Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရဟန်း၊ ပြည်သူ ၁၀ ဦး​သေဆုံးခဲ့​သော​ညောင်ကုန်းရွာ​လေ​ကြောင်းတိုက်ခိုက်ခံရမတွင် ဒဏ်ရာရ​သူများကို PDFများကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေး

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့သူများကို တတ်နိုင်သလောက် ကူညီပေးကြရန် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကလည်း​မေတ္တာရပ်ခံသည်။

(စစ်​ကောင်စီ၏လေ​ကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့သူတစ်ဦးကိုပတ်တီးစည်းထားစဥ် /​ညောင်ကုန်းရွာ​လေ​ကြောင်းတိုက်ခိုက်မှုတွင် ​သေဆုံး၊ဒဏ်ရာရသူများ အ​ခြေအ​နေပြ အင်ဖိုဂရပ်။ဓါတ်ပုံ- Hnin Yape Nwai)
(စစ်​ကောင်စီ၏လေ​ကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့သူတစ်ဦးကိုပတ်တီးစည်းထားစဥ် /​ညောင်ကုန်းရွာ​လေ​ကြောင်းတိုက်ခိုက်မှုတွင် ​သေဆုံး၊ဒဏ်ရာရသူများ အ​ခြေအ​နေပြ အင်ဖိုဂရပ်။ဓါတ်ပုံ- Hnin Yape Nwai)

လူဆယ်ဦး‌သေဆုံးခဲ့သည့် ပုလဲမြို့နယ် ညောင်ကုန်းရွာ လေကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရရှိသူများကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၂မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များက ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြသည်။

စစ်ကောင်စီတပ်သည် ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာနှင့် ချင်ပြစ်ကျေးရွာကို ဇွန်လ ၂၇ရက်၊ ညနေ ၃နာရီခွဲခန့် တွင် ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးကြဲချတိုက်ခိုက်သွားခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်ခံရမှုအပြီးတွင် သံဃာတော်တစ်ပါးအပါအဝင် အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး သုံးဦးသေဆုံးခဲ့သည်။ ငါးဦးသည် ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။

ယင်းမာပင်ခရိုင်တပ်ရင်း ၁၂မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များကညောင်ကုန်းရွာသို့ဇူလိုင်လ ၁၆ရက်က သွားရောက်ကာကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြခြင်းဖြစ်သည်။

(စစ်​ကောင်စီ၏လေ​ကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့သူတစ်ဦးကိုပတ်တီးစည်းထားစဥ် /​ညောင်ကုန်းရွာ​လေ​ကြောင်းတိုက်ခိုက်မှုတွင် ​သေဆုံး၊ဒဏ်ရာရသူများ အ​ခြေအ​နေပြ အင်ဖိုဂရပ်။ဓါတ်ပုံ- Hnin Yape Nwai)
(စစ်​ကောင်စီ၏လေ​ကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့သူတစ်ဦးကိုပတ်တီးစည်းထားစဥ် /​ညောင်ကုန်းရွာ​လေ​ကြောင်းတိုက်ခိုက်မှုတွင် ​သေဆုံး၊ဒဏ်ရာရသူများ အ​ခြေအ​နေပြ အင်ဖိုဂရပ်။ဓါတ်ပုံ- Hnin Yape Nwai)

“ကျွန်တော်တို့ ငွေကြေးတော့ မထောက်ပံ့နိုင်ဘူး။ကျန်းမာရေးစောင့်ရှောက်မှု လာပေးတာပါ။ အရေးပေါ်ကုသနေရသူ‌တွေ ရှိသေးပြီး သူတို့အတွက် အကူအညီတွေ လိုအပ်နေပါတယ်” ဟုယင်းမာပင်ခရိုင်တပ်ရင်း (၁၂ )တပ်ရေးဗိုလ်ကိုမောင်ကပြောသည်။

မိသားစုဝင် ၂ ဦး​သေဆုံးကာ ၊ ၃ ဦးဒဏ်ရာရခဲ့​သောမိသားစုမှ ကိုယ်တိုင်ဒဏ်ရာရခဲ့သည့် ဒေသခံအမျိုးသမီးတစ်ဦးကလည်း”ကျွန်မတို့ မိသားစုဆို ငါးယောက်ထိတာ။ အကိုနဲ့ တူမလေး သေဆုံးသွားတယ်။ သုံးယောက်က ဆေးကုနေရတယ်။ အစ်ကို‌တစ်ယောက်ဆိုရင် အခုထိ ဆေးရုံကမဆင်းရသေးဘူး”ဟု ပြောသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့သူများကို တတ်နိုင်သလောက် ကူညီပေးကြရန် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကလည်း​မေတ္တာရပ်ခံသည်။

” ဒဏ်ရာရသူတွေထဲမှာ အကောင်းပကတိအထိ ပြန်ကောင်းဖို့မလွယ်တော့ဘူး။ ‌ရှေ့ရေးမှာ လုပ်ကိုင်စားသောက်ဖို့ ခက်ကြတာပေါ့။ သူတို့ကို ပြန်ကြည့်ပေးဖို့လိုပါတယ်” ဟု ဦးဇော်ထက်က ပြောသည်။