Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီတွင် ဆင်ဦးစီး CDMမိသားစုဝင် ၁၀၀ကျော် ဆင် ၃၆ကောင်နှင့်အတူ စားဝတ်နေရေးခက်ခဲနေ

ဆင်များကို ယခုလက်ရှိအတိုင်း ကာကွယ်စောင့်ရှောက်ထားချင်သော်လည်း စားဝတ်နေရေး အဆင်မပြေသည့်အတွက် ဆင်များကိုတောထဲထားပြီး နေရပ်ပြန်ရန် စဥ်းစားနေရပြီဖြစ်ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

(CDM ပြုလုပ်ခဲ့သော်လည်း ဆင်များအားထားမသွားနိုင်၍ ပြုစုပေးနေရသော CDM ဝန်ထမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-KLG PDF)

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ပြုလုပ်ပြီးနောက် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောတွင်းတစ်နေရာ၌ ဆင်များကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် ဆင်ဦးစီး CDM မိသားစုဝင် ၁၀၀ကျော် စားဝတ်နေရေးအတွက် အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် CDM ပြုလုပ်ခဲ့သည့် ယင်းမာပင်မြို့နယ်၊ သစ်တောဦးစီးဌာနလက်အောက်ရှိ ဆင်ဦးစီးများ၏ မိသားစုဝင် ၁၀၃ဦးသည် ဆင် ၃၆ကောင်ကိုပါ ထိန်းသိမ်းစောင့်ရှောက်နေရကြောင်း၊ လက်ရှိတွင် ဝင်ငွေမရှိ၍ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ကျောက်လုံးကြီး KLG တပ်မဟာ၏ ပြန်ကြားရေးတာဝန်ခံ ကိုATက ပြောသည်။

(CDM ပြုလုပ်ခဲ့သော်လည်း ဆင်များအားထားမသွားနိုင်၍ ပြုစုပေးနေရသော CDM ဝန်ထမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-KLG PDF)
(CDM ပြုလုပ်ခဲ့သော်လည်း ဆင်များအားထားမသွားနိုင်၍ ပြုစုပေးနေရသော CDM ဝန်ထမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-KLG PDF)

ဆင်များကို ယခုလက်ရှိအတိုင်း ကာကွယ်စောင့်ရှောက်ထားချင်သော်လည်း စားဝတ်နေရေး အဆင်မပြေသည့်အတွက် ဆင်များကိုတောထဲထားပြီး နေရပ်ပြန်ရန် စဥ်းစားနေရပြီဖြစ်ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

“ဆင်တွေနဲ့က သားသမီးလိုဖြစ်နေတဲ့အတွက် ဆင်တွေကိုထားသွားပြီး နေရပ်မပြန်နိုင် ဖြစ်နေကြတာ။ ဆင်တွေကို မခိုင်းဘဲ ဒီတိုင်းကာကွယ်စောင့်ရှောက်နေရတာ ဆင်ဦးစီးမိသားစုတွေအရမ်းကိုအခက်အခဲဖြစ်နေကြတယ်။ ဆင်တွေနေမကောင်းရင်တောင် ဆေးကုဖို့ အရမ်းကိုအခက်အခဲဖြစ်နေတယ်။ မနှစ်က ဆင်တစ်ကောင်နေမကောင်းတာ ဆေးကုစရာမရှိလို့ တစ်ကောင်သေတယ်။”ဟု ကို ATက ပြောသည်။

(CDM ပြုလုပ်ခဲ့သော်လည်း ဆင်များအားထားမသွားနိုင်၍ ပြုစုပေးနေရသော CDM ဝန်ထမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-KLG PDF)
(CDM ပြုလုပ်ခဲ့သော်လည်း ဆင်များအားထားမသွားနိုင်၍ ပြုစုပေးနေရသော CDM ဝန်ထမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-KLG PDF)

ထို့ကြောင့် ဆင်ဦးစီး မိသားစုဝင်များ၏ စားဝတ်နေရေးအတွက် တက်နိုင်သရွေ့ ပါဝင်လှူဒါန်းပေးကြရန်ကျောက်လုံးကြီး KLG PDFတပ်မဟာအဖွဲ့က မေတ္တာရပ်ခံသည်။

လှူဒါန်းလိုပါက ကျောက်လုံးကြီး KLG PDF အဖွဲ့နှင့် ယင်းမာပင်ခရိုင် တပ်ရင်း (၂၁၊ ၂၂၊ ၂၃) များမှ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။