Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နယ်တွင် ပျူများကလက်နက်ကြီးဖြင့် ပစ်၍ အိပ်နေသည့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ

လက်နက်ကြီးကျည်ကြောင့် နေအိမ်တွင်းအိပ်နေသော အသက် (၃၀) ဝန်းကျင် မမိလှ နှင့် အသက် (၁၃) နှစ်အရွယ် မဆုဝင့်ထည်တို့ ဒဏ်ရာ ရရှိသွားကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့ အဖွဲ့က ပြောသည်။

(စစ်ကောင်စီတ​ပ်လက်​အောက်ခံ ပျူ​စောထီးများပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် အစိတ်အပိုင်း။ ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်မြို့)
(စစ်ကောင်စီတ​ပ်လက်​အောက်ခံ ပျူ​စောထီးများပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် အစိတ်အပိုင်း။ ဓာတ်ပုံ-နွေဦးတော်လှန်ရေး-မြိုင်မြို့)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ တွင်းမပျူရွာမှ ညအချိန်မတော် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ နေအိမ်ထဲ အိပ်နေသည့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

ယနေ့( ဇူလိုင်လ ၂၆) နံနက် ၂ နာရီခန့်ကတွင်းမ(ပျူ)ရွာ၊ စာသင်ကျောင်းအတွင်းရှိ ပျူစောထီးများသည် လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ အိုရင်းကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

လက်နက်ကြီးကျည်ကြောင့် နေအိမ်တွင်းအိပ်နေသော အသက် (၃၀) ဝန်းကျင် မမိလှ နှင့် အသက် (၁၃) နှစ်အရွယ် မဆုဝင့်ထည်တို့ ဒဏ်ရာ ရရှိသွားကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့ အဖွဲ့က ပြောသည်။

“အိမ်ထဲမှာ ၃ ယောက်အိပ်နေတာ။ လက်နက်ကြီးကျပြီး ၂ ယောက်ထိခိုက်တာ။”ဟု မြိုင်ပကဖအဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

တွင်းမရွာအပါအဝင် မြိုင်နယ်အတွင်းရှိ ပျုရွာအချို့သည် တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်ခဲ့၍ ပြည်သူများထိခိုက်သေဆုံးမှုများရှိ​ကြောင်း​ပြောသည်။

ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ရွာပျူစခန်းမှထွက်လာသော စစ်ကောင်စီတပ်သည် မြိုင်မြို့နယ်အရှေ့ပိုင်းကျေးရွာများသို့ စစ်​ကြောင်းထိုး မွှေနှောက်နေပြီး ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးသွားသည်။