Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၂၅ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️ဗန်းမောက်နယ်တိုက်ပွဲ စစ်ကောင်စီတပ် အရာရှိအပါအဝင် သေဆုံးမှုများဟု ဒေသခံပြော

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ရှိ ကြောင်လည်ကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ ငါးရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် သေဆုံးသူ ၃၀ ဦးထက်မနည်းရှိနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့များနဲ့နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ ဗန်းမောက်နယ် ကြောင်လည်ရွာအနီးမှာ မေလ ၂၀ ရက်ကစလို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF)များနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦးအပါအဝင် ၃၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူသုံးတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(ဗန်း​မောက်မြို့နယ်တွင် PDF များကိုစစ်ပညာသင်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-Banmauk Revolution)
(ဗန်း​မောက်မြို့နယ်တွင် PDF များကိုစစ်ပညာသင်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-Banmauk Revolution)

▪️မင်းတပ် ခလရ(၂၇၄)တပ်ကို CDFနဲ့ မဟာမိတ်အဖွဲ့ ဒီနေ့ တိုက်ခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၇၄)တပ်ကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောပါတယ်။ ကျောက်ထုအမြောက်တပ်မှ စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်ဟာ မင်းတပ်-ကျောက်ထုလမ်းမြောက်ဘက်အခြမ်း တောလမ်းအတိုင်း တောင်ပေါ်ဘက် ဦးတည်လှုပ်ရှားလာတယ်လို့ ဒေသခံတစ်ဦးက အသိပေးထားပါတယ်။ ဒါ့ကြောင့် မင်းတပ်-ကျောက်ထုလမ်းပိုင်းကို ပြည်သူများ သွားလာခြင်းမပြုဖို့ ကာကွယ်ရေးတပ်များက ဒီနေ့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။

မင်းတပ် CDF ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CDF မင်းတပ်
မင်းတပ် CDF ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ – CDF မင်းတပ်

▪️စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတိုးချဲ့လုပ်ဆောင်ဖို့ အမေရိကန်နဲ့မိတ်ဖက်နိုင်ငံများဆွေးနွေး

မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်နေတဲ့ စစ်ကောင်စီရဲ့လုပ်ဆောင်မှုကို ကန့်သတ်ဖို့ မိတ်ဖက်နိုင်ငံများက ဆက်လက်ပူးပေါင်းအရေးယူမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။ အမေရိကန်၊ ကနေဒါနဲ့ ဗြိတိန်တို့ဟာ ဥရောပကော်မရှင်နဲ့ ဥရောပပြည်ပအရေးယူဆောင်ရွက်မှုဌာနတို့ရဲ့ အရေးယူပိတ်ဆို့ရေးမူဝါဒနဲ့ အကောင်အထည်ဖော်မှု ဌာနအကြီးအကဲများနဲ့ မေလ ၂၄ ရက်မှာ တွေ့ဆုံခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်များနဲ့ စစ်ကောင်စီအပေါ် ဆက်လက်အရေးယူမှုများ ထပ်တူလုပ်ဆောင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်မှန်ပြီး အားလုံးပါဝင်သော ဒီမိုကရေစီစနစ်ဆီဦးတည်တဲ့လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး စစ်ကောင်စီကို ဖိအားပေးဖို့ မိတ်ဖက်နိုင်ငံများက ဆန်းစစ်ခဲ့ကြပါတယ်။

(အာဏာသိမ်းစစ်​ခေါင်း​ဆောင် ​ပဲခူးမြို့သို့ ​မေလ​နောက်ဆုံးပါတ်တွင်သွား​ရောက်ခဲ့စဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)
(အာဏာသိမ်းစစ်​ခေါင်း​ဆောင် ​ပဲခူးမြို့သို့ ​မေလ​နောက်ဆုံးပါတ်တွင်သွား​ရောက်ခဲ့စဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

▪️ဆေးတက္ကသိုလ် ကျောင်းသား ခင်ဦးမြို့နယ်တိုက်ပွဲမှာကျဆုံး

မကွေးဆေးတက္ကသိုလ် ကျောင်းသား ကိုစွမ်းထက် စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်ထဲက တိုက်ပွဲမှာ ကျဆုံးသွားတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ မေလ ၂၂ ရက် ကျဆုံးချိန်မှာ အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ကိုစွမ်းထက်ဟာမကွေးဆေးတက္ကသိုလ်ရဲ့ ဆေးပညာအခြေခံနှစ် (Foundation Year) မှ ကျောင်းသားဖြစ်ပါတယ်။

ဆေးတက္ကသိုလ် ကျောင်းသား ခင်ဦးမြို့နယ်တိုက်ပွဲမှာကျဆုံး
ဆေးတက္ကသိုလ် ကျောင်းသား ခင်ဦးမြို့နယ်တိုက်ပွဲမှာကျဆုံး

▪️ဖမ်းမိတဲ့ Non-CDM ဆရာ၊ဆရာမ ၆၀ ကျော်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ ပခုက္ကူ ပ.က.ဖ ဆို

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြို ကားလမ်းမှာ စစ်ဆေးနေချိန် ကားသုံးစီးပေါ်မှာ လိုက်ပါလာတဲ့ Non – CDM ဆရာ၊ ဆရာမ အယောက် ၆၀ ကျော်ကို ထိန်းသိမ်းထားရာကနေ ပြန်လွှတ်ပေးလိုက်ပြီလို့ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Young Force – UG)က မေလ ၂၃ ရက်က သတင်းထုတ်ပြန်ပါတယ်။ အဲဒီ ဆရာ ၊ ဆရာမတွေကို ပြီးခဲ့တဲ့အပတ် မေလ ၁၈ ရက်က စတင်ထိန်းသိမ်းထားတာလို့ ဆိုထားပါတယ်။

ဓာတ်ပုံ − Young Force - UG
ဓာတ်ပုံ − Young Force – UG

▪️ရန်ကုန် သခင်မြပန်းခြံမှာ ဗုံးနှစ်လုံးဆင့်ပေါက်

ရန်ကုန်မြို့ အလုံမြို့နယ်ရှိ သခင်မြပန်းခြံမှာ ဒီနေ့ မနက်ပိုင်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့​တယ်လို့ ဒေသခံများက ပြောပါတယ်။ အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်းရှိ သခင်မြပန်းခြံသို့ စစ်ကောင်စီတပ်သားများ ရောက်ရှိလာချိန် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ ပေါက်ကွဲမှု မဖြစ်ပွားမီ စစ်ကောင်စီတပ်က ပန်းခြံအတွင်းရောက်နေသူများကို အပြင်ဘက်ထွက်ခိုင်းကာ လူရှင်းထားစဥ် ပေါက်ကွဲတာဖြစ်လို့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့ရှိ သခင်မြပန်းခြံအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ
ရန်ကုန်မြို့ရှိ သခင်မြပန်းခြံအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ

▪️နတ်မောက်မှာ PDFတပ်ခွဲမှူးကို ဖမ်းဆီးဖို့လာတဲ့ ရဲများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၇ ဦးသေဟုဆို

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ခွဲမှူးကို ဖမ်းဆီးဖို့ လာတဲ့ ရဲများအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ နယ်ထိန်းအပါအဝင် ၇ ဦးသေဆုံးတယ်လို့ နတ်မောက် ဂဠုန် PDFအဖွဲ့က ပြောပါတယ်။ မေလ ၂၀ ရက် မနက်ပိုင်းက နတ်မောက်မြို့နယ်၊ မြင်းတဲကြီးလမ်းဆုံရှိ ဖူးပွင့်ဝေစားသောက်ဆိုင်မှာ ခေါက်ဆွဲကြော်လာစားတဲ့ နတ်မောက်ဂဠုန် PDF တပ်ခွဲမှူးဗိုလ်အောင်ဒင်ကို စစ်ကောင်စီလက်ပါးစေ ရဲများက လာရောက်ဖမ်းဆီးစဥ် ဗိုလ်အောင်ဒင်က ၎င်းရဲ့ ဆိုင်ကယ်ပေါ်ပါရှိတဲ့ မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် နယ်ထိန်းရဲအောင်သူအပါအဝင် သုံးဦး နေရာမှာ သေဆုံးကာ လေးဦးမှာ ဆေးရုံမှာ ထပ်မံသေဆုံးသွားတယ်လို့ နတ်မောက် ဂဠုန် PDFအဖွဲ့က ဆိုပါတယ်။

▪️ပျူများကို သတိပေးထားတဲ့ ဆိုင်းဘုတ်လာဖြုတ်စဉ် ပေါက်ကွဲပြီး ပျူနှစ်ဦးထိခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ပျူစောထီးခေါင်းဆောင်များကို သတိပေးထားတဲ့ ဆိုင်းဘုတ်လာဖြုတ်သော ပျူများမိုင်းထိပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ Never Give Up Fighter Force(ပြင်ဦးလွင်ခရိုင်ပကဖ)အဖွဲ့က ပြောပါတယ်။ မေလ ၂၃ ရက်မနက် အစောပိုင်းမှာ မတ္တရာမြို့နယ်၊ ကျုံးကျေးရွာအနီး ရွှေတချောင်းပေါင်ပေါ်မှာ ပျူ​ခေါင်းဆောင် ဝင်းဆွေ၊ ဘိုသန်းနဲ့ အပေါင်းအပါများကို သတိပေးထားတဲ့ ဆိုင်းဘုတ်ကို လက်လုပ်မိုင်းနဲ့ တွဲထောင်ထားတာလို့ ဆိုပါတယ်။