Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမိတ်နယ် ကျောက်မောရဲကင်းစခန်း စီနင်းတိုက်ခိုက် ရာ ရဲ လေးဦးသေ၊ လက်နက်ခြောက်လက်ရဟု ABSDF မြောက်ပိုင်းတပ် အသိပေး

မေလ ၂၄ ရက်တွင် ကျောက်မောရဲကင်းစခန်းကို ABSDFမှ ဝင်ရောက် ပစ်ခတ်စီးနင်းခဲ့ရာ ရဲတပ်ကြပ်ကြီး အပါအဝင် ရဲ လေးဦးသေဆုံးပြီး သေနတ် ခြောက်လက် သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။

(ကျောက်မောရဲကင်းစခန်းအား တိုက်ခိုက်နေသော ABSDFမှ ရဲဘော်များနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ABSDF)

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် ကျောက်မောကျေးရွာရှိ ရဲကင်းစခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲများသေဆုံးခဲ့ပြီး လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) မြောက်ပိုင်း တပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။

“ကျောက်မောဂိတ်ရှိတဲ့ ရဲများနှင့် စစ်သားများသည် ဖြတ်သွားဖြတ်လာယာဥ်များနှင့် အနီးအနားရှိ လုပ်ငန်းရှင်များထံမှ ပိုက်ဆံတောင်းခြင်း၊ ရိက္ခာအတင်း တောင်းယူခြင်းများ ပြုလုပ်လေ့ရှိကြောင်းပြည်သူများမှတိုင်ကြားခဲ့သောကြောင့် မိမိတို့ Nothern ABSDFမှ သွားရောက်ရှင်းလင်းခဲ့ရခြင်းဖြစ်ပါတယ်”ဟု ABSDF မြောက်ပိုင်းတပ်ဖွဲ့ ထုတ်ပြန်ချက်၌ ရေးသားထားသည်။

(ကျောက်မောရဲကင်းစခန်းအား တိုက်ခိုက်နေသော ABSDFမှ ရဲဘော်များနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ABSDF)
(ကျောက်မောရဲကင်းစခန်းအား တိုက်ခိုက်နေသော ABSDFမှ ရဲဘော်များနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – ABSDF)

မေလ ၂၄ ရက်တွင် ကျောက်မောရဲကင်းစခန်းကို ABSDFမှ ဝင်ရောက် ပစ်ခတ်စီးနင်းခဲ့ရာ ရဲတပ်ကြပ်ကြီး အပါအဝင် ရဲ လေးဦးသေဆုံးပြီး သေနတ် ခြောက်လက် သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။

ရဲကင်းစခန်းကို နံနက် ၆နာရီ ၁၅မိနစ်မှစ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နာရီဝက်အကြာတွင် စခန်းကိုဝင်ရောက်စီးနင်းသိမ်းပိုက်နိုင်ခဲ့သည်ဟု အသိပေးသည်။

(ကျောက်မောရဲကင်းစခန်းအား တိုက်ခိုက်နေသော ABSDFမှ ရဲဘော်များနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ABSDF)
(ကျောက်မောရဲကင်းစခန်းအား တိုက်ခိုက်နေသော ABSDFမှ ရဲဘော်များနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – ABSDF)

တိုက်ပွဲအတွင်း BA- 63 (G-3) ၄လက်၊ BA-64 (G-4)၁ လက်၊ BA-93 Uzi ၁ လက် ၊ကျည်ကဒ် ၉ ကဒ် ၊ကျည် ၆၅၀နှင့် လက်ပစ်ဗုံး ၃လုံးအပါအဝင် ရဲအသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ထို့ပြင် စခန်းအတွင်းရှိ အမျိုးသမီး သုံးဦးနှင့် ကလေး နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ABSDF မြောက်ပိုင်းတပ်က အသိပေးသည်။

(ကျောက်မောရဲကင်းစခန်းအား တိုက်ခိုက်နေသော ABSDFမှ ရဲဘော်များနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ABSDF)
(ကျောက်မောရဲကင်းစခန်းအား တိုက်ခိုက်နေသော ABSDFမှ ရဲဘော်များနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – ABSDF)

တိုက်ခိုက်မှုအတွင်း ABSDF ဘက်က ထိခိုက်မှုရှိ၊မရှိကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး အကြောင်းပြန်ကြားချက်မရသေးပေ။

ABSDF မြောက်ပိုင်းတပ်သည် အင်းတော်မြို့နယ်တွင်လည်း PDF များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။ ယနေ့ အင်းတော်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူလေးကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း ABSDFက ထုတ်ပြန်ထားပြီး ယင်းတိုက်ခိုက်မှုအတွင်း ABSDFနှင့် PDF ရဲဘော်များ ဘေးကင်းကြောင်း အသိပေးထားသည်။