Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏လက်နက်ကြီးကျည်ထိမှန်၍ စာကျက်နေသည့်(၁၀)တန်းကျောင်းသား ညီအစ်ကိုနှစ်ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဥ်ရက်ဆက် အကြောင်းမဲ့ ပစ်ခတ်နေသောကြောင့် ဘေးကင်းလုံခြုံရေးအတွက် သတိဝီရိယဖြင့် နေထိုင်ကြရန်လည်း KNDFက တိုက်တွန်းသည်။

(စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသည့် (၁၀)ကျော်သက်အရွယ်ညီအကိုနှစ်ဦး​၏ ရုပ်အလောင်းအားတွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသည့် (၁၀)ကျော်သက်အရွယ်ညီအကိုနှစ်ဦး​၏ ရုပ်အလောင်းအားတွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏လက်နက်ကြီးကျည်ထိမှန်၍ စာကျက်နေသည့် (၁၀)တန်း ကျောင်းသားနှင့် ၎င်း၏ ညီဖြစ်သူတို့ သေဆုံးသွားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၁၁က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီခွဲခန့်က ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းအတွင်းသို့ စစ်ကောင်စီ၏ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သဖြင့် ဘုန်းကြီးကျောင်းတွင် စာကျက်နေသော (၁၀)တန်းကျောင်းသား အသက်(၁၉)နှစ်နှင့် သူ၏ညီ အသက်(၁၅)နှစ် ညီအစ်ကိုနှစ်ဦး သေဆုံးခဲ့ခြင်းဟု ဆိုသည်။

အဆိုပါ လက်နက်ကြီးကျည်ကြောင့် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနှင့် ဇရပ်အပါအဝင် ဘုရားဆင်းတုတော်များ၊ မီးစက်နှင့် အခြားသော အသုံးအဆောင်ပစ္စည်းများစွာလည်း ပျက်စီးခဲ့ကြောင်းလည်း ဖော်ပြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဥ်ရက်ဆက် အကြောင်းမဲ့ ပစ်ခတ်နေသောကြောင့် ဘေးကင်းလုံခြုံရေးအတွက် သတိဝီရိယဖြင့် နေထိုင်ကြရန်လည်း KNDFက တိုက်တွန်းသည်။

ဖေဖော်ဝါရီ ၂၇ ရက်ကလည်း ဖယ်ခုံအခြေစိုက်စစ် ကောင်စီတပ်လက်နက်ကြီးများဖြင့် စစ်မဖြစ်သော ရွာများသို့ အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုအတွင်း လက်နက်ကြီး သုံးလုံး ကျခဲ့သည်။

ထိုဖြစ်စဥ်တွင် အသက်(၄၀)အရွယ် အမျိုးသားတစ်ဦး(ဗိုက်ပွင့် စိုးရိမ်ရ)နှင့် (၈)နှစ်အရွယ် ကလေးငယ်တစ်ဦး (နံရိုးထိ) ထိခိုက်ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီ၏ အကြမ်းဖက်စစ်ရာဇဝတ်မှုများကြောင့် ကရင်နီပြည်နယ်(ဖယ်ခုံ၊ မိုးဗြဲ)အပါအဝင်ဖေဖော်ဝါရီအတွင်း အရပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ရသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်များသည် ယမန်နေ့ညက သရက်ပင်စုကျေးရွာ ဘုန်းကြီးကျောင်းနှင့် မြင်းဒေါင်းကျေးရွာ ဘုန်းကြီးကျောင်း၌ ပြန်လည်စခန်းချခဲ့ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာအနီးတပ်စွဲထားသောစစ်ကောင်စီတပ်စခန်းကို ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းမှ ပုလဲစစ်ကြောင်းနှင့် ကော်သူလေးတပ်မတော် (KTLA) တို့က ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၁နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

တိုက်ပွဲနှင့်ပတ်သပ်၍​မေးမြန်းရန် KIA သတင်းပြန်ကြား​ရေးတာဝန်ခံ ဗိုလ်မှူး​ကြီးနော်ဘူကိုဆက်သွယ်ကြိုးစား​သော်လည်းဆက်သွယ်မရ​သေးပါ။

သတင်း

ဒိုက်ဦးမြို့အနီး ခမရ (၄၄၀)တပ်ဂိတ်နှင့် ဒိုက်ဦးမှ အမြန်လမ်းမကြီးသို့သွားရာလမ်းတွင်ရှိသည့် (၇၂)မိုင် စစ်ဆေးရေးဂိတ်များကို ဖေဖော်ဝါရီ ၂၆ ရက် ည ၈နာရီက မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။