Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတုန်းမြို့နယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်နှစ်ခုပစ်ခတ်တိုက်ခိုက်

ယမန်နေ့ (မတ် ၁၄ရက်) နံနက် ၆နာရီခန့်က မင်းတုန်းမြို့နယ် ပုသိမ် – မုံရွာလမ်းပိုင်းရှိ (၅)မိုင်စစ် ဆေးရေးဂိတ်အား တပ်ရင်း (၄)Eagle Force နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားလက်ရုံးတပ် (S.A.F)တို့ ပူးပေါင်းပြီး (၄၀) မမဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ တိုက်ပွဲဝင်နေသော ကျောင်းသားလက်ရုံးတပ်တော် တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - ကျောင်းသားလက်ရုံးတပ်တော်)
(စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ တိုက်ပွဲဝင်နေသော ကျောင်းသားလက်ရုံးတပ်တော် တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - ကျောင်းသားလက်ရုံးတပ်တော်)

မကွေးတိုင်း မင်းတုန်းမြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နှစ်ခုကို မဟာမိတ်ညီနောင်များနှင့်ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင် PDF တပ်ရင်း (၄)Eagle Forceက ပြောသည်။

ယမန်နေ့ (မတ် ၁၄ရက်) နံနက် ၆နာရီခန့်က မင်းတုန်းမြို့နယ် ပုသိမ် – မုံရွာလမ်းပိုင်းရှိ (၅)မိုင်စစ် ဆေးရေးဂိတ်အား တပ်ရင်း (၄)Eagle Force နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားလက်ရုံးတပ် (S.A.F)တို့ ပူးပေါင်းပြီး (၄၀) မမဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ (၄၀)မမနဲ့ တစ်ကြိမ်ပစ်တာမှာ ပစ်မှတ်ကိုလွဲသွားပါတယ်။ ဒုတိယအကြိမ်ပစ်ဖို့အလုပ်မှာ သူတို့ဘက်က တရစပ်ပြန်ပစ်တာနဲ့ ချက်ချင်းပြန်ဆုတ်ခဲ့ရတယ်” ဟု သရက်ခရိုင် PDF တပ်ရင်း (၄)Eagle Force မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြော သည်။

အလားတူ မင်းတုန်းမြို့ စပါးတန်းကျေးရွာ အထိုင်ချထားသော စစ်တပ်စစ်ဆေးရေးဂိတ်ကိုလည်း ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချကာ တပြိုင်နက် တိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း (၄)မှ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်သား ၁၀ဦးခန့်စီရှိနေပြီး တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှုများရှိနိုင်သော်လည်း အခြေနေအသေးစိပ်အား မသိရသေးကြောင်း သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များက အသိပေးသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းကလည်း သရက်ခရိုင် တပ်ရင်း (၄)နှင့် မဟာမိတ်တပ်ဖွဲ့များက မင်းတုန်းမြို့နယ်ရှိ (၅)မိုင်စစ်ဆေးရေးဂိတ်အပါအဝင် အလယ်ချောင်းကျေးရွာရှိ စစ်ကောင်စီ နယ်မြေရဲစခန်းတို့ကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

You May Also Like

သတင်း

ယမန်နေ့ (မတ် ၁၃ ရက်နေ့)ည ၇ နာရီခန့်က နေပြည်တော် လယ်ဝေးမြို့နယ်အခြေစိုက် အောင်နန်းချိုရွာအနီးရှိ အမှတ် (၆၀၄)ခြေမြန်တပ်ရင်းအတွင်းသို့ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

KNDF ကမူ မတ်လ ၁၂ ရက်တွင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူရုပ်အ​လောင်း ၂၈ ​လောင်း​တွေ့ရှိရ​ကြောင်းထုတ်ပြန်ထားသဖြင့် ယခုထုတ်ပြန်ချက်ထက် ၇ ဦးပိုများသည်။ထို​ကြောင့် ကျန် ၇ ဦး၏ ရုပ်အ​လောင်းနှင့် ပတ်သပ်၍ People's Spring ကစုံစမ်း​နေဆဲဖြစ်ပါသည်။

သတင်း

စစ်ကောင်စီတပ်က နန်းနိမ့်ရွာသံဃာတော်သုံးပါးအပါအဝင် ၊ အပြစ်မဲ့ပြည်သူများအား မသေမချင်း တန်းစီ ပစ်သတ်ထားသော လုပ်ရပ်အား အပြင်းအထန် ရူတ်ချကြောင်းလည်း KRU ကထုတ်ပြန်သည်။

သတင်း

မတ်လ ၁၁ ရက်​နေ့က နယ်စပ်မှတ်တိုင် BP-8 နှင့် BP-9 အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းထုတ်ပြန်ရာ၌ KMICကထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။