Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကူအဝင်တွင်တိုက်ခိုက်ခံရသည့် စစ်ရေယာဉ် စင်းခန်းဆိပ်ကမ်း၌ တပ်ဖျောက်ထား

စက်တင်ဘာ ၂၉ရက်က ကသာမြို့မှ ရွှေကူမြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည် စစ်ကောင်စီရိက္ခာတင်သင်္ဘောနှစ်စီးကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြသည်။

(ချင်းတွင်းမြစ်အတွင်း တွေ့ရသော စစ်ကောင်စီရေယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)
(ချင်းတွင်းမြစ်အတွင်း တွေ့ရသော စစ်ကောင်စီရေယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)

ရွှေကူမြို့အဝင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် PDF ပူးပေါင်းတပ် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီရေယာဉ်သည် စင်းခန်းဆိပ်ကမ်း၌ ရပ်နားပြီး တပ်ဖျောက်ထားကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၉ရက်က ကသာမြို့မှ ရွှေကူမြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည် စစ်ကောင်စီရိက္ခာတင်သင်္ဘောနှစ်စီးကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြသည်။

အဆိုပါ သင်္ဘောနှစ်စီးသည် ယင်းနေ့ညနေတွင် ရွှေကူမြို့နယ် မင်းကျောင်းကုန်းရွာတွင် ကမ်းကပ်ကာ ညအိပ်ခဲ့ပြီး ယနေ့(အောက်တိုဘာ ၁ရက်) နံနက် ၅နာရီတွင် ပြန်ထွက်ကာ စင်ခန်းဆိပ်ကမ်း၌ ရပ်နားခြင်းဟု သိရသည်။

“ဗန်းမော်နဲ့ ရွှေကူကြား စင်းခမ်းမှာ ကပ်တယ်။ အင်အားတော်တော်များများက ဇင်ပုံနဲ့ နောင်မို ဝန်းကျင်မှာ ဖြန့်ထားတယ်။ ကင်းပုန်းဝတ်နေကြတယ်”ဟု မြို့လှK-PDFက ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ သင်္ဘောနှစ်စီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား လိုက်ပါလာပြီး ယမန်နေ့က ကသာမြို့မှ ဆန်တက်လာခြင်းဖြစ်သည်။ ကသာမြို့နယ်ဘက်တွင် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လေးကြိမ်တိုက်ခိုက်ခဲ့သည်။ ရွှေကူမြို့နယ်အတွင်းရောက်စဉ်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

” သူတို့က သင်္ဘောထဲမှာမို့ထိခိုက်မှုအခြေအနေကို မသိရပါဘူး”ဟု မြို့လှK-PDFက ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် ရွှေကူမြို့နယ်၌ အင်အားတိုးချကာ ရွှေကူမြို့နယ် အရှေ့ကမ်းဘက်အခြမ်းသို့ ထိုးစစ်ဆင်လာနိုင်သည်ဟု မြို့လှK-PDFက သတိပေးချက်ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတင်းများနားစွင့်နေထိုင်ကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့များနှင့်ဝေးဝေးရှောင်နေထိုင်ပေးကြရန် မြို့လှK-PDFက အသိပေးထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၁ရက်က ဧရာဝတီမြစ်ကြောင်းအတိုင်း ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်ကောင်စီရိက္ခာတင်သင်္ဘော‌ ခြောက်စီးအား လုံခြုံရေးယူရန် စက်လှေဖြင့် ထွက်ခွာသည့် စစ်ကြောင်းကို မြို့လှK-PDF အဖွဲ့က တိုက်ခိုက်ခဲ့သည်။အဆိုပါ တိုက်ပွဲတွင်စစ်ကောင်စီစစ်ကြောင်းမှူးဒဏ်ရာရသွားပြီ ကိုးဦးသေဆုံးကာ ၁၁ဦးဒဏ်ရာရခဲ့သည်ဟု မြို့လှK-PDF အဖွဲ့က ထုတ်ပြန်ထားသည်။