Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်မြို့နယ်မှ ပြည်သူ ၄၀ ခန့်ကို စစ်တပ်က လူသားဒိုင်းအဖြစ်ထပ်မံဖမ်းဆီး

KIA၊PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်းစီတပ်သည်ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်း စစ်ရေးတင်းမာနေသည်။ဖားကန့်မြို့နယ် ပျားအုံကျေးရွာနှင် ခွန်စံဇွပ်ကျေးရွာအ‌နောက်ဘက်တွင်မေလ ၁၃ရက်မှစ၍ သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေးဦးသေဆုံးကာ PDFတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ​ဒေသခံအချို့က​ပြောသည်။

(စစ်​ကောင်စီတပ်က ၂၀၂၃ ဧပြီ ၂၆ ရက်က ဖားကန့်မြို့နယ်၊မဇွပ်ယန်နှင့် ဆန်ခါ ကျေးရွာ ၂ရွာ ပြည်သူများကိုစစ်​ကောင်စီတပ်က လူသားဒိုင်းအဖြစ်အသုံးပြုရန်ဖမ်းဆီးထားစဥ်။ ဓါတ်ပုံ- အောင်ဇော်မိုး)
(စစ်​ကောင်စီတပ်က ၂၀၂၃ ဧပြီ ၂၆ ရက်က ဖားကန့်မြို့နယ်၊မဇွပ်ယန်နှင့် ဆန်ခါ ကျေးရွာ ၂ရွာ ပြည်သူများကိုစစ်​ကောင်စီတပ်က လူသားဒိုင်းအဖြစ်အသုံးပြုရန်ဖမ်းဆီးထားစဥ်။ ဓါတ်ပုံ- အောင်ဇော်မိုး)

ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာနှင့် ခင်တောင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (မေလ ၁၇ရက်)ဝင်ရောက်စီးနင်းပြီး ဒေသခံ ပြည်သူ ၄၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ​ဒေသခံများက​ပြောသည်။

“ဒီနေ့မနက်ပိုင်းဝင်လာတာ။ ဒေသခံတွေကို ဖမ်း‌​ခေါ်သွားတယ်။ စုစုပေါင်း ၄၀ လောက်ရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

နမ့်ယား ကျေးရွာသည် မြစ်ကြီးနား-ဖားကန့်လမ်းပေါ်တွင် တည်ရှိသည်။ ဒေသခံများကို ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်က ဖားကန့်မြို့ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်းလည်း သိရသည်။

“သူတို့ကအရပ်သားတွေကိုလူသားတံတိုင်းလုပ်ပြီး တိုက်ပွဲ‌ဖော်တာ။တခြားရွာက ပြည်သူတွေလည်း တော်တော်လေး ကြောက်လန့်နေကြတယ်” ဟု ဖားကန့်မြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ဧပြီ ၁၇ရက်ကလည်း ဖားကန့်မြို့နယ် ဆိုင်းဘရာရွာကို ဝင်ရောက်စီးနင်းကာ ဒေသခံပြည်သူများကို ဖမ်းဆီးခဲ့သည်။ သက်ကြီးရွယ်အိုများ၊ ကလေးများနှင့်မသန်စွမ်းသူအချို့အပါအဝင် အရပ်သား ၃၀၀ ကျော်ကို လူသားတံတိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်လာကာ KIA လှုပ်ရှားနယ်မြေဖြစ်သော တံတားညီနောင်ကို ဧပြီလ ၁၈ရက်တွင် စစ်ကြောင်းထိုးခဲ့သည်။ ထိုကာလ တိုက်ပွဲများတွင် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးပြုသဖြင့် ပြည်သူအချို့ သေဆုံးခဲ့သည်။

ထို့အပြင် ဧပြီ ၂၆ ရက်ကလည်း ဖားကန့်မြို့နယ်၊မဇွပ်ယန်နှင့် ဆန်ခါ ကျေးရွာ ၂ရွာ ပြည်သူ ၁၀၀ ခန့် ကိုလည်းစစ်ကောင်စီတပ် လူသားဒိုင်းအဖြစ်အသုံးပြုရန်ဖမ်းဆီးခဲ့​သေးကြောင်း ဒေသခံများပြောသည်။