Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖြူးမြို့ အုတ်ဖြတ်တံတားရှိ စစ်တပ်ဂိတ်ကို တစ်ရက်တည်း (၃)ကြိမ်တိုက်ခိုက်၊ စစ်တပ်ဘက်မှ လေးဦးသေပြီး သုံးဦးဒဏ်ရာရဟု ရိုးမစစ်​ကြောင်း(၂)​ပြော

ယနေ့နံနက် ၉ နာရီခွဲခန့်က အုတ်ဖြတ်တံတားစစ် ဆေးရေးဂိတ်အား KNLA၊ PDF ပူးပေါင်းတပ်မှ စနိုက်ဘာဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့သည်ဟု ရိုးမစစ် ကြောင်း(၂)က ပြောသည်။

(တောင်ပိုင်းစစ်ဒေသခွဲ(၂)အထူးစစ်ဆင်ရေးတပ်ရင်း ရိုးမစစ်ကြောင်း(၂)မှ တော်လှန်ရဲဘော်များအားတွေ့ရစဥ်။ ဓါတ်ပုံ-Bago Region PDF)
(တောင်ပိုင်းစစ်ဒေသခွဲ(၂)အထူးစစ်ဆင်ရေးတပ်ရင်း ရိုးမစစ်ကြောင်း(၂)မှ တော်လှန်ရဲဘော်များအားတွေ့ရစဥ်။ ဓါတ်ပုံ-Bago Region PDF)

ပဲခူးတိုင်း၊ ဖြူးမြို့နယ် အုတ်ဖြတ်ရဲစခန်းအနီးမှ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို KNLA၊ PDF ပူး ပေါင်းတပ်မှ ယနေ့(ဇူလိုင် ၁၀) တစ်ရက်တည်း (၃)ကြိမ် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသခွဲ(၂)၊ ရိုးမစစ်ကြောင်း (၂)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့နံနက် ၉ နာရီခွဲခန့်က အုတ်ဖြတ်တံတားစစ် ဆေးရေးဂိတ်အား KNLA၊ PDF ပူးပေါင်းတပ်မှ စနိုက်ဘာဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့သည်ဟု ရိုးမစစ် ကြောင်း(၂)က ပြောသည်။

ထို့နောက် ယနေ့နေ့လယ် ၁၂ နာရီတွင် အဆိုပါအုတ်ဖြတ်တံတားဂိတ်အား ဒုတိယအကြိမ်အဖြစ် စနိုက်ဘာနှင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ် သားတစ်ဦး ထပ်မံသေဆုံးခဲ့သည်ဟုဆိုသည်။

အလားတူ တတိယအကြိမ်အဖြစ် ယနေ့နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် KNLA၊ PDF ပူးပေါင်းတပ်များမှ အုတ်ဖြတ်တံတားဂိတ်ကို ဒရုန်းအသုံးပြု ဗုံးသီးချတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေ၍ သုံးဦးထိခိုက်ဒဏ်ရာရသွားကြောင်း ရိုးမစစ် ကြောင်း(၂)မှတာဝန်ရှိသူက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

“တံတားအလယ်မှာ ဂိတ်ရှိတယ်။ တံတားအောက်မှာလည်း ကင်းပုန်းတွေ ဘန်ကာတွေရှိပါတယ်။ အင်အားရာဂဏန်းတော့ ရှိမယ်ဗျ၊ ဖြန့်ထားတာ”ဟု၎င်းကဆက်​ပြောသည်။

တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။

ယနေ့(ဇူလိုင် ၁၀)တိုက်ခိုက်ခံရသည့် အုတ်ဖြတ်တံတားဂိတ်အနီးရှိ အုတ်ဖြတ်ရဲစခန်းအား ဇူလိုင် ၈ ရက်တွင် KNLA၊ PDF ပူးပေါင်းတပ်များမှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခြောက်ဦးထက်မနည်း သေဆုံးခဲ့သည်။