Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်က ယင်းမာပင်မြို့နယ် ကပိုင်ရွာကို တိုက်​လေယာဥ်သုံးစင်းဖြင့် ဗုံးကျဲ

စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှုများ​စောင့်ကြည့်​သတိ​ပေးသော EAR (Enemy Air Route) ချန်နယ် ၏​ဖော်ပြချက်အရ အဆိုပါတိုက်​​လေယာဥ်များသည် တံတားဦး​လေတပ်စခန်းမှ ထွက်ခွာပြီး ပြန်လည်ဆင်းသက်ခဲ့​ကြောင်းသိရသည်။

(ကရင်နီပြည်နယ်တွင် ​မေလအတွင်း​လေ​ကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့​သော စစ်​ကောင်စီတိုက်​လေယာဥ်တစ်စီး။ ဓါတ်ပုံ-Karenni Voice)
(ကရင်နီပြည်နယ်တွင် ​မေလအတွင်း​လေ​ကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့​သော စစ်​ကောင်စီတိုက်​လေယာဥ်တစ်စီး။ ဓါတ်ပုံ-Karenni Voice)

ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာကို စစ်ကောင်စီက ယနေ့ နံနက်နှင့် နေ့ခင်းပိုင်းတွင် ဂျက်ဖိုက်တာ သုံးစင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

“ကပိုင်ရွာကို ဂျက်ဖိုက်တာနဲ့ ပစ်နေတာ။သုံးစင်းရှိပြီ။ဒေသခံတွေကို ဆက်သွယ်တာမရသေးလို့ မြေပြင်အခြေအနေကို မသိရသေးဘူး” ဟု ကပိုင်ကျေးရွာအနီးအခြားကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးကပြောသည်။

ကပိုင်ရွာကို ယနေ့ (မေလ ၂၉ရက် )နံနက် ၁၁နာရီခန့်မှ ညနေ ၃နာရီခန့်အတွင်း ဂျက်ဖိုက်တာသုံးစင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်နေကြောင်း ‌ယင်းမာပင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်းပြောသည်။

“တိုက်ပွဲမရှိဘဲ ပစ်နေတာ။ အရပ်သားတွေထိခိုက်မှုရှိ၊မရှိကို မသိရသေးဘူး။ဖုန်းတွေ ဆက်မရဘူး”ဟုအထက်ပါရဲဘော်ကပြောသည်။

Public Service Announcement
Public Service Announcement

ကပိုင်ရွာသည် အလောင်းတော်ကဿဖနယ်မြေနှင့်ထိစပ်နေသောကျေးရွာဖြစ်သည်။ ယခုသတင်းရေးသားနေချိန် ညနေ ၃နာရီ၁၅ မိနစ်တွင် လေကြောင်းမှ ပစ်ခတ်သံများ ကြားနေရသည်ဟု ကပိုင်ရွာပတ်ဝန်းကျင်ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးကပြောသည်။