Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်မြို့ရဲစခန်းအပါအဝင် စစ်ကောင်စီတပ် စခန်းနှစ်ခုကို ဗုံးချတိုက်ခိုက်

ခြေရာတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော် ၁၇ ဦး၊ စစ်ကိုင်းခရိုင် အမှတ်၅တပ်ရင်းမှ ရဲဘော် ၅ ဦး၊ အမှတ်(၆)တပ်ရင်းမှ ရဲဘော် ၂ ဦး၊ မြင်းမူ ပလဖအဖွဲ့မှ ရဲဘော် ၂ ဦး စုစုပေါင်း၂၆ဦး ကျဆုံးခဲ့သည်။

(မြောင်ရဲစခန်းနှင့် ကျောက်ရစ်စခန်းအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-Ko Nway Oo- Myaung)
(မြောင်ရဲစခန်းနှင့် ကျောက်ရစ်စခန်းအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-Ko Nway Oo- Myaung)

စစ်ကိုင်းတိုင်း၊ မြောင်မြို့ရဲစခန်းအပါအဝင် စစ်ကောင်စီတပ် စခန်းနှစ်ခုကို ဗုံးချတိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

အောက်တိုဘာ ၂ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် မြောင်ရဲစခန်းအား Fixed Wing ဒရုန်း သုံးစင်းအသုံးပြု၍ ဗုံး၅လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကိုထိရောက်ပေါက်ကွဲခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)က အသိပေးသည်။

အလားတူ အောက်တိုဘာ ၂ ရက် ည ၇ နာရီခွဲခန့်ကလည်း မြောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာ ကျောက်ရစ်စခန်းအား လေးလက်ဒရုန်း၂စီးနှင့် Shar Htoo waw နည်းပညာ Fixed Wing ဒရာန်းသုံးစီးဖြင့် ည၁၀ နာရီ ၄၅ မိနစ်ခန့်အထိ ဗုံးသီး ၁၆လုံးချတိုက်ခိုက်ခဲ့ကြောင်း မြင်းမူမြို့ပြ တော်လှန်ရေးအဖွဲ့-CRF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျောက်ရစ်စခန်းကကောင်တွေ ရဲစခန်းမှ တစ်ခြားအဆောင်ဘက်ကို ပြေးကြချိန် အဓိကပစ်မှတ်က အဲဒီအဆောင်ဆိုတာကို သူတို့မသိလိုက်ကြတဲ့အတွက် အသေအပျောက်က ၁၅ကောင်အထက်လို့ အနီးကပ်သတင်းရထားပါတယ်။”ဟု CDSOM အဖွဲ့မှ ကိုနွေဦး-မြောင်က ပြောသည်။

ကျောက်ရစ်စခန်း၌ ရဲအနည်းငယ်သာရှိပြီး စစ်သားနှင့်ပျူစောထီး၂၀၀ ကျော်အထိုင်ချထားကာ လက်နက်ကြီး၊ ငယ်မျိုးစုံရှိသည့် စခန်းဖြစ်ကြောင်း CRF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“(၆၀) မမ နှစ်လုံးနဲ့ လက်နက်ငယ်တွေ ပြန်ပစ်တယ်။လက်နက်ငယ်ကတော့ အတွဲလိုက်တွေကောပြန်ပစ်တော့ အချက်ရေကတော်တော်များတယ်။ ညစစ်ဆင်ရေးဆိုတော့ ဒရုန်းမြင်ကွင်းမရခဲ့ဘူး။ ၁၀ ယောက်ထိတယ်လို့တော့ ကြားတယ်။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

ထိုစစ်ဆင်ရေးကို မြင်းမူမြို့ပြ တော်လှန်ရေးအဖွဲ့-CRF၊ CDSOM အနောက်ပိုင်း ၀၀၁ ဒရုန်းအဖွဲ့၊ GTR MMU ဒရုန်းအဖွဲ့၊ မြောင်မြို့နယ် ပလဖ၊ ဆင်ရိုင်းစစ်ကြောင်း-မြောင်၊ MGN RANGER& PDF Taloke၊ Yound Man မြင်းခြံ၊ Wild Bird ကောလင်း ဒရုန်းအဖွဲ့၊ Myaung Union Army၊ Blood Brothers၊ LACR မြင်းခြံ၊ Sintkaing Revolution Force၊ စဥ့်ကိုင်ပကဖ စသည့်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းကမြောင်နှင့်မြင်းမူမြို့နယ်အစပ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့်

ခြေရာတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော် ၁၇ ဦး၊ စစ်ကိုင်းခရိုင် အမှတ်၅တပ်ရင်းမှ ရဲဘော် ၅ ဦး၊ အမှတ်(၆)တပ်ရင်းမှ ရဲဘော် ၂ ဦး၊ မြင်းမူ ပလဖအဖွဲ့မှ ရဲဘော် ၂ ဦး စုစုပေါင်း၂၆ဦး ကျဆုံးခဲ့သည်။