Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်မြို့နယ် မော်တိတ်ဒေသတွင်တိုက်ပွဲဖြစ်

ဗန်းမောက်နှင့် အင်းတော်ကြား အင်းတော်မြို့အနောက်ဘက် ၁၂ မိုင်ခန့်အကွာတွင် ​မေ ၂၅ ရက်မနက် ၅နာရီခွဲခန့်တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

(စစ်တပ်က​လေ​ကြောင်းမှ ဗုံးကျဲ၍ အင်း​တော်မြို့နယ်၊ ရွာသာယာဘုန်းကြီးကျောင်းပျက်စီး​နေမှုကို​မေ ၂၃ ရက်က​တွေ့ရစဥ်။ဓါတ်ပုံ-Indaw Revolution)
(စစ်တပ်က​လေ​ကြောင်းမှ ဗုံးကျဲ၍ အင်း​တော်မြို့နယ်၊ ရွာသာယာဘုန်းကြီးကျောင်းပျက်စီး​နေမှုကို​မေ ၂၃ ရက်က​တွေ့ရစဥ်။ဓါတ်ပုံ-Indaw Revolution)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်တိတ်ဒေသတွင်ယနေ့မနက်မှစ၍တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားနိုင်ကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော် တစ်ဦးက ပြောသည်။

ဗန်းမောက်နှင့် အင်းတော်ကြား အင်းတော်မြို့အနောက်ဘက် ၁၂ မိုင်ခန့်အကွာတွင် ​မေ ၂၅ ရက်မနက် ၅နာရီခွဲခန့်တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

“အင်းတော်မှာတော့ဟုတ်တယ်။ဒီနေ့မနက်၅နာရီခွဲလောက်တိုက်ပွဲတွေ ဖြစ်တာပေါ့။ ဖြစ်တော့ စစ်ကောင်စီဘက်က ၁၂နာရီလောက်မှာ လေယာဉ်နဲ့ ကြဲသွားတာ။ ဖြစ်တာက အင်းတော် အနောက်ဘက် မော်တိတ်ဒေသ ကျွန်းတောရွာအနီးမှာ ဖြစ်တာ။ ခွေးတွေဘက်ကအထိအခိုက်တော့မပြောတက်ဘူး။ ကိုယ့်ဘက်ကတော့ မထိခိုက်ဘူး။ သူတို့ဘက်က အထိအခိုက်အကျအဆုံးတော့များမယ်။အဲဒါကြောင့်လေကြောင်းကလာတာ။” ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

စစ်ကောင်စီတပ်ဘက်က ယနေ့မနက်ပိုင်း၌ တစ်ကြိမ် မွန်းလွဲပိုင်းတွင်တစ်ကြိမ် လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ​ဒေသတွင်းစစ်​ရေးသတင်းများ​ဖော်ပြ​နေသည့် Indaw Revolutionကလည်း​​ရေးသားထားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်သည့် ဒေသရှိ ပြည်သူများမှာ ယခင်ကတည်းက တိမ်းရှောင်နေကြသည်ဟု အင်းတော် PDFတစ်ဦးကပြောသည်။

အင်းတော်၌ တိုက်ပွဲဖြစ်နေသည့်စစ်ကောင်စီတပ်သည် ဗန်းမောက်မြို့နယ်၌ ဖြစ်ပွားသည့် တိုက်ပွဲသို့ စစ်ကူသွားရောက်မည့်တပ်ဟု ယူဆရကြောင်း အင်းတော် PDF ရဲဘော်နှင့် ဗန်းမောက်နယ် ခံတစ်ဦးက သုံးသပ်​ပြောကြားသည်။

ဗန်းမောက်မြို့နယ် ကြောင်လည်ရွာတွင်လည်းမေလ ၂၀ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က အရာရှိ အပါအဝင် သေဆုံးထိခိုက်သူ ၂၀ ခန့်ရှိသည်ဟု ဗန်းမောက်​ဒေသခံက ပြောသည်။

ဗန်းမောက်တွင်(၅)ရက်ကြာမြင့်သည့် တိုက်ပွဲများကြောင့် ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။

“တိုက်ပွဲဖြစ်တဲ့အတွက်ကျေးရွာတွေကတိမ်းရှောင်နေတယ်။ တိမ်းရှောင်နေရတဲ့အတွက် စားဝတ်နေရေးအခက်အခဲတွေ ရှိနေတယ်ဗျ။ စစ်ရှောင်တွေအတွက်ပေါ့။ တိုက်ပွဲတွေလည်းဆက်ဖြစ်နိုင်တဲ့ အလားအလာရှိပါတယ်” ဟု ဗန်းမောက်ဒေသခံက People’s Spring သို့ပြောသည်။