Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာတွင် စစ်တပ်က ပြည်သူလေးဦးအား သတ်ဖြတ်ပြီး ဧရာဝတီမြစ်အတွင်းမျှောချ

ဇူလိုင် ၁၄ရက်က မတ္တရာမြို့နယ်၊ ညောင်အုပ်ကျေးရွာရှိ ဒေသခံ လက်သမားသုံးဦးနှင့် ရွာသားတစ်ဦးအား စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မတ္တရာတွင် စစ်တပ်က ပြည်သူလေးဦးအား သတ်ဖြတ်ပြီး ဧရာဝတီမြစ်အတွင်းမျှောချ
မတ္တရာတွင် စစ်တပ်က ပြည်သူလေးဦးအား သတ်ဖြတ်ပြီး ဧရာဝတီမြစ်အတွင်းမျှောချ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူလေးဦးအား ဖမ်းဆီးသတ်ဖြတ်ပြီး မြစ်အတွင်းမျှောချအလောင်းဖျောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင် ၁၄ရက်က မတ္တရာမြို့နယ်၊ ညောင်အုပ်ကျေးရွာရှိ ဒေသခံ လက်သမားသုံးဦးနှင့် ရွာသားတစ်ဦးအား စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ညောင်အုပ်ရွာ တောင်ပိုင်းမှာ နှိပ်စက်ညှင်းပန်း ရိုက်နှက်ခဲ့တာ နှစ်ဦးသေပြီး ရေထဲကိုချအလောင်းဖျောက်ခဲ့တယ်။ ကျန်အမျိုးသား နှစ်ဦးကိုလည်း နတ်ကြီးစင်ရွာဘုန်းကြီးကျောင်းထဲ ခေါ်ပြီး ၁၅ ရက်နေ့မှာသတ်ပြီး ရေထဲချ အလောင်းဖျောက်ခဲ့တယ်။”ဟု Wet Let Informational Network အဖွဲ့က ပြောသည်။

သတ်ဖြတ်ခံရသူ လေးဦးအနက် လက်သမား သုံးဦးမှာ စဉ့်ကူးမြို့နယ် ညောင်ဝန်းရွာမှ လာရောက်အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း၊ ၎င်းတို့ရုပ်အလောင်းများအား စစ်တပ်က ဧရာဝတီမြစ်အတွင်းသို့မျှောချခဲ့ပြီး ရုပ်အလောင်းများအား တွေ့ရှိခဲ့၍ ဒေသခံများက မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း Wet Let Informational Network အဖွဲ့က ပြောသည်။

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ ထိတွေ့ပစ်ခတ်မှုများလည်း ဖြစ်ပွားနေပြီး ယမန်နေ့ (ဇူလိုင် ၁၈ ရက်) မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သည် အင်အား ၅၀ခန့်ဖြင့် မတ္တရာမြို့နယ်၊ ကင်းရွာနှင့် အောင်ချမ်းသာကျေးရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။