Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUGဝါရှင်တန်ရုံးမှာ ဒုနိုင်ငံခြားရေးဝန်ကြီးကို အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ လာရောက်တွေ့ဆုံ

အဲဒီဆွေးနွေးပွဲသို့ NUGသတင်း၊ဆက်သွယ်ရေးနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ကြီးဦးထင်လင်းအောင်လည်းတက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - MOFA NUG - DC
ဓာတ်ပုံ - MOFA NUG - DC

▪️မြန်မာပြည်သူတွေကို အကူအညီတိုးမြှင့်ပေးနိုင်ရေး ထည့်သွင်းဆွေးနွေး

အမေရိကန်မြို့တော်ဝါရှင်တန်ရှိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးခန်းသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဦးဆောင်တဲ့အဖွဲ့ မနေ့က(မတ်လ ၁၃ ရက်)လာရောက်ခဲ့တယ်လို့ ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဦးဆောင်တဲ့အဖွဲ့ကို NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ကြိုဆိုလက်ခံတွေ့ဆုံခဲ့ပြီး လက်ရှိမြန်မာပြည်အခြေအနေများ၊ အမေရိကန်ပြည်ထောင်စုရဲ့ရပ်တည်ချက်များနဲ့ အကူညီပေးနိုင်မယ့်ကိစ္စရပ်များအား ဆွေးနွေးခဲ့တယ်လို့ NUG ဝါရှင်တန်ရုံးက ဖော်ပြပါတယ်။

“NUG ရဲ့ ဝါရှင်တန်ရုံးမှာ ဦးမိိုးဇော်ဦးနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာပြည်သူတွေကို အကူအညီတွေ ဘယ်လိုတိုးမြှင့်ပေးရမလဲဆိုတာနဲ့ အားလုံးပါဝင်ကာ ဒီမိုကရေစီနည်းကျ နိုင်ငံကို ငြိမ်းချမ်းစွာကူးပြောင်းနိုင်ဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်”လို့ အတိုင်ပင်ခံ Derek Chollet က အသိပေးပါတယ်။

အဲဒီဆွေးနွေးပွဲသို့ NUGသတင်း၊ဆက်သွယ်ရေးနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ကြီးဦးထင်လင်းအောင်လည်းတက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

You May Also Like

သတင်း

စစ်တပ်သည် ဖေဖော်ဝါရီမှ စတင်ကာ ပင်လောင်း၊ ရှားတော၊ ဒီးမော့ဆို၊ ဘောလခဲ စသည့် တို့၌ စစ်မျက်နှာ ၄ခုဖြင့် အပြင်းအထန် ထိုးစစ်ဆင်ခဲ့ရာ ပင်လောင်းမြို့နယ်၌ နှစ်ပတ်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

သတင်း

ယနေ့ကျရောက်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တည်ထောင်ခြင်း (၃၄)နှစ်မြောက်နေ့သို့ ကာကွယ် ရေးဝန်ကြီးက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိိုးရအဖွဲ့နှင့် ဥရောပသမဂ္ဂအထူးကိုယ်စားလှယ်တို့အကြား ပုံမှန်ဆက်သွယ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

သတင်း

NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးလည်းဖြစ်သူ ဒေါက်တာ ဝင်းမြတ်အေးသည် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီများကို အမှန်တကယ်လိုအပ်သော နေရာများသို့ ထိထိရောက်ရောက် ရရှိနိုင်ရေး အတွက် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။