဖယ်ခုံမြို့ အထိုင်တပ်က လက်နက်ကြီးပစ်ကူမှု ရှိနေသောကြောင့် ခက်ခက်ခဲခဲ တိုက်ဆင်စစ်ခဲ့ရ​ကြောင်းသိရသည်။ သို့သော် ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်သား မျာအထိနာခဲ့သောကြောင့် ထွက်ပြေးခဲ့ကြသည်။

ထို့နေ့တွင်ပင် စစ်ကောင်စီတပ်သားခြောက်ယောက်ကိုလည်း အရှင်မိခဲ့သည်။ ကရင်နီပူးပေါင်းဖက်က်တွင် ရဲဘော်နှစ်ဦး(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရခဲ့သည်။

ထို့နောက် မတ်လ ၁၂ ရက် နံနက် ၁ နာရီတွင် တောလမ်းတစ်နေရာတွင် ဖယ်ခုံ PDF တပ်ရင်း ၂ မှ ကင်း‌ ထောက်တပ်စိပ်နှင့်ဆုတ်ခွာထွက်ပြေးလာသောစစ်ကောင်စီတပ်တို့ ထပ်မံထိတွေ့မှု ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲတွင် PKPDF2 ရဲဘော်တစ်ဦး အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် အသက်ပေးခဲ့ရသည်။

ဖယ်ခုံတိုက်ပွဲ စစ်​တပ်စစ်​ကြောင်းမှူးအပါအဝင်၁၉ဦး​သေဆုံးပြီး စစ်သုံ့ပန်း ၆ ဦးဖမ်းမိ
ဖယ်ခုံတိုက်ပွဲ စစ်​တပ်စစ်​ကြောင်းမှူးအပါအဝင်၁၉ဦး​သေဆုံးပြီး စစ်သုံ့ပန်း ၆ ဦးဖမ်းမိ

မတ်လ ၁၂ ရက်တွင် ကရင်နီတပ်ပေါင်းစုက တိုက်ပွဲ ဖြစ်ရာနေရာများတွင် နယ်မြေရှင်းလင်းရေးဆောင် ရွက်ရာ အရာရှိအပါအဝင် စစ်ကောင်စီအလောင်း ၁၉ လောင်းနှင့် လက်နက်ခဲယမ်းအများအပြား သိမ်း ဆည်းရရှိခဲ့သည်။

ကုရင်ကျေးရွာအုပ်စုတောင်ကြားတိုက်ပွဲတွင် ပြည်သူ့အားနှင့် စစ်ကောင်စီတပ်ကို တိုက်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း၎င်းတို့ အမြဲတစေလိုအပ်လျက်ရှိသော လက်နက်ခဲယမ်းအတွက် ဆက်လက်ပံ့ပိုးပေးကြရန် ဖယ်ခုံ PDF တပ်ရင်း ၂ က ​မေတ္တာရပ်ခံထားသည်။

ဖေဖော်ဝါရီ ၂၄ ရက်ကစ၍ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှတဆင့် ဖယ်ခုံမြို့ ဘက်ခြမ်း သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် ပအိုဝ်း ပြည်သူ့စစ်PNO ပူးပေါင်းတပ်ကို ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နှင့် အလယ်ပိုင်းတိုင်းတပ်ဖွဲ့များက ပူးပေါင်းတိုက် ခိုက်နေသည်။

ပင်လောင်းမြို့နယ်တိုက်ပွဲမှာ ယနေ့အချိန် ထိ ဖြစ်ပွားနေဆဲ ဖြစ်သည်။ထို့အပြင် ကရင်နီ(ကယား)ပြည်နယ် အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ (၄) ခုဖွင့်ကာ စုစု ပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။

You May Also Like

သတင်း

မနက် ၁၀ နာရီ ခွဲဝန်းကျင်မှာ ထွေအုပ်ရုံးရှေ့လမ်းပေါ်နဲ့ ရုံးဝန်းထဲကို ဗုံး ၂ လုံးကျသလို ၊ လျှပ်စစ်ရုံးမှာ ခြံစည်းရိုးအစပ်ကို ဗုံးကျတာလို့သိရပါတယ်။

သတင်း

မတ်လ ၁၂ရက် နံနက် ၈နာရီခန့်က ရေဦးမြို့မှထွက်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ခင်ဦးမြိို့သို့ ထွက်ခွာလာခဲ့သည်။

သတင်း

MNDAA တိုင်းရင်းသားတပ်မဟာ(၆၁၁)နှင့် စစ်ကောင်စီ၏ နမ့်ပုံ အခြေစိုက် ခလရ(၂၉၁) တပ်တို့သည် ၂၀၂၂ နိုဝင်ဘာအတွင်းကလည်း လားရှိုးမြို့နယ်အတွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်။

သတင်း

ယမန်နေ့ (မတ် ၁၂ ရက်) ညနေ ၄ နာရီခွဲဝန်းကျင်က ပြည်မြို့ မင်းကြီးတောင်ပေါ်ရှိ ယုံဖြူတောင် ၌တပ်စွဲထားသော စရဖရုံးတွင် ပေါက်ကွဲမှုဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။