Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

၅ လကျော် အတွင်း သေဒဏ်ချခံရသူ ၁၅ ဦးထိရှိလာ

အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၃ ခုနှစ် ဇွန်လ ဒုတိယပတ်အထိ ၅ လကျော်အတွင်း စုစုပေါင်း ၇၃၀ ဦးကိုမတရားပုဒ်မတွေ နဲ့ ထောင်ဒဏ်တွေချထားတယ်လို့ AAPPက ဆိုပါတယ်။

၅ လကျော် အတွင်း သေဒဏ်ချခံရသူ ၁၅ ဦးထိရှိလာ
၅ လကျော် အတွင်း သေဒဏ်ချခံရသူ ၁၅ ဦးထိရှိလာ

၂၀၁၃ ခုနှစ် ရဲ့ ၅ လကျော်ကာလ မှာ စစ်ကောင်စီက သေဒဏ် အမိန့်ချထားသူ ၁၅ ဦးရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က မနေ့ ဇွန်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

သေဒဏ်ချခံရသူ ၁၅ ဦးမှာ အမျိုးသမီး ၄ ဦးပါဝင်တယ်လို့သိရပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၃ ခုနှစ် ဇွန်လ ဒုတိယပတ်အထိ ၅ လကျော်အတွင်း စုစုပေါင်း ၇၃၀ ဦးကိုမတရားပုဒ်မတွေ နဲ့ ထောင်ဒဏ်တွေချထားတယ်လို့ AAPPက ဆိုပါတယ်။

ဒီလိုထောင်ချခံရသူ ၇၀၀ ကျော်မှာ အမျိုးသမီး ၁၀၈ ဦး ၊အမျိုးသား ၆၂၀ ဦးနဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူ ၂ဦး ပါဝင်တယ်လို့သိရပါတယ်။

ဒါအပြင် ထောင်ဒဏ်ချခံရသူ စာရင်းမှာ နှစ်ရှည်ထောင်ဒဏ်ဖြစ်တဲ့ တသက်တကျွန်းချခံရသူဦးရေဟာ ၅၄ ဦးထိရှိနေပါ။

ထောင်ဒဏ်တသက်ချခံရသူတွေထဲမှာ အမျိုးသမီး ၇ ဦးပါဝင်တယ်လို့သိရပါတယ်။