Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီစခန်းတွေ နေ့စဉ်နီးပါးတိုက်ခိုက်ခံရ

ကြာအင်းဆိပ်ကြီးမြို့ဟာ KNU တပ်မဟာ ၆ နယ်မြေထဲမှာပါပြီး အခုနှစ်ဆန်းပိုင်းမှာ မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းထဲထိ ကရင့်ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီစခန်းတွေ နေ့စဉ်နီးပါးတိုက်ခိုက်ခံရ
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီစခန်းတွေ နေ့စဉ်နီးပါးတိုက်ခိုက်ခံရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ထဲက စစ်ကောင်စီ ရဲစခန်းနဲ့ ဌာနဆိုင်ရာ ရုံးတွေကို ပြီးခဲ့တဲ့ တစ်ပတ်တာအတွင်း နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့တယ်လို့ NUG လက်အောက်ခံ အထူးစစ်ဆင်ရေးအဖွဲ့က ဖော်ပြပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် အခြေပြု ခြေမြန်တပ်ရင်း အမှတ် ခမရ ၅၅၈ရဲ့ စစ်စခန်း ၊မြို့မရဲစခန်း ၊ ထွေအုပ်ရုံး ၊မြေစာရင်း ရုံး တွေကို ဒရုန်းတပ်ဖွဲ့ နဲ့ပေါင်းပြီး တိုက်ခိုက်တာလို့သိရပါတယ်။

ဇူလိုင်လ ၁၁ ရက်ကနေ ဇူလိုင်လ ၁၆ ရက် အတွင်း နေ့စဉ်နီးပါး ဒရုန်းနဲ့ ဗုံးချတာ ၊ လက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးအဖွဲ့က ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေကြေမှုရှိသလို စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ပူးပေါင်းတပ်ဘက်က ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ အထူးစစ်ဆင်ရေးအဖွဲ့က ဖော်ပြပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ဟာ KNU တပ်မဟာ ၆ နယ်မြေထဲမှာပါပြီး အခုနှစ်ဆန်းပိုင်းမှာ မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းထဲထိ ကရင့်ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပါတယ်။