Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန်ပက်လက်တိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးထပ်မံသေဟု CDF အသိပေး

ဇူလိုင် ၂၅ရက် နံနက်တွင်လည်း နတ်စင်ကုန်းအနီး၌ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသူများရှိနေပြီး CDF ရဲဘော် တစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

(ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - Chin Defence Force -Kanpetlet)
(ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - Chin Defence Force -Kanpetlet)

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ဇူလိုင် ၂၄ရက်ကဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သုံးဦးထပ်မံသေဆုံးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ကန်ပက်လက်မြို့နယ်ကျင်ဒွေးမြို့သို့ ရိက္ခာပို့ရန် စစ်ကြောင်းထိုးနေသည့် အင်အား ၃၀၀ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းတပ်များသည် ဇူလိုင် ၂၄ရက် ညနေပိုင်းက အုံလမ်းခွဲတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အဆိုပါတိုက်ပွဲအတွင်း ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဟု ဖော်ပြသည်။

ထို့ပြင် ဇူလိုင် ၂၅ရက် နံနက်တွင်လည်း နတ်စင်ကုန်းအနီး၌ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသူများရှိနေပြီး CDF ရဲဘော် တစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

ကန်ပက်လက်နယ်တွင် ကျင်ဒွေးမြို့သို့ ဦးတည်သည့် စစ်ကြောင်းနှင့် ကန်ပက်လက်မြို့၌ တပ်ချိန်းပြီး ဆောမြို့နယ် ကျောက်ထုမြို့သို့ဦးတည်သည့် စစ်ကြောင်းကို CDFနှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်လျက်ရှိရာစစ်ကောင်စီတပ်ကသေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း CDFက ယခင်နေ့များက သတင်းထုတ်ပြန်ထားသည်။