Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုဒုံမြို့ ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဖြစ်၍ နေအိမ်များ ရွှေ့ပြောင်းရ

ယမန်နေ့ နေ့လယ်ပိုင်းကစတင်ကာ မုဒုံမြို့တွင် မိုးသည်းထန်းစွာရွာသွန်းပြီး တောင်ကျရေများကျဆင်းလာခြင်းကြောင့် မုဒုံမြို့ပေါ်တွင် ရေသုံးပေခန့်အထိမြင့်တက်လာပြီး ရပ်ကွက်နေပြည်သူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ - MFSD

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့မ(၄)ရပ်ကွက်ရှိ အုတ်ကျင်းရပ်နှင့် မြေနိမ့်ပိုင်းနေရာများရှိ လူနေအိမ်များအတွင်း ရေများဝင်ရောက်၍ နေအိမ်များ ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ နေ့လယ်ပိုင်းကစတင်ကာ မုဒုံမြို့တွင် မိုးသည်းထန်းစွာရွာသွန်းပြီး တောင်ကျရေများကျဆင်းလာခြင်းကြောင့် မုဒုံမြို့ပေါ်တွင် ရေသုံးပေခန့်အထိမြင့်တက်လာပြီး ရပ်ကွက်နေပြည်သူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ – MFSD

“နေ့လယ် ၂ နာရီလောက်ထဲက မိုးက တောက်လျှောက်ရွာတာပါ။ အခု ရေနိမ့်ပိုင်း ရပ်ကွက်တွေ အကုန်ရေကြီးနေပါပြီ။ လမ်းပေါ်တင် မကဘဲ အိမ်ထဲအထိပါဝင်နေလို့ ပြည်သူအချို့ကို ရွှေ့ပြောင်းပေးထားရပါတယ်။ လတ်တလောတော့ ပြည်သူတွေကို အောင်သိဒ္ဓိဘုန်းကြီးကျောင်းကို ကူညီရွေ့ပြောင်းပေးခဲ့ပါတယ် “ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ – MFSD

လာမည့်နှစ်ရက်အတွင်း မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးရွာသွန်းမှု မြင့်တက်နိုင်ကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားသည်။

“နက်ဖြန်မှ မိုးမရပ်ပဲ ထပ်ရွာရင်တော့ အခြေအနေမကောင်းဘူး။ အခုတောင် အိမ်အောက်ထဲထိ ရေဝင်နေပြီ။နက်ဖြန်သာ ဆက်ရွာရင်တော့ အောက်ထပ်တစ်ထပ်လုံး ရေမြှပ်နိုင်ပါတယ်” ဟု မုဒုံမြို့နေ ပြည်သူတစ်ဦးက ပြောသည်။