Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာတွင် ပျူများအားသတိပေးထားသည့် ဆိုင်းဘုတ်လာဖြုတ်စဉ် ပေါက်ကွဲပြီး ပျူနှစ်ဦးထိခိုက်ဟုဆို

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးပြီး ဒေသခံပြည်သူများအား ဖမ်းဆီးရိုက်နှက်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

မိုင်းထောင်ထားခဲ့သည့် ပျူများအား သတိပေးထားသော ဆိုင်းဘုတ်အားတွေ့ရစဥ်။ ဓာတ်ပုံ-Never Give Up Fighter Force
မိုင်းထောင်ထားခဲ့သည့် ပျူများအား သတိပေးထားသော ဆိုင်းဘုတ်အားတွေ့ရစဥ်။ ဓာတ်ပုံ-Never Give Up Fighter Force

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်များအား သတိပေးထားသည့် ဆိုင်းဘုတ်လာဖြုတ်သော ပျူများမိုင်းထိပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း Never Give Up Fighter Force(ပြင်ဦးလွင်ခရိုင်ပကဖ)အဖွဲ့က ပြောသည်။

ယမန်နေ့ (မေလ ၂၃ ရက်) နံနက် ၃နာရီခွဲကျော် က မတ္တရာမြို့နယ်၊ ကျုံးကျေးရွာအနီး ရွှေတချောင်းပေါင်ပေါ်တွင် ပျူ​ခေါင်းဆောင် ဝင်းဆွေ၊ ဘိုသန်းနှင့် အပေါင်းအပါများအား သတိပေးထားသော ဆိုင်းဘုတ်ကို လက်လုပ်မိုင်းဖြင့် တွဲ၍ ထောင်ထားခဲ့သည်။

ထို့​နောက် နံနက် ၆ နာရီခန့်တွင် ပျူများက အဆိုပါ ဆိုင်းဘုတ်အား လာဖြုတ်စဥ် ပေါက်ကွဲ၍ နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း Never Give Up Fighter Force အဖွဲ့က ပြောသည်။

“ပျူတွေက ရွှေချောင်းကပါ။ ၁၂ယောက်လောက် ပါပါတယ်။ သူတို့ဖာသာ ပြည်သူမသိအောင်ဘဲသိုသိုဝှက်ဝှက်လုပ်သွားတုန်းထိတာပါ။”ဟု Never Give Up Fighter Force အဖွဲ့၏ တာဝန်ခံက ပြောသည်။

သို့သော် ထိခိုက်မှုအခြေအနေနှင့် ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးပြီး ဒေသခံပြည်သူများအား ဖမ်းဆီးရိုက်နှက်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။