Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (အောက်တိုဘာ ၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️KNU ဥက္ကဋ္ဌဟောင်း အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှု အဖွဲ့နှင့်လုံး၀ မသက်ဆိုင်ဟု KNU အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့က အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သွားရောက်တွေ့ဆုံမှုဟာ KNUနှင့် လုံး၀ သက်ဆိုင်မှု မရှိဘူးလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဒီနေ့ ပြောပါတယ်။ မနေ့က KNU ဥက္ကဋ္ဌဟောင်းနှင့်အတူ ယခင် KNU ကာကွယ်ရေးဌာန တာဝန်ခံဟောင်းဖြစ်သူ ပဒိုစောရောဂျာခင်၊ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့ဟာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

(KNUဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်သည့် အဖွဲ့က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - CJ၊ စကစ)
(KNUဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်သည့် အဖွဲ့က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံနေစဉ်။ ဓာတ်ပုံ – CJ၊ စကစ)

အဲဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ KNU ပြောရေးဆိုခွင့်ရှိသူက အဲဒီတွေ့ဆုံမှုဟာ KNU နဲ့ လုံးဝမသက်ဆိုင်တော့ဘဲ ဘာမှ သက်ရောက်မှုရှိမှာ မဟုတ်ကြောင်းနဲ့ ဥက္ကဌဟောင်းနောက်မှာ လူထုရော၊ တပ်ရော မရှိတာကြောင့် စိုးရိမ်စရာမလိုကြောင်း ပြောပါတယ်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး

▪️စစ်ကောင်စီရဲ့ ဆိုင်းတောင်ရဲစခန်းကုန်းကို KIA၊ PDFပူးပေါင်းတပ် တိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ရဲစခန်းကုန်းကို ကချင်လွတ်မြောက်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့က မနေ့ ညပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့လို့ အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဆိုင်းတောင် ရဲစခန်းကုန်း တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲပါ။ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားသုံးဦးကတော့ ဖားကန့်ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ ဒေသခံက ပြောပါတယ်။

ဆိုင်းတောင်ရဲစခန်းကုန်းကို KIA၊PDFပူးပေါင်းတပ် တိုက်ခိုက်
ဆိုင်းတောင်ရဲစခန်းကုန်းကို KIA၊PDFပူးပေါင်းတပ် တိုက်ခိုက်

▪️ကရင်နီပြည် စက်တင်ဘာလအတွင်းတိုက်ပွဲတွေမှာ စစ်​သား ၅၀​ ကျော်​သေဆုံး

ကရင်နီပြည်နယ်မှာ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သား ၅၀ ​ကျော်သေဆုံးပြီး ကရင်နီပူးပေါင်းတပ်မှ ၁၁ ဦးကျဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) က ဒီနေ့ထုတ်ပြန်ပါတယ်။ PKPF ရဲ့ လစဥ်ထုတ်ပြန်တဲ့ အချက်အလက်များအရ ကရင်နီပြည် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရခြင်းများကိုလည်း ဖော်ပြထားပါတယ်။ စစ်တပ် အာဏာသိမ်းပြီး​​နောက်ပိုင်း ကရင်နီပြည်နယ်တွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၂,၃၈၇ သေဆုံးခဲ့ပြီး ကရင်နီတပ်ပေါင်းစု မှ တပ်ဖွဲ့ဝင် ၃၃၃ ဦးကျဆုံးခဲ့​တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

(PKPF ထုတ်ပြန်​သောစာရင်းနှင့် ကရင်နီပြည်တိုက်ပွဲတွင်​သေဆုံးခဲ့​သော စစ်သားယူနီ​ဖောင်း၊စစ်ဦးထုပ်။ ဓါတ်ပုံ-KNDF ၊ ဒီး​မော့ဆို PDF)
(PKPF ထုတ်ပြန်​သောစာရင်းနှင့် ကရင်နီပြည်တိုက်ပွဲတွင်​သေဆုံးခဲ့​သော စစ်သားယူနီ​ဖောင်း၊စစ်ဦးထုပ်။ ဓါတ်ပုံ-KNDF ၊ ဒီး​မော့ဆို PDF)

▪️စစ်ကောင်စီတပ်သားတစ်ဦး ကျည်၊ ခဲယမ်းများယူလာပြီး အလင်းဝင်လာဟု CNDF ပြော

စစ်ကောင်စီတပ်သားတစ်ဦး ခဲယမ်းနဲ့ ကျည်များယူလာပြီး အလင်းဝင်လာတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက ပြောပါတယ်။ စစ်ကိုင်း-ချင်းအစပ် ကလေး-ဖလမ်း လမ်းပိုင်းရှိ စစ်ကောင်စီရဲ့ ထင်းရှုးတပ်စခန်းမှ တပ်သားတစ်ဦးဟာ စက်တင်ဘာ ၂၈ ရက်မှာ အလင်းဝင်လာတာလို့ ဆိုပါတယ်။ လက်နက်မပါပေမယ့် ဗုံးနှစ်လုံး၊ ၄၀ မမ ကျည် နှစ်တောင့်၊ အခြားကျည်ဆန် ၃၄၅ တောင့် ပါတယ်လို့ CNDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်နှင့်အတူ ခိုလှုံလာတဲ့ တပ်သား ၈ ဦးခန့်ရှိပြီလို့ သိရပါတယ်။

▪️နွားထိုးကြီးနယ် နဘူးတောရွာတပ်စွဲတဲ့ စစ်ကောင်စီတပ်ကို PDF များ တိုက်ခိုက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် နဘူးတောကျေးရွာ တပ်စွဲတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ထိခိုက်မှုရှိတယ်လို့ မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက နွားထိုးကြီးမြို့နယ်၊ နဘူးတောကျေးရွာမှာ အင်အား ၂၀ ကျော်ဖြင့်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့်ဗုံးသီး ခြောက်လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒရုန်းဖြင့်တိုက်ခိုက်ပြီးနောက် အပြန်အလှန်ထိတွေ့တိုက်ပွဲ နှစ်နာရီခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ထိခိုက်မှုအခြေအနေကို မသိရသေးပါဘူး။ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားအချို့ ထိခိုက်မှု ရှိခဲ့တယ်လို့ အထက်ပါပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

(နဘူးတောရွာရှိ စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်နေသော နွားထိုးကြီး PDF အဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်)
(နဘူးတောရွာရှိ စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်နေသော နွားထိုးကြီး PDF အဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်)

▪️ချောင်းဦးမှာ ရဲဘော်နဲ့ ပြည်သူများကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ်အား တုံ့ပြန်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ရဲဘော်နဲ့ ပြည်သူများကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းအား မိုင်းနှစ်ကြိမ်​ဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ-မုံရွာခရိုင်က သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းက ချောင်းဦးမြို့နယ်မှာ အင်အား ၇၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ဆင်ဖြူရှင်တံတားဘက်သို့ ထွက်လာစဉ် ပေါက်အင်းကျေးရွာအနီး နှစ်ကြိမ်တိုက်ခိုက်ခဲ့တာလို့ လျှပ်စီးတပ်ခွဲ-မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ တပ်ခွဲမှူး မိုးကြိုးက ပြောပါတယ်။ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်း ထိခိုက်မှုရှိတယ်လို့ သူက ဆက်ပြောပါတယ်။

(တိုက်ခိုက်ခံရပြီးနောက် ကျန်ရစ်ခဲ့သော စစ်ကောင်စီတပ်၏ ယူနီဖောင်းနှင့် ကျည်ခွံများအား တွေ့ရစဥ်။ ဓာတ်ပုံ-လျှပ်စီးတပ်ခွဲ)
(တိုက်ခိုက်ခံရပြီးနောက် ကျန်ရစ်ခဲ့သော စစ်ကောင်စီတပ်၏ ယူနီဖောင်းနှင့် ကျည်ခွံများအား တွေ့ရစဥ်။ ဓာတ်ပုံ-လျှပ်စီးတပ်ခွဲ)