Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာမြို့နယ်ထွေအုပ်ရုံးနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်

ဧပြီ ၁၈ ရက်ကလည်း မတ္တရာမြို့ပေါ်ရှိ စရဖရုံးနှင့် ဆောက်လုပ်ရေး၀န်ကြီးဌာနရုံးတို့ကို ယူနီကွန်း ဒရုန်းဖြင့်ဗုံးသီးချ၍ တပြိုင်နက်တိုက်ခိုက်ခဲ့သေးသည်။

(တိုက်ခိုက်ခံရသည့် မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းအား ဝေဟင်မှမြင်တွေ့ရစဉ်)
(တိုက်ခိုက်ခံရသည့် မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းအား ဝေဟင်မှမြင်တွေ့ရစဉ်)

မန္တလေးတိုင်း မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးသီးသုံးလုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က People’s Spring သတင်းဌာနသို့ ပြောသည်။

ယမန်နေ့(ဧပြီ ၂၀)နေ့လယ် ၁၂ နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

တိုက်ခိုက်မှုတွင် ရာသီဥတုအခြေအနေ လေတိုက်နှုန်းပြင်းထန်ခြင်းကြောင့် နှစ်လုံးသာ တိကျစွာ တိုက်ခိုက်နိုင်ပြီး တစ်လုံးမှာ မတ္တရာဆေးရုံဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ယူနီကွန်းအဖွဲ့က အသိပေးသည်။

“မနေ့က ၁၂ နာရီလောက်ကပါ။ ထိခိုက်မှုရှိတယ် လို့ သတင်းရထားပါတယ်။(ထိခိုက်သေဆုံးစာရင်းအတိအကျ)အဲလိုတော့ မသိရသေးပါဘူး”ဟု ယူနီကွန်း‌ပြောက်ကျားတပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

ဆေးရုံဝင်းအတွင်းသို့ ကျရောက်ခဲ့သည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်ရပြီး မြို့ပေါ် စစ်ရေးပစ် မှတ်များကို ဒရုန်းအသုံးပြု၍ တိုက်ခိုက်ရာတွင် ဖုန်းလိုင်း၊ Wifi လိုင်း၊ Internet လိုင်းနှင့် Jammer လိုင်းစသည်တို့ကြောင့် ပုံမှန်အနေအထားကဲ့သို့ စစ်ဆင်ရေး ဖော်ဆောင်ရာတွင် မလွယ်ကူလှဘဲ အလွဲအမှားရှိခဲ့ပါက နားလည်ပေးကြရန် ပြည်သူ များအား တောင်းပန်ထားသည်။

ထို့အပြင် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ပြီး လမ်းသွားလမ်းလာများကို အတင်းအကျပ် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟုသိရသည်။

အထက်ပါ တိုက်ခိုက်မှုကို စိန်ပန်းနီနီ Drone Team နှင့် ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့ပေါ် စစ်ဆင်ရေးများကို အဆက်မပြတ်ဖော်ဆောင်သွားမည်ဖြစ်၍ ပြည်သူများစစ်ရေးပစ်မှတ်များနှင့် အတတ်နိုင်ဆုံး ဝေးဝေးနေထိုင်ကြရန် ယူနီကွန်းအဖွဲ့က တိုက်တွန်းသည်။

ဧပြီ ၁၈ ရက်ကလည်း မတ္တရာမြို့ပေါ်ရှိ စရဖရုံးနှင့် ဆောက်လုပ်ရေး၀န်ကြီးဌာနရုံးတို့ကို ယူနီကွန်း ဒရုန်းဖြင့်ဗုံးသီးချ၍ တပြိုင်နက်တိုက်ခိုက်ခဲ့သေးသည်။