Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကူမြို့ထွေအုပ်ရုံးအစည်းအဝေးလုပ်နေချိန် ဒရုန်းဖြင့်တိုက်ခိုက်ရာ နှစ်ဦးသေ၊ ၉ဦး ဒဏ်ရာရဟု မြို့လှ K-PDF အသိပေး

ရွှေကူမြို့ထွေအုပ်ရုံးအစည်းအဝေးလုပ်နေချိန် ဒရုန်းဖြင့်တိုက်ခိုက်ရာ နှစ်ဦးသေ၊ ၉ဦး ဒဏ်ရာရဟု မြို့လှ K-PDF အသိပေး
မြို့လှ K-PDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - မြို့လှ K-PDF

မောင်မောင်/People’s Spring

ကချင်ပြည်နယ် ရွှေကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ​၏ ထောက်တိုင် ပြည်ထဲရေးဝန်ထမ်း နှစ်ဦး သေဆုံးကာ ၉ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း မြို့လှ ကချင်ဒေသ-ပြည်သူ့ကာကွယ်ရေးတပ်(K-PDF)က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။

စက်တင်ဘာ ၆ရက်က ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အစည်းအဝေးပြုလုပ်နေချိန်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မြို့တွင်း ပြည်သူများ၏ မျက်မြင်တွေ့ ရှိမှုအရ လူနာများအား ဆေးရုံးသို့ သယ်ဆောင်သွား ကြောင်းသိရှိ ရပါသည်”ဟု မြို့လှ K-PDFက ထုတ်ပြန်သည်။

ယမန်နေ့ နံနက် ၁၁နာရီခန့်တွင် တစ်ကြိမ်၊ ၁၁နာရီခွဲခန့်တွင် တစ်ကြိမ် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ တစ်ကြိမ်လျင် ဗုံးသီး လေးလုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ​၏ဝန်ထမ်းနှင့် လုံခြုံရေးများ သေဆုံးထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့လှ K-PDFက အသိပေးသည်။

အထိနာသည့် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး မြို့တွင်း၌လည်း ပိတ်ဆို့စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

ကရင်ပြည်နယ် မြ၀တီမြို့တွင်လည်း ပြီးခဲ့သည့်ရက်ပိုင်းက မြို့လယ်ရှိ ရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး၊ ယာယီတပ်ရင်းမှူးအပါအဝင် ၅ဦးထက်မနည်းသေဆုံးကာ ၁၀ဦး ကျော် ဒဏ်ရာရခဲ့သည်။

ယခု ရွှေကူမြို့ထွေအုပ်ရုံးကိုတိုက်ခိုက်ခဲ့သည့် မြို့လှ K-PDF အနေဖြင့် စက်တင်ဘာ ၁ရက်ကလည်း ရွှေကူမြို့နယ် ကျောက်ကြီးရွာ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ရဲစခန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီးဒဏ်ရာရသူများ ရှိခဲ့သည်။