Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆိပ်ဖြူတိုက်ပွဲ ကပစ(၂၁)စစ်ကြောင်းမှ သုံးဦးသေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကုန်းရွာကျေးရွာနှင့် ကျောင်းရွာကျေးရွာကြားတွင် ဇူလိုင် ၁၃ရက်က တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

(မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)

▪️ဒဏ်ရာရသူများရှိဟု PDF စစ်ရုံးချုပ် အသိပေး

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် အမှတ်(၂၁) ကာကွယ်ရေးပစ္စည်း စက်ရုံ -ကပစ(၂၁) စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု PDF စစ်ရုံးချုပ်က ယနေ့ထုတ်ပြန်သည်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကုန်းရွာကျေးရွာနှင့် ကျောင်းရွာကျေးရွာကြားတွင် ဇူလိုင် ၁၃ရက်က တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

PDF ပခုက္ကူခရိုင်၊ အမှတ်(၁၉) တပ်ရင်းနှင့် ရန်သူ့စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်သူ့တပ်သား သုံးဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

“၁၃ ရက်နေ့က ကပစ( ၂၁) ကထွက်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲပြီးဖြတ်လိုက်တာ။ မိုင်းဆွဲလိုက်တာ ၃ယောက်သေပြီး။ ၁၀ယောက်က ခြေပြတ်လက်ပြတ်ဖြစ်သွားတယ်။ ပြီးတော့ပစ်ကြတယ်။ သူပစ်ကိုယ်ပစ်ပေါ့”ဟုပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းက တာဝန်ခံကပြောသည်။

“ကပစ (၂၁ )ကနေ ကပစ( ၂၂ )ကိုရောက်နေတဲ့ သူတို့ (စစ်ကောင်စီတပ်) ရဲဘော်တွေကို သွားခေါ်တာ။ စစ်ကြောင်းထိုးဖို့ ရဲတွေစုပြီးအလာကို မိုင်းဆွဲပြီး ပစ်ဆုတ်ဆုတ်ခဲ့တာပါ”ဟု ၎င်းကဆက်ပြောသည်။

အဆိုပါတိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။