Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုဂံ မြောက်ဂူနီဘုရားရဲ့ မုခ်ပေါင်းကူးပြိုကျ

ပုဂံ မြောက်ဂူနီဘုရားရဲ့ မုခ်ပေါင်းကူးပြိုကျ

ဆိုင်းမင်း/People’s Spring

ပုဂံဒေသက ရှေးဟောင်းဘုရားတစ်ဆူဖြစ်တဲ့ မြောက်ဂူနီ ဘုရားရဲ့ တောင်ဘက်မုခ် မုခ်ပေါင်းကူးပြိုကျသွားတယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။

“မနေ့(စက်တင်ဘာလ၇ ) ကပြိုတာလို့ ခန့်မှန်းမိတယ်” လို့ ပြိုကျပျက်စီးမှုကိုသွားရောက်ကြည့်ရှုခဲ့သူ ဒေသခံက ဆိုပါတယ်။

တောင်ဂူနီ နဲ့ မြောက်ဂူနီ ဘုရားတွေဟာ ပုဂံမှာလူသိများတဲ့ ဘုရားတွေဖြစ်တယ်လို့သိရပါတယ်။

အခုရက်ပိုင်း ပုဂံဒေသမှာ မိုးများချိန်မှာပဲ အခုလို ရှေးဟောင်းဘုရားရဲ့အစိတ်အပိုင်း အချို့ ပြိုကျပျက်စီးမှုဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း ဓမ္မရာဇက ဘုရား ရင်ပြင် အုတ်ခုံ၊ ထီးလိုမင်းလိုဘုရား အရှေ့မုခ်အဝင်၊ သဗ္ဗညုဘုရားအုတ်တံတိုင်းနဲ့ ပုထိုးသားများဘုရား မုခ်ကပ် ပဲ့ကျတာတွေရှိခဲ့ပါတယ်။