Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်းတောင်ရှိပြည်သူ့စစ်နယ်ကိုသုံးပြီး ရိက္ခာလာပို့သည့် စစ်တပ်နှင့် နှစ်လခွဲအတွင်းတိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ဟု ကရင်နီတပ်အသိပေး

မတ်လ ၁၁ ရက်​နေ့က နယ်စပ်မှတ်တိုင် BP-8 နှင့် BP-9 အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းထုတ်ပြန်ရာ၌ KMICကထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

(စစ်တပ်ထံမှ ကရင်နီတပ်မ​တော်ကသိမ်းဆည်းရရှိ​သော လက်နက်ခဲ့ယမ်းနှင့်က်စပ်ပစ္စည်းများ။ဓါတ်ပုံ-KMIC၊KV)
(စစ်တပ်ထံမှ ကရင်နီတပ်မ​တော်ကသိမ်းဆည်းရရှိ​သော လက်နက်ခဲ့ယမ်းနှင့်က်စပ်ပစ္စည်းများ။ဓါတ်ပုံ-KMIC၊KV)

▪︎မတ် ၁၁တိုက်ပွဲ စစ်ကောင်စီတပ်မှ အလောင်း ၂လောင်းနှင့် ခဲယမ်းများရဟု ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်းပြည်သူ့စစ်(SSS) နယ်မြေကိုအသုံးပြုပြီး ကရင်နီနယ်စပ်ရှိ စစ်ကောင်စီတပ်များ၏ အရေးပါသည့် စစ်တပ်စခန်းများသို့ ရိက္ခာပို့ဆောင်ရေးနှင့် လုံခြုံရေး ယူပေးရသည့် စစ်ကောင်စီတပ်ရင်းများနှင့် နှစ်လခွဲအတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့-KMICကထုတ်ပြန်သည်။

မတ်လ ၁၁ ရက်​နေ့က နယ်စပ်မှတ်တိုင် BP-8 နှင့် BP-9 အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းထုတ်ပြန်ရာ၌ KMICကထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

(စစ်တပ်ထံမှ ကရင်နီတပ်မ​တော်ကသိမ်းဆည်းရရှိ​သော လက်နက်ခဲ့ယမ်းနှင့်က်စပ်ပစ္စည်းများ။ဓါတ်ပုံ-KMIC၊KV)
(စစ်တပ်ထံမှ ကရင်နီတပ်မ​တော်ကသိမ်းဆည်းရရှိ​သော လက်နက်ခဲ့ယမ်းနှင့်က်စပ်ပစ္စည်းများ။ဓါတ်ပုံ-KMIC၊KV)

ရှမ်း-ကရင်နီနယ်စပ်အနီး ခေတ္တစခန်းအခြေပြုနေသော ကရင်နီတပ်မတော်အား ရှမ်းပြည်ဖက်မှ ဆင်းလာသော ရိက္ခာနှင့် လမ်းလုံခြုံရေးတာဝန်ယူထားသည့် ခမရ(၃၃၄)နှင့် ခမရ-(၅၁၉)တပ်ရင်းမှ ယမန်​နေ့ ​နေ့ခင်းပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မေလယုစခန်းထိုင် ခမရ(၃၃၇)တပ်ရင်းကလည်းလက်နက်ကြီး(၁၅) လုံးခန့်ပစ်ကူခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲမှာ ညနေ(၆)နာရီအထိကြာမြှင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ ထိခိုက်သေဆုံးမှုများရှိပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ကရင်နီတပ်မတော် နည်းဗျူဟာ(၁)မှူးက သတင်းပေးပို့သည်ဟု ထုတ်ပြန်သည်။

ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်နောက်သို့ လိုက်လံရှင်းလင်းရာ ခမရ(၃၃၄)နှင့် ခမရ(၅၁၉)တပ်ရင်း၏ အလောင်း(၂)လောင်းနှင့် ခဲယမ်းမျိုးစုံကို သိမ်းဆီးရမိခဲ့ကြောင်း ဓာတ်ပုံများနှင့်အတူဖော်ပြသည်။စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှု အရေအတွက်မသိရှိရသော်လည်း အလောင်းများ သို့မဟုတ် ဒဏ်ရာရရှိသူများကို ဆွဲယူသွားသည့် ခြေရာလက်ရာများကို တွေ့ရှိခဲ့ရကြောင်း အသိ​ပေးထားသည်။

(စစ်တပ်ထံမှ ကရင်နီတပ်မ​တော်ကသိမ်းဆည်းရရှိ​သော လက်နက်ခဲ့ယမ်းနှင့်က်စပ်ပစ္စည်းများ။ဓါတ်ပုံ-KMIC၊KV)
(စစ်တပ်ထံမှ ကရင်နီတပ်မ​တော်ကသိမ်းဆည်းရရှိ​သော လက်နက်ခဲ့ယမ်းနှင့်က်စပ်ပစ္စည်းများ။ဓါတ်ပုံ-KMIC၊KV)

စစ်ကောင်စီတပ်သည်ကရင်နီပြည်နယ်အတွင်းမြန်မာ-ထိုင်းနယ်စပ်ရှိ ရှေ့တန်းစခန်းများအား ယခုပွင့်လင်းကာလ၌ လက်နက်ခဲယမ်းနှင့် ရိက္ခာဖြည့်တင်းရန် ကြိုးပမ်းလျက်ရှိရာ ကရင်နီတပ်​များကလည်း ဆက်တိုက်ကြားဖြတ်တိုက်ခိုက်​နေသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်က ကရင်နီပြည်နယ်သို့ စစ်မျက်နှာလေးခုဖွင့်ပြီး ထိုးစစ်ဆင်လျက်ရှိရာ ကရင်နီတပ်များ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ စသည့် တော်လှန်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်လျက်ရှိသည်။

You May Also Like

သတင်း

ဆေးရုံ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ညပိုင်း(ယနေ့မနက် အစောပိုင်း)၌ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

သတင်း

စစ်ကောင်စီတပ်က နန်းနိမ့်ရွာသံဃာတော်သုံးပါးအပါအဝင် ၊ အပြစ်မဲ့ပြည်သူများအား မသေမချင်း တန်းစီ ပစ်သတ်ထားသော လုပ်ရပ်အား အပြင်းအထန် ရူတ်ချကြောင်းလည်း KRU ကထုတ်ပြန်သည်။

သတင်း

ဒီးမောဆိုအရှေ့ခြမ်းသို့ ထိုးစစ်ဆင်လာ​သော စစ်ကောင်စီတပ်သည် အထိနာခဲ့သဖြင့် စစ်ရဟတ်ယာဉ်များအသုံးပြု၍ လာရောက်ပစ်ခတ်ခဲ့​ကြောင်းသိရသည်။

သတင်း

ဖမ်းဆီးခံရသည့်အ​ခြေအ​နေကို​မေးမြန်းရန် People's Spring သတင်းဌာနကချင်ရိုးရာယဉ်ကျေးမှုရုံးသို့ ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသေးပေ။