Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

၁၆ နှစ်ကြာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို KNU ပူးပေါင်းတပ်ဝင်သိမ်း

၁၆ နှစ်ကြာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို KNU ပူးပေါင်းတပ်ဝင်သိမ်း

နိုင်ပကောင်း/People’s Spring

လွန်ခဲ့တဲ့ ၁၆ နှစ်က လာရောက်တပ်စွဲထားတဲ့ ကရင်ပြည်နယ် ဖာပွန်နယ်မြေက စစ်ကောင်စီတပ်ရဲ့ ခေးပူးစခန်းကို KNU တပ်မဟာ ၅ နဲ့ ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းက ဝင်သိမ်းလိုက်တယ်လို့ သိရပါတယ်။

အဲဒီစခန်းကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ စက်တင်ဘာလ ၆ ရက် မနက် ၅ နာရီခွဲကစတင်ပြီး ၂ နာရီကြာ တိုက်ခိုက်ပြီးနောက် သိမ်းလိုက်တာလို့ KNU တပ်မဟာ ၅ က သတင်းဖော်ပြပါတယ်။

ခေးပူးစခန်းကို စစ်တပ်က ၂၀၀၇ ခုနှစ်မှာ စတင်တပ်စွဲထားတာဖြစ်ပြီး အင်အား ၅၀ ခန့် ရှိတယ်လို့သိရပါတယ်။

စခန်းကို ဝင်တိုက်ရာမှာတော့ စစ်ကောင်စီဘက်က အထိနာပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ တပ်မဟာ ၅ က ဆိုပါတယ်။

စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းကနေ လာရောက် ဗုံးကြဲ တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ ဖော်ပြချက်အရ သိရပါတယ်။