Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါက်တာအေးမောင်၊ ဒေါ်စန္ဒာမင်းတို့ ဂျပန်သွားရောက်ကာ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေး

စစ်​ကောင်စီအတွက် ဂျပန်သွား၍ ​ဝါဒဖြန့်​ပေးခဲ့​သော ​ဒေါ်စန္ဒာမင်း ၊ဦး​အေး​မောင်၊ ​ကျော်မျိုးမင်း / ၎င်းတို့က ဂျပန်အမတ်အချို့ကို​ပေးခဲ့​သောစစ်​ကောင်စီဝါဒဖြန့်စာအုပ်မျက်နှာဖုံးပုံ နှင့် ၎င်းတို့ လာ​ရောက်၍ စစ်တပ်အ​တွက်ဝါဒဖြန့်​ပေး​ကြောင်းဂျပန်သတင်း​ထောက်က လိပ်စာကတ်ဖြင့်တစ်ကွ တွစ်တာတွင်​ရေးထား​​သောပိုစ် တို့ကို​တွေ့ရစဥ်။ဓါတ်ပုံ- စန္ဒာမင်း​ဖေစ်ဘွခ် ၊ ​npnews ၊ ​ပေးပို့

▪︎ဒီမိုက​ရေစီအင်အားစုများအ​ပေါ် အထင်လွဲ​အောင် ပုံလာဖျက်သည့်သ​ဘောဖြစ်ပြီး စိုးရိမ်စရာမရှိဟု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ပထမအတွင်းဝန် (CDM) ဦးအောင်စိုးမိုးသုံးသပ်

ကိုမာယု/People’s Spring

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ထုတ်ပယ်ခံထားရသ​သော ဒေါ်စန္ဒာမင်း၊ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်တို့သည် ဂျပန်နိုင်ငံသို့ သွားရောက်ကာ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးခဲ့ကြောင်း ဂျပန်ရောက် မြန်မာအချို့ နှင့် ဂျပန်သတင်း​ထောင်တို့က ပြောသည်။

ဒေါက်တာအေးမောင်၊ ဒေါ်စန္ဒာမင်းနှင့် သတင်း​ထောက်အမည်ခံ စစ်​ကောင်စီအတွက် ဝါဒဖြန့်​ပေး​နေ​သော ကျော်မျိုးမင်းတို့သည် ဂျပန်အထက်လွှတ်တော်အမတ်အချို့နှင့်တွေ့ဆုံကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က အကြမ်း

Public Service Announcement

Public Service Announcement

ဖက်လုပ်ရပ်များ လုပ်ဆောင်နေကြောင်း ဝါဒဖြန့်ခဲ့ပြီး ဂျပန်နိုင်ငံရှိ နွေဦးတော်လှန်ရေး ထောက်ခံသူများ၊ ရန်ပုံငွေရှာဖွေမှုများကို သတိထားရန် ပြောကြားခဲ့ကြောင်း သိရသည်။

၎င်းတို့သည် စက်တင်ဘာ ၁၇ ရက်တွင် ဂျပန်နိုင်ငံသို့သွား​ရောက်ခဲ့ပြီး စက်တင်ဘာ ၁၉ ရက်တွင် မြန်မာအ​ရေးကို ကူညီ​ပေး​နေ​သော လွှတ်​တော်အမတ်အချို့ ကို​တွေဆုံ၍ စစ်​ကောင်စီအတွက်ဝါဒဖြန့်​ပေးခဲ့ခြင်းဖြစ်​ကြောင်းသိ့ရသည်။၎င်းတို့ သုံးဦးနှင့်အတူ လုပ်ငန်းရှင် တစ်ဦးဖြစ်​သော ဦးသန်းနိုင် ၊ဂျပန် နိုင်ငံသားတစ်ဦးတို့က လွှတ်​​တော်အမတ်အချို့ကို သွား​ရောက်​တွေ့ဆုံခဲ့ခြင်းဖြစ်​ကြောင်း ဂျပန်​ရောက်မြန်မာအချို့က​ပြောသည်။ထိုခရီးစဥ်ကို လုပ်ငန်းရှင် ဦးသန်းနိုင်က စစ်​ကောင်စီ အတွက် ပံ့ပိုး​ပေးခဲ့ခြင်းဖြစ်

“ညီမတို့ကို အမြဲကူပေးနေတဲ့ အထက်လွှတ်တော်အမတ်ရှိတယ်။ သူကတော့ ပြောတယ်။ သူ့ဆီလာတွေ့သွားတယ်။ ဒီဘက်က ထောက်ပို့နေတဲ့သူတွေကို သတိထားပေါ့နော်။ နောက်ပြီး PDF တွေအကြောင်းရယ်၊ သူတို့က လူသတ်တာတွေ ဘာတွေ လုပ်နေတယ်ပေါ့နော်။ အဲဒီလိုပြောသွားတယ်လို့ သူကတော့ ပြောတယ်” ဟု ဂျပန်နိုင်ငံရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။

တိုကျိုရှင်ဘွန်း သတင်းဌာနမှ သတင်း​ထောက် မစ္စတာ ရှီဂဲဖုမိကီတာဂါဝါကလည်း ​ဒေါ်စန္ဒာမင်း ၊​ဒေါက်တာ ​အေး​မောင်တို့သည် ဂျပန် လွှတိ​တော်အတ်များထံသို့လာ၍ မြန်မာနိုင်ငံမှ မတည်ငြိမ်မှုများအတွက် ဒီမိုက​ရေစီ ခုခံကာကွယ်သူများကိုအပစ်တင်ပြီး ၊စစ်​ကောင်စီ​ရွေး​ကောက်ပွဲကျင်းပရန်လို​ကြောင်း​လော်ဘီ ပြုလုပ်ခဲ့​ကြောင်း၎င်း၏ တွစ်တာတွင် စက်တင်ဘာ ၂၄ ရက်က​ရေးသားထားသည်။

အထက်ပါ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေသူများသည် ဂျပန်အစိုးရပိုင်းကို ချဥ်းကပ်ရေးထက် မြန်မာ့ဒီမိုကရေစီအရေးအတွက် တက်ကြွစွာလှုပ်ရှားနေသည့် လွှတ်တော်အမတ်မျာကို တွေ့ဆုံကာ ဒီမိုကရေစီအင်အားစုများအကြား အထင်အမြင်လွဲမှားအောင် ပုံဖျက်ရန် ကြိုးစားလာခြင်းဖြစ်နိုင်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ပထမအတွင်းဝန် (CDM) ဦးအောင်စိုးမိုးကလည်း သုံးသပ်သည်။

“စိုးရိမ်စရာအခြေအနေတော့ မရှိဘူးလို့ ထင်တယ်။ လာတဲ့ကိုယ်စားလှယ်တွေရဲ့ အဆင့်က ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း မဟုတ်ဘူး။ protocol အရ ကြည့်ရင်တော့ အစိုးရတစ်ရပ်ရဲ့ ထောက်ခံမှုကို လိုချင်တာမျိုးတို့၊ ပူးပေါင်းဆောင်ရွက်တာမျိုးဆိုရင် ဌာနဆိုင်ရာ ဝန်ထမ်းတွေ လွှတ်ရတာပေါ့။ ဌာနဆိုင်ရာတောင် အဆင့်မြင့်ပိုင်း ညွှန်ကြားရေး

မှူးချုပ်တို့ အဲဒီလိုလွှတ်ပေးရတာပေါ့။ အခုလာတဲ့ကိုယ်

စားလှယ်တွေက ဘာမှ မဆိုင်ဘူးလေ။ ဌာနဆိုင်ရာ ဝန်ထမ်းလည်းမဟုတ်။ အဆင့်လည်း မြင့်တာမဟုတ်ဘူး။ ဒါကတော့

သူတို့ရဲ့ ပထမခြေလှမ်းပေါ့။ လာပြီးတော့ဒီမိုကရေစီအင်

အားစုတွေထဲ တစ်ယောက်နဲ့တစ်ယောက် အထင်အမြင်လွဲမှားအောင် ပုံဖျက်တဲ့သဘောပါ” ဟု ၎င်းက ဆိုသည်။

ထို့သို့ လုပ်ဆောင်လာမှုအပေါ် ဒီမိုကရေစီအင်အားစုများအနေဖြင့် စိတ်ခံစားချက်(emotion)ကို ဦးစားမပေးဘဲ စစ်ကောင်စီဘက်မှ နိုင်ငံရေးကစားမှု၊ အကွက်ရွှေ့မှုများကို စောင့်ကြည့်ကာ နိုင်ငံရေးဆန်ဆန်တွေးကာ လှုပ်ရှားဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း CDM သံတမန် ဦးအောင်စိုးမိုးက ​ပြောသည်။

ဂျပန်နိုင်ငံရှိ NUG Support Team ကလည်း ဂျပန်အစိုးရအနေဖြင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်များကို လက်ခံတွေ့ဆုံခြင်းမပြုရန်၊ ဂျပန်နိုင်ငံသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ စံနစ်ကို ဦးစားပေးသည့် နိုင်ငံတစ်ရပ်ဖြစ်သည့်အတိုင်း အာဏာရှင်စံနစ်ကို ကျင့်သုံးနေသော၊ ပြည်သူကို ကာကွယ်ခြင်းမရှိဘဲ လူ့အခွင့်ရေးကို ပြောင်ပြောင်

တင်းတင်းချိုးဖောက်နေသော မြန်မာစစ်တပ်၏ လိမ်လည်မှုများကို ယုံကြည်ခြင်းမရှိဘဲ မြန်မာနိုင်ငံသားများ၏ အခွင့်အရေးများကို ကာကွယ်ပေးရန်၊ မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်းပီသစွာဖြင့် မြန်မာနိုင်ငံသားများ၏ အနာဂတ်အတွက် မြန်မာနိုင်ငံအား မှန်ကန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် အမှန်တရားဘက်မှ ရပ်တည်ပေးရန် စသည့်အချက်များကို တောင်းဆိုသည်။

ဒေါ်စန္ဒာမင်းသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတို့တွင် NLD ကိုယ်စားပြု အနိုင်ရခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီ၏ ရွေးချယ်ခြင်းမခံရဘဲ ပါတီအောင်နိုင်ရေးတွင် ပါဝင်ကူညီခဲ့သည်။ စစ်အာဏာသိမ်းမှုအပြီးတွင် NLD ပါတီဝင်အချို့သည် ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာမှု မရှိသည့်အပြင် ပါတီ၏ရပ်တည်ချက် တို့ကို ဆန့်ကျင်၍လည်းကောင်း၊ ပါတီအမည်ကို အလွဲသုံးစားလုပ်ဆောင်၍လည်းကောင်း၊ စစ်အာဏာရှင် အလိုကျလိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ်ဆောင်နေကြကြောင်း ခိုင်လုံသည့် အထောက်အထားများ ရရှိထားကြောင်း NLD ဗဟိုအလုပ်ကော်မတီက ၂၀၂၃ မတ်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် ဒေါ်စန္ဒာမင်း အပါအဝင် ဗဟိုအလုပ်အမှုဆောင်တစ်ဦးနှင့် ဗဟိုကော်မတီဝင် သုံးဦးကို ပါတီဝင်အဖြစ်မှ အပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်းနှင့် ယင်းတို့၏ ပြောဆိုဆောင်ရွက်မှုများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း ကြေညာသည်။

​ဒေါ်စန္ဒာမင်းကို မှတ်ချက်​မေးမြန်းရန် People’s Spring က ဆက်သွယ်ရန်ကြိုးစား​သော်လည်း ဆက်သွယ်မရ​သေးပါ။

ဒေါက်တာအေးမောင်သည် စစ်တပ်ကဦး​ဆောင်ကျင်းပ​ခဲ့​သော ၂၀၁၀ ​ရွေး​ကောက်ပွဲမတိုင်ခင် အစိုးရဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီး နိုင်ငံ​ရေး​လောကသို့ဝင်​ရောက်လာသူဖြစ်သည်။ ၂၀၁၀​ရွေး​ကောက်ပွဲ နှင့် ၂၀၁၅ ​ရွေး​ကောက်ပွဲတို့၌ အနိုင်ရပြီးလွှတ်​တော်အမတ်ဖြစ်ခဲ့သည်။ ​သို့​သော် ၂၀၁၈ ခုနှစ်တွင် နိုင်ငံတော်ပုန်ကန်မှုဖြင့် စစ်တပ်ကတရားစွဲပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။ သို့သော် စစ်

တပ် အာဏာသိမ်းပြီး ၁၂ ရက်အကြာတွင်တရားစွဲဆို​ထောင်ချခဲ့​သောစစ်တပ်ကပင် ဒေါက်တာအေးမောင်ကိုလွတ်ငြိမ်းချမ်းသာပေး လွှတ်ပေးခဲ့သည်။ ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၂ နိုဝင်ဘာတွင် ဒေါက်တာအေးမောင်ကို သီရိပျံချီဘွဲ့ ပေးအပ်ခဲ့သည်။

​ကျော်မျိုးမင်းသည် ပြည်မြန်မာဂျာနယ်တွင် သတင်း​ထောက်လုပ်ခဲ့ပြီး ၊ထို​နောက်အကုန်သိသတင်းဌာနကို ဦး​ဆောင်လုပ်ကိုင်ခဲ့သည်။စစ်တပ်အာဏာသိမ်းပြီး​နောက်Neo Politics News (NPnews) အမည်ရှိသတင်းဌာနကို ဦး​ဆောင်လုပ်ကိုင်​နေပြီး အာဏာသိမ်းစစ်​ကောင်စီ အတွက် ဝါဒဖြန့် တင်ဆက်မှုများ လုပ်ကိုင်​ပေး​နေသည်။