Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးတိုင်း ပို့ဆောင်ရေးရုံး ပေါက်ကွဲမှုဖြစ်ပြီး ၅ ဦးထိခိုက်

ဒေသခံတစ်ဦးပြောပြချက်အရ အဲဒီရုံးဘက်ကနေ ပေါက်ကွဲသံကြီး ကြားလိုက်ရပြီးနောက် လူနာတင်ကားတွေအဝင်အထွက် ရှိနေတာကိုတွေ့ခဲ့ရတယ်လို့သိရပါတယ်။

မန္တလေးတိုင်း ပို့ဆောင်ရေးရုံး ပေါက်ကွဲမှုဖြစ်ပြီး ၅ ဦးထိခိုက်
မန္တလေးတိုင်း ပို့ဆောင်ရေးရုံး ပေါက်ကွဲမှုဖြစ်ပြီး ၅ ဦးထိခိုက်

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် ၊ တိုင်းပို့ဆောင်ရေး ရုံးထဲ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ရာ ဒု ဦးစီးမှူးအပါအဝင် ဌာနဆိုင်ရာဝန်ထမ်း ၅ ဦး ထိခိုက်သွားတယ်လို့ ဒေသခံအချို့ဆီကစုံစမ်းသိရပါတယ်။

ပေါက်ကွဲမှုဟာ ဒီနေ့မနက်ပိုင်း ၁၁ နာရီခန့်က ဖြစ်ပွားတာပါ။

ချမ်းအေးသာစံမြို့နယ် ၊ အောင်နန်းရိပ်သာရပ်ကွက် ၊ ၃၄ လမ်းနဲ့ ၃၅ လမ်းကြား ၊ ၈၄ လမ်းပေါ်မှာရှိတဲ့ တိုင်းပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနရုံးထဲကို လူငယ်တစ်ဦး ဗုံးပစ်ထည့်သွားတာလို့ စစ်ကောင်စီထုတ်ပြန်တဲ့သတင်းမှာ စွပ်စွဲထားတာတွေ့ရပါတယ်။

ဒေသခံတစ်ဦးပြောပြချက်အရ အဲဒီရုံးဘက်ကနေ ပေါက်ကွဲသံကြီး ကြားလိုက်ရပြီးနောက် လူနာတင်ကားတွေအဝင်အထွက် ရှိနေတာကိုတွေ့ခဲ့ရတယ်လို့သိရပါတယ်။

ဒဏ်ရာရသူ ၅ ဦးမှာ ဒုဦးစီးမှူး ၊အကြီးတန်း စာရေး ၃ ဦး နဲ့အငယ်တန်းစာရေး ၁ ဦးဖြစ်ပြီး မန္တလေး ဆေးရုံဆီပို့ဆောင်ထားပါတယ်။

အဲဒီ ၅ ဦးလုံး ဟာ ခြေထောက်အောက်ပိုင်းထိခိုက်ဒဏ်ရာတွေသာရခဲ့ပြီးမစိုးရိမ်ရဘူးလို့မန္တလေးဆေးရုံနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

Facebook

You May Also Like

သတင်း

နွားကျောင်းသွားရင်း တောတွင်းတစ်နေရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန် ကျန်ခဲ့တဲ့ ၇၉ ဗုံးသီးပစ်လောင်ချာကျည်ဖူးကို ကောက်ယူလာခဲ့ပြီး နေအိမ်က အုတ်ကန်ပေါ် တင်ထားရာကနေ ပြုတ်ကျကာ ပေါက်ကွဲမှုဖြစ်ပြီးသေဆုံးသွားတာလို့သိရပါတယ်။

သတင်း

ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉နာရီ ၅၀မိနစ်တွင် မန္တလေးတိုင်းလွှတ်တော်ရုံးကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒဏ်ရာရကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

သတင်း

ပေါက်ကွဲမှုတွေဟာ မနေ့က ဖေဖော်ဝါရီ ၇ ရက် ည ၈ နာ ရီကျော်ကစပြီး ပုဏ္ဏားစု၊ ဆိုရှယ်လစ် (၉)လမ်း၊ ဆို ရှယ်လစ် (၃)လမ်း၊ မဟာစေတီဘက်ခြမ်းနဲ့ တိုင်းဘော လုံးကွင်းအနီးညစျေး စတဲ့နေရာတွေမှာ ပေါက်ကွဲမှု နေရာခြောက်ခုထက်မနည်း ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

သတင်း

စမ်းချောင်းမြို့နယ် မြေနီကုန်းအနီး စစ်ကောင်စီဝင်များ အစစ်အဆေးကြမ်းနေကြောင်းသိရသဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီဝင်များနှင့် အဝေးဆုံးမှ ရှောင်ရှားသွားလာကြရန်လည်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက လူမှုကွန်ရက်မှတဆင့် အသိပေးဖော်ပြခဲ့သည်။