Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိမ်း​ရှောင်​နေရာမှ ရဲစခန်းတွင်ခံဝန်ထိုး​နေရန်ပြန်​သောအငြိမ်းစားကျောင်းဆရာကိုစစ်​ကောင်စီကဖမ်းဆီးနှိပ်စက်သတ်ဖြတ်

မန္တလေးတိုင်း၊တောင်သာမြို့၊ရုံးပင်ရွာမှ အသက် ၆၇ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာ ဦးသောင်းရီ ကခံဝန်ထိုးပြီးပြန်​နေရန်သွားစဥ် စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ခြင်းဟု ဦးသောင်းရီ၏တပည့်များက People’s Spring သို့ပြောသည်။

(ဖမ်းဆီးသတ်ဖြတ်ခံရ​သော ဦး​သောင်းရီ ငယ်စဥ်ကပုံ)
(ဖမ်းဆီးသတ်ဖြတ်ခံရ​သော ဦး​သောင်းရီ ငယ်စဥ်ကပုံ)

တော်လှန်ရေးတွင်ပါဝင်ခဲ့သူများခံဝန်ဖြင့် ပြန်လည်နေထိုင်ရန် စစ်ကောင်စီ၏ ‌ကမ်းလှမ်းမှုကို ယုံကြည်သဖြင့် ရဲစခန်းသို့ သွားရောက်ခံဝန်ထိုးခဲ့သည့် တောင်သာမြို့မှ အငြိမ်းစား‌ကျောင်းဆရာတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ​ဒေသခံများက​ပြောသည်။

မန္တလေးတိုင်း၊ တောင်သာမြို့၊ ရုံးပင်ရွာမှ အသက် ၆၇ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာ ဦးသောင်းရီ ကခံဝန်ထိုးပြီးပြန်​နေရန်သွားစဥ် စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ခြင်းဟု ဦးသောင်းရီ၏တပည့်များက People’s Spring သို့ပြောသည်။

” ဆရာတို့လင်မယားနှစ်‌ယောက်က ရဲစခန်းကို သွားပြီး ခံဝန်ထိုးတာ။ ဆရာမကြီး(ဦးသောင်းရီ၏ဇနီး)ကိုပြန်လွှတ်ပြီးဆရာ့ကို ဖမ်းထားတာ။ ဖမ်းထားကတည်းကမိသားစုနဲ့အဆက်အသွယ်မရခဲ့ဘူး။ သေတာတောင်အလောင်းမရဘူး။ သူတို့ သဂြိုလ်ပြီးမှ လှမ်းအကြောင်းကြားတာ”ဟု​ဒေသခံတစ်ဦးက ပြောသည်။

ဆရာဦးသောင်းရီသည်ဒေသခံများ၏လေးစားခြင်းခံရသောအငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်ပြီး စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်ခဲ့သူဟုသိရသည်။ စစ်ကောင်စီက ၎င်းအား ဖမ်းဆီးရန် ကြိုးစားရာ ဘေးလွတ်ရာတွင် လပေါင်းများစွာ တိမ်းရှောင်နေခဲ့သည်။

ထို​နောက်တော်လှန်ရေးတွင်ပါဝင်ခဲ့သူများခံဝန်ဖြင့် ပြန်လည်နေထိုင်ရန် ပြီးခဲ့သည့် ဧပြီလတွင် စစ်ကောင်စီက ကြေငြာရာ ဆရာဦးသောင်းရီက ရွာသို့ပြန်လာပြီး ရဲစခန်းသို့‌သွားရောက်သတင်း​ပေး၍ခံဝန်ထိုးစဉ် ဖမ်းဆီးခံလိုက်ရခြင်းဟု ဒေသခံများက ပြောသည်။

ဆရာဦးသောင်းရီနှင့် ဇနီးတို့မှာတောင်သာမြို့ရဲစခန်းသို့ မေလ ၆ ရက်တွင် သွားရောက်ခံဝန်ထိုးစဉ်ဖမ်းဆီးခံရပြီးမေလ ၁၈ ရက်နေ့မှာ သေဆုံးသည့်သတင်းထွက်လာ၍ သွားရောက်မေးမြန်းခဲ့ရာ စစ်​ကောင်စီရဲတပ်ဖွဲ့ကငြင်းဆန်ခဲ့သည်။သို့​သော် ဦး​သောင်ရီ သေဆုံးကြောင်းကို မေလ ၂၃ ရက်နေ့မှသာ ဇနီးဖြစ်သူကိုအကြောင်းကြားလာသည်ဟု​ဒေသခံများက​ပြောသည်။

“ဆရာကြီးသေတယ်ဆိုတာ လက်မခံနိုင်သေးဘူး။ မိသားစုဝင်‌တွေလည်း မယုံကြည်နိုင်ကြသေးဘူး။အခုကရုပ်အလောင်းတောင်မရဘဲ ဆွမ်းသွပ်ရတဲ့အခြေအ‌နေပါ”ဟု တောင်သာမြို့ခံတစ်ဦးကပြောသည်။

ဆရာ ဦးသောင်းရီတို့ ဇနီး​မောင်နှံမှာသားသမီးမထွန်းကားဘဲ တူ၊တူမများနှင့် အေးအေးဆေးဆေးနေထိုင်သူဟုဒေသခံများကပြောသည်။

” ဆရာကြီး ဦးသောင်းရီမှာ သားသမီးမရှိ အေးဆေးစွာနေတတ်သူဖြစ်ပြီး မတရားအာဏာသိမ်းမှု့ကို ဆန့်ကျင်ကာ တရားမျှတမှုရရှိရေးကြိုးပမ်းရင်းက စစ်ကြောရေးတွင် ကျဆုံးခဲ့ရခြင်းကြောင့် လေးစားဂုဏ်ယူဦးညွှတ်လိုက်ရပါသည်” ဟု တောင်သာမြို့လူထုလှုပ်ရှားမှု့ကော်မတီကလည်းထုတ်ပြန်ထားသည်။

“စစ်ကောင်စီကို ယုံပြီး ခံဝန်သွားထိုးလိုက်တဲ့ သက်ကြီးရွယ်အိုဆရာကြီးဘဝက စိတ်မကောင်းဖြစ်ရတယ်။ ဒါကစစ်ရာဇဝတ်မှုပါ”ဟု တောင်သာမြို့ခံတစ်ဦးကပြောသည်။