Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့ တော်လှန် စစ်ပွဲအကြောင်း ထဲထဲဝင်ဝင် သတင်းယူခဲ့တဲ့ Sky Newsကို ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ချီးကျူး

အာဏာသိမ်း စစ်တပ်က သတင်းလွတ်လပ်ခွင့် ဖိနှိပ်မှုတွေ အပြင်းအထန် ကျူးလွန်နေတဲ့တိုင် Sky Newsရဲ့ သတင်းထောက်ချုပ် စတူးဝပ် ရမ်းဆေးဟာ မြန်မာ့ တော်လှန်ရေး အင်အားစုတွေရဲ့ တောတွင်း ဆေးရုံတစ်ခုဆီ အရောက်သွားခဲ့ပြီး စစ်ပွဲရဲ့ ထိခိုက်သက်ရောက်မှုတွေကို မျက်မြင် သတင်းယူခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ ခုခံစစ်ပွဲရဲ့ သရုပ်သကန်ကို ထဲထဲဝင်ဝင် သတင်းတင်ဆက်ခဲ့တဲ့ Sky Newsကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ချီးကျူးခဲ့ပါတယ်။ သူက အာဏာသိမ်း စစ်တပ်ရဲ့ အုပ်စိုးမှုကို တော်လှန်နေတဲ့ မြန်မာ ပြည်သူတွေအတွက် နိုင်ငံတကာ အသိုက်အဝန်းက ပိုမို ထောက်ခံ ကူညီပေးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်က သတင်းလွတ်လပ်ခွင့် ဖိနှိပ်မှုတွေ အပြင်းအထန် ကျူးလွန်နေတဲ့တိုင် Sky Newsရဲ့ သတင်းထောက်ချုပ် စတူးဝပ် ရမ်းဆေးဟာ မြန်မာ့ တော်လှန်ရေး အင်အားစုတွေရဲ့ တောတွင်း ဆေးရုံတစ်ခုဆီ အရောက်သွားခဲ့ပြီး စစ်ပွဲရဲ့ ထိခိုက်သက်ရောက်မှုတွေကို မျက်မြင် သတင်းယူခဲ့ပါတယ်။

မြန်မာ့ တော်လှန် စစ်ပွဲအကြောင်း ထဲထဲဝင်ဝင် သတင်းယူခဲ့တဲ့ Sky Newsကို ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ချီးကျူး
မြန်မာ့ တော်လှန် စစ်ပွဲအကြောင်း ထဲထဲဝင်ဝင် သတင်းယူခဲ့တဲ့ Sky Newsကို ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ချီးကျူး

ရမ်းဆေးနဲ့ တွေ့ဆုံ စကားပြောခဲ့တဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင် တချို့က နိုင်ငံတကာ ထောက်ပံ့မှုတွေ လုံလုံလောက်လောက် မရရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။ အဲဒီ အထူးပြု သတင်းဖော်ပြချက်နဲ့ ပတ်သက်ပြီး အသိအမှတ် ချီးကျူးခဲ့တဲ့နောက် အန်ဒရူးစ်က နိုင်ငံတကာ အသိုက်အဝန်းဟာ တကယ်ပဲ မြန်မာ့ ဒီမိုကရေစီရေးအတွက် လုံလောက်တဲ့ အားထုတ်မှု မရှိဘူးလို့ ခံစားမိကြောင်း Sky Newsကို ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာက မြန်မာ့အရေးနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းတွေ အကြိမ်ကြိမ် ပြောနေခဲ့ကြောင်း၊ ဒါပေမဲ့ ပြည်သူတွေက အဲဒီလို စိုးရိမ်ပြနေရုံနဲ့ ရှေ့ဆက် ရှင်သန်ရပ်တည်နိုင်မှာ မဟုတ်ဘဲ ထိရောက်တဲ့ ကူညီထောက်ပံ့မှုတွေ လိုအပ်နေကြောင်း သူက ဆိုပါတယ်။

အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့လို စူပါပါဝါတွေက မြန်မာ စစ်ဗိုလ်ချုပ်တွေကို အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်နေပေမယ့်လည်း တရုတ်နဲ့ ရုရှားအပါအဝင် ရင်းမြစ်တချို့ဆီကနေ စစ်တပ်ဟာ လက်နက်ခဲယမ်းတွေ လက်ခံ ရရှိနေဆဲလို့လည်း အန်ဒရူးစ်က ထောက်ပြခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ သူတို့ရဲ့ မိတ်ဆွေ ရုရှားနဲ့ တရုတ်ဆီက စစ်လက်နက်တွေ အများအပြား ရရှိနေကြောင်း၊ တစ်ဖက်မှာတော့ မြန်မာ ပြည်သူတွေဟာ အခြေခံ လူ့အခွင့်အရေးတွေ အတွက်တောင် ရုန်းကန် တိုက်ပွဲဝင်နေရပြီး သူတို့အတွက်လည်း ပိုမို ထင်ရှားမြင်သာတဲ့ မိတ်ဖက် ကူညီမှုတွေ ရသင့်ကြောင်း အန်ဒရူးစ်က ဆိုပါတယ်။

လက်ရှိ အခြေအနေအတိုင်း ဆက်သွားနေပြီး နိုင်ငံတကာ အသိုက်အဝန်းက ဘေးထွက်ထိုင်နေမယ်ဆိုရင် မြန်မာ့ တော်လှန်ရေးမှာ အသေအပျောက်တွေ၊ ဒဏ်ရာရမှုတွေ၊ ထိခိုက်ပျက်စီးမှုတွေ၊ နိုင်ငံရေး အကျဉ်းသားအဖြစ် ဖမ်းဆီး ခံရမှုတွေ ပိုမို များပြားလာမှာကို စိုးရိမ်ရကြောင်း၊ စစ်အာဏာရှင်ကို ရဲရဲဝံ့ဝံ့ တွန်းလှန်နေတဲ့ မြန်မာ ပြည်သူတွေကို နိုင်ငံတကာ အသိုက်အဝန်းက ပိုမို အာရုံစိုက် ကူညီစေလိုကြောင်း သူက ပြောကြားသွားပါတယ်။

သူက Sky Newsရဲ့ သတင်းတင်ဆက်မှုကို ချီးကျူးခဲ့ပြီး မြန်မာ စစ်တပ်ဟာ သူတို့ရဲ့ အကြမ်းဖက်မှု၊ ရက်စက်မှုတွေကို ကမ္ဘာက မြင်ခွင့်မရအောင် အစွမ်းကုန် ဖုံးကွယ်နေကြောင်း၊ Sky Newsလို သတင်းဌာနတွေက အမှန်တရားကို ကြိုးကြိုးစားစား ဖော်ထုတ်ပေးနေတာ မြင်ရတော့ ဝမ်းလည်းသာ၊ ကျေးဇူးလည်းတင်ကြောင်း အင်ဒရူးစ်က ပြောဆိုသွားခဲ့ပါတယ်။

SKY NEWS က အထူးသတင်း​ပေးပို့ချက်​တွေကို ​အောက်ပါ မူရင်းလင့်​တွေမှာ ရှုစားနိုင်ပါတယ်။

https://fb.watch/lSthepujLc/?mibextid=Nif5oz

https://fb.watch/lStMZTIZVx/?mibextid=Nif5oz