Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လဲချားမြို့လယ်တွင်အမျိုးသားတစ်ဦး​သေနတ်ပစ်ခံရ၍​သေဆုံး

လဲချားမြို့သည် လွိုင်လင်ခရိုင်အတွင်း တည်ရှိပြီးလတ်တလောတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်​ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)စစ်ရေးတင်းမာနေသောဒေသဖြစ်သည်။

(ဇွန် ၁၅ရက်နံနက်က လဲချားမြို့တွင် အမျိုးသားတစ်ဦး​သေနတ်ဖြင့်ပစ်ခံရပြီး​နောက်​တွေ့ရစဥ်နှင့် လဲချားမြို့တည်​နေရာကို Google Map တွင်​တွေ့ရမှု။ဓါတ်ပုံ-CJ)
(ဇွန် ၁၅ရက်နံနက်က လဲချားမြို့တွင် အမျိုးသားတစ်ဦး​သေနတ်ဖြင့်ပစ်ခံရပြီး​နောက်​တွေ့ရစဥ်နှင့် လဲချားမြို့တည်​နေရာကို Google Map တွင်​တွေ့ရမှု။ဓါတ်ပုံ-CJ)

ရှမ်းပြည်နယ်တောင်ပိုင်းလဲချားမြို့တွင် မြို့ပေါ်လူစည်ကားရာနေရာ၌ ယနေ့(ဇွန်လ ၁၅ရက်) နံနက်ကလူတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း​ဒေသခံများက​ပြောသည်။

ယနေ့နံနက် ၉ နာရီ ၁၅မိနစ်ခန့်တွင် လဲချားမြို့ ဈေး လမ်းဆုံ၌ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဟု မျက်မြင်ဒေသခံတစ်ဦးကပြောသည်။

“လူက နွမ်းနွမ်းပါးပါးပုံစံပဲ။ လမ်းကူးနေတုန်းကားပေါ်ကနေ အပစ်ခံရတာ။ ကားကထွက်ပြေးသွားတယ်” ဟု လဲချားမြို့မှ ဒေသခံတစ်ဦးကပြောသည်။

(ဇွန် ၁၅ရက်နံနက်က လဲချားမြို့တွင် အမျိုးသားတစ်ဦး​သေနတ်ဖြင့်ပစ်ခံရပြီး​နောက်​တွေ့ရစဥ်နှင့် လဲချားမြို့တည်​နေရာကို Google Map တွင်​တွေ့ရမှု။ဓါတ်ပုံ-CJ)
(ဇွန် ၁၅ရက်နံနက်က လဲချားမြို့တွင် အမျိုးသားတစ်ဦး​သေနတ်ဖြင့်ပစ်ခံရပြီး​နောက်​တွေ့ရစဥ်နှင့် လဲချားမြို့တည်​နေရာကို Google Map တွင်​တွေ့ရမှု။ဓါတ်ပုံ-CJ)

သေဆုံးသူအမျိုးသားမှာ အသက် ၄၀ ခန့်အရွယ်ဟု သိရသည်။ သေနတ်ဒဏ်ရာ သုံးချက်ရရှိပြီး သေဆုံးသွားခြင်းဟု ဖြစ်စဥ်ကိုမြင်​တွေ့ခဲ့​သော​ဒေသခံတစ်ဦးကပြောသည်။

မည်သူက ၊မည့်သည့်အဖွဲ့က ပစ်ခတ်သည်ဆိုခြင်းနှင့်နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။

လဲချားမြို့သည် လွိုင်လင်ခရိုင်အတွင်း တည်ရှိပြီးလတ်တလောတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်​ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)စစ်ရေးတင်းမာနေသောဒေသဖြစ်သည်။

အ​ကြောင်းမှာလဲချားမြို့နယ်ရှိ SSPP/SSAယာယီတပ်စခန်း ၁၀ ခုကို ဆုတ်ခွာပေးရန် စစ်ကောင်စီတပ်က ယခုလအတွင်း သတိပေး အကြောင်းကြားစာ နှစ်ကြိမ်ပေးပို့ထားသည်။လဲချား-ပန်လုံလမ်းမကြီး၏ တောင်ဘက်အရပ်ရှိ SSPP/SSA ယာယီစခန်း ၁၀ ခုကို ဆုတ်ပေးရန် စစ်ကောင်စီဘက်က ဇွန် ၉ ရက်နှင့် ဇွန်လ ၁၁ရက်တွင် အကြောင်းကြားလာခြင်းဖြစ်ပြီး SSPP ဘက်က လက်မခံ၍ စစ်ရေးတင်းမာနေသည်ဟု သိရသည်။ထို့ကြောင့် စစ်ကောင်စီဘက်က ထိုဒေသအတွင်း စစ်အင်အားရာနှင့် ချီ ဖြည့်ထားကြောင်း SSPPကထုတ်ပြန်ထားသည်။

“ဟုတ်တယ် ကျွန်တော်တို့ကို လဲချား-ပင်လုံ မိုင်းနောင် လမ်းရဲ့ တောင်ဘက်ကနေ တပ်ဆုတ်ပေးဖို့ စစ်ကောင်စီဘက်က နှစ်ကြိမ်သတိပေးခဲ့ပါတယ်။ကျွန်တော်တို့ဘက်ကလဲ ဘယ်လိုမှ နုတ်ထွက်ပေး လို့မရဘူးဆိုလို့ အခုစစ်ကောင်စီဘက်က အင်အား ၃၀၀ လောက် ကျွန်တော်တို့ရှိတဲ့ဘက်ကို လာကပ်ထားတယ် ။ သူတို့ဘက်က စပစ်ရင်တော့ ခံစစ်အနေနဲ့ ကျွန်တော် တို့ဘက်ကလည်း အသင့်ပြင်ထားပြီးဖြစ်ပါတယ်။ နုတ်ထွက်ပေးဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး”ဟု လဲချားဒေသရှိ SSPP/SSA အရာရှိတစ်ဦးက ပြောကြားထားသည်။