Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂုတ်တွင်းတိုက်ခိုက်မှု အရာရှိအပါအဝင်စစ်သား၁၄ ဦး​သေဆုံး၊ ​နာ​ရေးကိုနောင်ချိုသုသာန်တွင်ပြုလုပ်

​သေဆုံးစစ်သားများကို​နောင်ချို သုသာန်တွင် သဂြိုဟ်ရာ၌မြေကျင်း ၁၄ကျင်း တူး၍ သြဂုတ် ၆ ရက် မွန်းလွှဲ ၂ နာရီက အမိန့်ပြန်တမ်းဖတ်၍ နာ​ရေးပြုလုပ်ခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က ​ပြောသည်။ နာ​ရေးပြုလုပ်ရာတွင် လုံခြုံ​ရေးများစွာချထား​ကြောင်းလည်းသိရသည်။​

(​​​နောင်ချို ၊​ကျောက်မဲ နှင့် ပြင်ဦးလွင်မြို့တို့ကို Google Map တွင်​တွေ့ရမှူ)
(​​​နောင်ချို ၊​ကျောက်မဲ နှင့် ပြင်ဦးလွင်မြို့တို့ကို Google Map တွင်​တွေ့ရမှူ)

နောင်ချိုမြို့ နှင့် ကျောက်မဲမြို့ကြား ဂုတ်တွင်းလမ်းပိုင်းတစ်​နေရာတွင် သြဂုတ် ၄ ရက်​နေ့ခင်းပိုင်း စစ်ကောင်စီတပ်ကား တိုက်ခိုက်ခံခဲ့ရမှုတွင် အရာရှိတစ်ဦးအပါအဝင် ၁၄ ဦး​သေဆုံးခဲ့ပြီး ​သေဆုံးသူများကို ​နောင်ချို သုသာန်တွင် သြဂုတ် ၆ ရက်တွင်သဂြိုဟ်သွား​ကြောင်း ​ဒေသခံအချို့က ပြောသည်။

​သေဆုံးစစ်သားများကို​နောင်ချို သုသာန်တွင် သဂြိုဟ်ရာ၌မြေကျင်း ၁၄ကျင်း တူး၍ သြဂုတ် ၆ ရက် မွန်းလွှဲ ၂ နာရီက အမိန့်ပြန်တမ်းဖတ်၍ နာ​ရေးပြုလုပ်ခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က ​ပြောသည်။ နာ​ရေးပြုလုပ်ရာတွင် လုံခြုံ​ရေးများစွာချထား​ကြောင်းလည်းသိရသည်။​

​သေဆုံးစစ်သားများမှ ​ခြေမြန်တပ်ရင်း-ခမရ (၁၁၅)မှ ၉ ဦး ၊ ခမရ ၁၁၄ မှ ၅ ဦးဖြစ်ပြီး ဗိုလ်ကြီး ၁ ဦးပါဝင်​ကြောင်း​စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။ ကနဦးတွင် ​သေဆုံးသူ ၁၃ ဦး ၊ဒဏ်ရာရသူ ၅ ဦးဟုသတင်းထွက်​ပေါ်ခဲ့​သော်လည်း နာ​ရေးအခမ်းအနားတွင်မှ ၁၄ ဦး​သေဆုံး​ကြောင်းသိရကာ ၊စစ်​ကောင်စီကအဆိုပါသတင်းကို အသိမခံဘဲအ​မှောင်ချထားသည်။

သြဂုတ် ၄ ရက် ​နေ့ခင်းပိုင်းတွင် နောင်ချိုနှင့်ကျောက်မဲမြို့ကြား ​နောင်ပိန်ရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသောကားကို အမည်မသိလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့သည်။RPG ကိုပါအသုံးပြုတိုက်ခိုက်ခဲ့ပြီး ကား​ပေါ်ပါသူ အများစု​သေဆုံးပြီး၊ ဒဏ်ရာရသူအနည်းငယ်သာကျန်ရှိခြင်းဖြစ်​ကြောင်း စစ်​ရေးသတင်းရင်းမြစ်အချို့ထံမှသိရသည်။

“ခုသေတဲ့ကောင်တွေကတပ်ရင်းတွေမှာအမြဲနေရတဲ့သူတွေပဲ ။သက်သက်ရွေးလုပ်တဲ့သဘောထင်တယ်။အဲ့စစ်ကားကတစ်စီးထဲ။ ရိက္ခာသွားထုတ်ရင်းသွားကြတာ။သေတဲ့အထဲမှာ တပ်သားတစ်ယောက်မှမပါဘူး။တိုက်ပွဲမလိုက်ရတဲ့သူတွေအသက်ကြီးပိုင်းတွေများတယ်”ဟု စစ်​ရေးသတင်းရင်းမြစ်တစ်ဦးက​ပြောသည်။

​သေဆုံးသူများတွင် ခမရ( ၁၁၅ ) ဗိုလ်အပါအဝင် ၉ ဦး ၊ ခမရ (၁၁၄)မှ တပ်ကြပ်ကြီး ၅ ဦးပါဝင်​ပြီး သေဆုံးသူများကို ​နောင်ချိုမြို့နယ်​ဆေးရုံသို့ပို့ကာ ၊ဒဏ်ရာရသူများကို ပြင်ဦးလွင် စစ်​ဆေးရုံသို့ ပို့​ဆောင်ကုသခဲ့ခြင်းဖြစ်​ကြောင်းစုံစမ်းသိရသည်။

“ကားတစ်စီးထဲကို ဝိုင်းပစ်တာ။ လောင်ချာနဲ့ပါချတာဆိုတော့ အသေများတယ်။ နောင်ချိုမှာ ဆုံးတာတွေကို နောင်ချိုသုသာန်မှာ အမိန့်ပြန်တယ်။ ဒဏ်ရာရတွေကို မေမြို့စစ်ဆေးရုံပို့တယ်။ အခု စစ်တပ်က အဲ့ဒီဂွင်ကို အင်အားတွေ တိုးနေတယ်” ဟု ‌အဆိုပါတိုက်ခိုက်မှုကို သိရှိထားသည့် ဒေသခံတစ်ဦးကပြောသည်။

​သေဆုံးသူများတွင် ပင်စင်ယူခါနီး အသက်ကြီးပိုင်းစစ်သားများပါဝင်​ကြောင်းသိရသည်။​

“တပ်ရင်းတွေထဲမယ်တပ်သားရယ်လို့မရှိတော့ဘူးဗျ ။စစ်သားမိန်းမတွေ ကင်းစောင့်သေနက်ကိုင်နေရတဲ့အနေအထားပဲ။ စခတွေဟာ ခံစစ်ကိုပဲ ပြင်ဆင်လိမ့်မယ်ထင်တယ်”ဟု အထက်ပါစစ်​ရေးသတင်းရင်းမြစ်က​ပြောသည်။

​ကျောက်မဲမြို့တွင် သြဂုတ် ၆ ရက် ​နေ့ခင်းပိုင်းတွင်လည်းလက်ဖက်ရည်ဆိုင်ထိုင်​နေ​သော မြို့နယ်စည်ပင်ဦးစီးမှူး ၊လျှပ်စစ်ဌာန အရာရှိနှင့် ရပ်ကွက်အုပ်ချုပ်​ရေးမှူးတို့ တိုက်ခိုက်ခံရပြီး ၂ ဦး​သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့သည်။ စစ်​ကောင်စီကအဆိုပါတိုက်ခိုက်မှုမှာ TNLA တပ်ဖွဲ့ဝင် ၂ ဦးကတိုက်ခိုက်ခြင်းဖြစ်​ကြောင်း စွပ်စွဲထုတ်ပြန်ထားသည်။

အထက်ပါတိုက်ခိုက်မှု နှစ်ခုဖြစ်ပွားပြီး​နောက်စစ်​ကောင်စီတပ်က ​ကျောက်မဲမြို့တွင် စစ်​ကောင်စီတပ်အင်အားတိုးချထား​ကြောင်း​ဒေသခံအချို့က​ပြောသည်။