Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်နယ်တွင် စက်တင်ဘာလအတွင်းတိုက်ပွဲများ၌ စစ်​သား၅၀​ကျော်​သေဆုံးပြီး ကရင်နီပူး​ပေါင်းတပ်မှ ၁၁ဦးကျဆုံးဟု PKPF ထုတ်ပြန်

PKPF ၏ လစဥ် ထုတ်ပြန်သည့် အချက်အလက် များအရ ကရင်နီပြည် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရခြင်းများကိုလည်း ဖော်ပြထားသည်။

(PKPF ထုတ်ပြန်​သောစာရင်းနှင့် ကရင်နီပြည်တိုက်ပွဲတွင်​သေဆုံးခဲ့​သော စစ်သားယူနီ​ဖောင်း၊စစ်ဦးထုပ်။ ဓါတ်ပုံ-KNDF ၊ ဒီး​မော့ဆို PDF)
(PKPF ထုတ်ပြန်​သောစာရင်းနှင့် ကရင်နီပြည်တိုက်ပွဲတွင်​သေဆုံးခဲ့​သော စစ်သားယူနီ​ဖောင်း၊စစ်ဦးထုပ်။ ဓါတ်ပုံ-KNDF ၊ ဒီး​မော့ဆို PDF)

ကရင်နီ(ကယား)ပြည်နယ်၌ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သား ၅၀ ​ကျော်သေဆုံး ပြီးကရင်နီပူးပေါင်းတပ်မှ ၁၁ ဦးကျဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ယနေ့ထုတ်ပြန်သည်။

PKPF ၏ လစဥ် ထုတ်ပြန်သည့် အချက်အလက် များအရ ကရင်နီပြည် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရခြင်းများကိုလည်း ဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်၊ ဖေဖော် ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ခုနှစ် စက်တင်ဘာလ ( ၃၀ ) ရက်အထိ အရပ်သားပြည်သူ (၃၈၂ ) ဦး ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည်။

ထို့အပြင် မတရားဖမ်းဆီးခံရသူ (၁၈၃) ဦးရှိပြီး စစ်ဘေးရှောင်စဥ်သေဆုံးခဲ့ရသူ ၁၄၂ ဦးရှိကာ ဘာသာရေးအဆောက်အုံး ၄၂ လုံး နှင့် နေအိမ် ၁,၈၉၁ လုံး ပျက်စီးခဲ့သည်။

“ပြီးခဲ့တဲ့လ တိုက်ပွဲတွေအများစုက တော့ ဖရူဆို- ဘောလခဲ နယ်မြေထဲမှာ အများစုဖြစ်တာပေါ့။ဖားဆောင်းဘက်မှလည်း ထိတွေ့မှုရှိတယ်။အခု ထိလည်း ဖရူဆို-ဘောလခဲ တိုက်ပွဲက မပြီးသေးပါဘူး”ဟု ကရင်နီဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သား ၅၁ ဦး သေဆုံးခဲ့ကာ ကရင်နီတပ်ပေါင်းစု(KNDF/PDF/KA) မှ ၁၁ ဦးကျဆုံးခဲ့ကြောင်း ​ဖော်ပြထားသည်။စစ်တပ် အာဏာသိမ်းပြီး​​နောက်ပိုင်း ကရင်နီပြည်နယ်တွင်းတိုက်ပွဲများတွင်စစ် ကောင်စီတပ်သား ၂,၃၈၇ သေဆုံးခဲ့ပြီး ကရင်နီတပ်ပေါင်းစု မှ တပ်ဖွဲ့ဝင် ၃၃၃ ဦးကျဆုံးခဲ့​ကြောင်းလည်းPKPF ၏အချက်အလက်များအရ သိရသည်။

PKPF သည် ကရင်နီလူငယ်များဖြင့်ဖွဲ့စည်းကာ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းကရင်နီပြည်တွင် လူအခွင့်အ​ရေးချိုး​ဖောက်မှုများကို အချက်အလက်စု​ဆောင်းသု​တေသနပြုလုပ်၍လစဥ်ထုတ်​ပေး​နေသည်။ ယခုအချက်အလက်များမှာPKPF လက်လှမ်းမိသမျှ ပြုစုထားခြင်းဖြစ်ပြီး ​မြေပြင်အချက်အလက်များနှင့် အနည်းငယ် အ​ပြောင်းအလဲ ဖြစ်နိုင်​ကြောင်းလည်းသိရသည်။

သုံးလ ကျော်ကြာ ကရင်နီပူးပေါင်းတပ်က ထိန်းချုပ် ထားသည့် မယ်စဲ့ မြို့ကို ပြန်လည်ရရှိရန် စစ်ကောင်စီက ကြိုးပမ်းနေပြီး အစီးရေ ၁၀၀ ကျော်ပါသည့် စစ်ယာဥ်တန်းကို စစ်ကောင်စီတပ်က လွိုင်​ကော်မြို့မှ ဘောလခဲသို့ သြဂုတ်လမှစ၍ ပြည်​ထောင်စုလမ်းအတိုင်းသွား​နေရာ ကရင်နီတပ်ပေါင်းစုများက ကြားဖြတ်တိုက်ခိုက်လျှက်ရှိပြီး ဖြတ်သန်းရာလမ်းတစ်​လျှောက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျှက်ရှိသည်။