Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီမြို့အနီး ယနေ့တိုက်ပွဲဆက်ဖြစ်

စစ်ကောင်စီ ရမ်းသန်း ပစ်ခတ်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ၍ အရပ်သား ပြည်သူတစ်ဦးစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

(​ကော်ဘရာစစ်​ကြောင်းမှ တပ်ဖွဲ့ဝင်အချို့ နှင့်စစ်​ကောင်စီလက်နက် ကြီးကျည်​ကြောင့် သစ်ပင်တစ်ပင်ကျိုးကျ​နေမှု။ ဓါတ်ပုံ-Cobra Column)
(​ကော်ဘရာစစ်​ကြောင်းမှ တပ်ဖွဲ့ဝင်အချို့ နှင့်စစ်​ကောင်စီလက်နက် ကြီးကျည်​ကြောင့် သစ်ပင်တစ်ပင်ကျိုးကျ​နေမှု။ ဓါတ်ပုံ-Cobra Column)

▪︎စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သား ၁ဦး ဒဏ်ရာရ

ကရင်ပြည်နယ် မြ၀တီမြို့ အနီးတွင် ယနေ့ တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကြောင်းကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) ပူးပေါင်းစစ်ကြောင်း တစ်ခုဖြစ်သည့် ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

မြ၀တီမြို့ အနီးတဝိုက်တွင် ဇူလိုင် ၅ရက်မှစ၍ နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ယနေ့ ဇူလိုင် ၁၀ရက် မွန်းလွဲပိုင်းတွင် မြ၀တီမြို့ လက်ခတ်တောင် အနီး၌ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

(​ကော်ဘရာစစ်​ကြောင်းမှ တပ်ဖွဲ့ဝင်အချို့ နှင့်စစ်​ကောင်စီလက်နက် ကြီးကျည်​ကြောင့် သစ်ပင်တစ်ပင်ကျိုးကျ​နေမှု။ ဓါတ်ပုံ-Cobra Column)
(​ကော်ဘရာစစ်​ကြောင်းမှ တပ်ဖွဲ့ဝင်အချို့ နှင့်စစ်​ကောင်စီလက်နက် ကြီးကျည်​ကြောင့် သစ်ပင်တစ်ပင်ကျိုးကျ​နေမှု။ ဓါတ်ပုံ-Cobra Column)

တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ ထိခိုက်သေဆုံးမှု အား စိစစ်ဆဲဖြစ်ပြီး ကော်ဘရာ စစ်ကြောင်း ပါဝင်သည့် ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဟု အသိပေးထားသည်။

စစ်ကောင်စီ ရမ်းသန်း ပစ်ခတ်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ၍ အရပ်သား ပြည်သူတစ်ဦးစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

မြ၀တီမြို့ အနီးတိုက်ပွဲများကြောင့် ဇူလိုင် ၅ရက်မှ ၁၀ရက်နေ့အတွင်း စစ်ကောင်စီတပ်မှ ၅ဦးထက်မနည်းသေဆုံးပြီး အရာရှိ အပါအဝင် ၈ဦးထက် မနည်း ဒဏ်ရာရခဲ့ကြောင်းကော်ဘရာ စစ်ကြောင်း၏ စစ်​ရေးသတင်းထုတ်ပြန်မှုများအရ သိရသည်။